
၂၀၂၆ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက်ခေါင်းစဉ် “သင်းတို့အားလုံး၌ငြိမ်သက်ခြင်းရှိပါစေ”

၂၀၂၆ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက်ခေါင်းစဉ်အဖြစ် “သင်းတို့အားလုံး၌ငြိမ်သက်ခြင်းရှိပါစေ” လက်နက်ဖျက်သိမ်းရေးနှင့်လက်နက် ဖျက်သိမ်းသောငြိမ်းချမ်းရေးဆီသို့ ဦးတည်ချက်ဖြင့် ဗာတီကန် စာပုံနှိပ်တိုက်မှ “ငြိမ်းချမ်းပါစေ” ဟူသောစာအုပ်တစ်အုပ်ကိုဩဂုတ် ၂၆ ရက် ၂၀၂၅ နေက ထုတ်ဝေ ခဲ့ပါ သည်။
ဗာတီကနိုင်ငံ ရဟန်းမင်းကြီးရုံးတော် အပြည့်အဝလူမှုဖွံ့ဖြိုးရေးဌာနမှ ၂၀၂၆ခုနှစ်ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အတွက် ပုပ်ရဟန်းမင်းကြီးလီယို ၁၄ ရွေးချယ်ထားသောခေါင်းစဉ်နှင့်အတူ အသေးစိတ်အချက်အလက် များကို ဩဂုတ် ၂၆ ရက် ၂၀၂၅ အင်္ဂါနေက ထုတ်ဝေခဲ့ပါသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလတစ်ရက်နေ့ တစ်ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအတွက်ရည်ရွယ်ထားသော အမိ မယ်တော်သခင်မ ဘုရား၏မယ်တော်ပွဲနေ့အတွက် ခေါင်းစဉ်အဖြစ် “သင်းတို့အားလုံး၌ငြိမ်သက်ခြင်းရှိ ပါစေ” လက်နက်ဖျက်သိမ်းရေးနှင့်လက်နှက်ဖျက်သိမ်းသောငြိမ်းချမ်းရေးကို ရွေးချယ်ထားပါသည်။
ထိုခေါင်းစဉ်နဲ့ပတ်သက်၍ သတင်းပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ “တရားမျှတခြင်းနှင့် ချစ် ခြင်းမေတ္တာပေါ်မှာ အခြေခံသော တိကျသေချာသည့်ငြိမ်းချမ်းရေးကိုပွေ့ဖက်ကြရန်နှင့် အကြမ်းဖက် ခြင်းနှင့်စစ်၏စနစ်ဆိုးကို လူသားတို့တစ်ရပ်လုံးကငြင်းပယ်ကြဖို့ ဖိတ်ခေါ်ထားကြောင်း။
မေလ ၈ ၂၀၂၅ ညနေ ပုပ်ရမင်းကြီးလီယို ၁၄ ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရသည့် အချိန်မှစ၍ အခွင့် အရေးရသည့်အချိန်တိုင်း ရဟန်းမင်းကြီးလီယို ၁၄ က လက်နက်အသုံးမပြုဖို့လက်နက်ဖျက်သိမ်းကြဖို့ ထိုကဲ့သို့သောငြိမ်းချမ်းခြင်းကိုကမ္ဘာကြီးအတွက် မျှော်လင့်ကြောင်းတောင်းဆိုခဲ့ပါသည်။
သတင်းပြန်ကြားရေးဌာန၏မှတ်တမ်းပြုချက်တွင် “ငြိမ်းချမ်းရေးဆိုတာလက်နက်မဲ့ဖြစ်ရမယ်၊ ငြိမ်းချမ်း ရေးသည် လက်နက်များ၊ ခြိမ်းခြောက်မှုများ နှင့် ကြောက်ရွံ့မှုများပေါ်တွင်အခြေမခံပါ၊ ငြိမ်းချမ်းရေး ဆိုသည်မှာလက်နက်ဖျက်သိမ်းရေး၊ ပဋိပက္ခများကိုဖြေရှင်းနိုင်မှု၊ နှလုံးသားများကိုဖွင့်ကာ အပြန်အလှန် ယုံကြည်မှု၊ စာနာမှုနှင့်မျှော်လင့်ချက်တို့ကိုဖန်တီးပေးနိုင်စွမ်းရှိရမည်။ ဒါတောင်မှပြည့်ဝသော ငြိမ်းချမ်း ရေးမဟုတ်သေးပါဘူး။ မြင်နိုင်သည်အကြမ်းဖက်မှုဖြစ်စေ၊ စနစ်တကျစီမံထားသောအကြမ်းဖက်မှု မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ကျွန်ုပ်တို့ဘဝ နေထိုင်မှုပုံစံထဲက ငြင်းပယ်ဖယ်ထုတ်ထားရမည်။
ဤအချက်သည်ကျွန်ုပ်တို့တွေဘာသာရေးအရဖြစ်စေ၊ လူ့အဖွဲ့အစည်းတွင်မည်သည့် အခန်းကဏ္ဍ မှ ဖြစ်စေ ငြိမ်းချမ်းရေးကိုရှာဖွေကြရန် လူသားအားလုံးအတွက် ကမ္ဘာလုံးဆိုင်ရာတောင်းဆိုချက် ဖြစ် ကြောင်း သတင်းပြန်ကြားရေးဌာနကထောက်ပြထားပါသည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org

