
သူတော်စင်ဘဝခံယူထားသူတွေဟာ မျှော်လင့်ချက်ကိုရှင်သန်စေသူတွေနှင့် ဘာသာတရား၏ သက်သေ ခံများဖြစ်ကြရမည်။

ရဟန်းမင်းကြီးလီယို (၁၄) သည် ဩဂုတ်လ (၂၃) စနေနေ့က ရောမမြို့ရှိ၊ ၄င်းတို့အသင်း ၏မိခင်ကျောင်း တိုက်ကြီး၌အစည်းအဝေးပြုလုပ်နေကြသော သီလရှင်အသင်း (၄) သင်းတို့အားလက် ခံတွေ့ဆုံခဲ့သည်။ ထိုသီလရှင်အသင်းများမှာ (၁) နာဇာရက်သာသနာပြုသီလရှင်အသင်း၊ (၂) နာဇာရက်အ သင်း၏သမီး များအသင်း၊ (၃) သန့်ရှင်းသောအိမ်ထောင်စု၏တမန်တော်များ၊ (၄) ကရုဏာရှင်မာရိယာ၏သီ လရှင် အသင်းတို့ဖြစ်ကြသည်။ ဤကရုဏာရှင်မာရိယာ၏သီလရှင်အသင်းကို ‘ကောင်းသောအကြံပေးတတ် သောသီလရှင်အသင်း’ ဟုလည်းခေါ်သည်။
အသင်း (၄) သင်းမှသီလရှင်များနှင့်တွေ့ဆုံစဉ်ရဟန်းမင်းကြီးက သူတော်စင်အသက်တာသည် သက် သေခံရန်နှင့်မျှော်လင့်ခြင်းကိုဟောပြောရန်ဖိတ်ခေါ်ခံထားရသူသည့် အသက်တာဖြစ်ကြောင်း၊ ၄င်းတို့၏ ဆက်ကပ်ထားသောအသက်တာသည် အမိသာသနာတော်ကြီးအတွက်၊ ၄င်းတို့အသင်းအတွက် အလွန် ကြီးမြတ်သောလက်ဆောင်မွန်ဖြစ်ကြောင်း၊ အသင်းတည်ထောင်သူတို့လက်ဆင့်ကမ်းပေးခဲ့သော သန့် ရှင်းသော၀ိညာဉ်တော်၏ဆုကိုဆက်လက်သယ်ဆောင်လက်ဆင့်ကမ်းပေးနေကြောင်း၊ ထိုဆုသည်အခါ အားလျှော်စွာပြန်လည်ဆန်းသစ်ရကြောင်း၊ ဝေဒနာများ၊ နာကြင်မှုများ၊ စိတ်ထောင်းကိုယ်ကျေနေကြ သောသူများ သင့်တို့ထံရောက်ရှိလာသောအခါ ဘုရားသခင်၄င်းတို့နှင့်ရှိနေခြင်းကို သင်တို့အားဖြင့် ခံစား တွေ့ ထိစေကြောင်း၊ ဤသို့အားဖြင့် ဘုရားသခင်သင်တို့အားပေးထားသော ဆုလက်ဆောင်များကို ကောင်းကျိုး များဖြင့်ပြန်လည်တုန့်ပြန်ခြင်းဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည် အသင်းကို တည်ထောင် ပေးခဲ့သူတို့၏သတ္တိ ကိုလည်းမီးမောင်းထိုးပြပြီး ဘုံကျင့်စဉ်ဖြစ်သော နာဇရက်မြို့မှသန့်ရှင်းသော အိမ် ထောင်စု၏ကျင့်စဉ်၊ မိသား စုတန်ဖိုးကိုအခြားသူများအားလက်ဆင့်ကမ်းပေးရန် ကြိုးစားရှင်သန်ခြင်း ဖြစ်ကြောင်း၊ သန့်ရှင်းသောအိမ် ထောင်စုသည် ဆုတောင်းခြင်း၏မီးဖို၊ ချစ်ခြင်းမေတ္တာနှင့်သန့်ရှင်းခြင်း၏ စံနမူနာထားရာနေရာဖြစ်ကြောင်း မိန့်ကြားအားပေးခဲ့သည်။
ဩဂုတ်လ (၂၂) ရက်နေ့၊ သောကြာနေ့၊ အမိမယ်တော်၏ဘုရင်မပွဲနေ့အား ရဟန်းမင်းကြီးက ငြိမ်းချမ်း ရေးအတွက်၀ါရှောင်ဆုတောင်းရန်ပန်ကြားထားခဲ့သည်။ ထိုပန်ကြားချက်နှင့်အတူရဟန်းမင်း ကြီးက ကျိုး ကြောင်းညီစွာလက်စားချေခြင်းကိုလက်မခံဘဲ မိမိတို့၏စိတ်နှလုံးကိုအမုန်းတရားကင်းစင် အောင်ထား ရှိရမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့အားလုံး၏ဘုံဦးတည်ချက်မှာ မကောင်းမှုကိုကောင်းမှုဖြင့်အောင် နိုင်ရန် ဖြစ်ကြောင်း၊ ရဟန်းမင်းကြီး၏ငြိမ်းချမ်းရေးအတွက်ပန်ကြားချက်ကိုဆရာတော်ကြီးများ၊ ဘာသာ ရေးအ သင်းအဖွဲ့များစွာပါ၀င်ခဲ့ကြကြောင်း၊ ကမ္ဘာတစ်၀ှမ်း၌စစ်မက်ဖြစ်ပွားနေသောနိုင်ငံ (၆၅) ခုထက်မနည်း ရှိနေပြီး၊ မေ့ပျောက်ခံနေရကြောင်း၊ ထိုစစ်ပွဲများကြောင့်ဒေသမငြိမ်သက်မှု၊ ဒုက္ခများကြီး ထွားလာ ခြင်း၊ ထိခိုက်ဆုံးရှုံးမှု၊ ပျက်စီးမှုများသာရှိလာနေကြောင်း၊ စစ်မှန်သောခွင့်လွှတ်ခြင်းသည်နောင်တရသည်အထိ စောင့်ဆိုင်းမနေဘဲ မိမိမှဦးစွာခွင့်လွှတ်ခြင်းကိုပြသကြောင်း၊ ခွင့်လွှတ်ခြင်းဟုဆိုရာ၌ မကောင်းမှုကိုငြင်း ပယ် ရန်မဟုတ်ကြောင်း၊ မကောင်းမှုထပ်မံမဖြစ်ပွားစေရန် ကာကွယ်ဟန့်တားခြင်း ဖြစ်ကြောင်းမိန့် ကြားခဲ့သည်။
ဘာသာပြန်- Fr. Clement Ate
News- Vatican News
Website: rvamyanmar.org

