ရဟန်းမင်းကြီးလီယို (၁၄) Chagossian ဒုက္ခသည်များအားလက္ခံတွေ့ဆုံ။

Chagossians (ချာဂိုလူမျိုးစု) လူမျိုးအား Chagos Islanders (သို့) Ilois ဟုလည်းခေါ်ကြ သည်။ ၄င်းတို့ သည် အာဖရိက၊ အိန္ဒိယ၊ မလေးလူမျိုးအနွယ်ဖွားများဖြစ်ကြပြီး၊ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်း Chagos Archipelago ဒေသ၌နေထိုင်ကြသောဌာနေတိုင်းရင်းသားများဖြစ်ကြသည်။ (၁၉၆၁) နှောင်းပိုင်း နှင့် (၁၉၇၀) အစောပိုင်း၌ အင်္ဂလိပ်အစိုးရသည် အင်္ဂလန်-အမေရိကန်စစ်စခန်းတည်ဆောက်ရန်အတွက် ဌာ နေတိုင်းရင်းသားများအခြေချနေထိုင်သော archipelago ၏အကြီးဆုံးကျွန်းဖြစ်သည့် Diego Garcia အား အတင်းအဓမ္မဖယ်ရှားသည်ကိုခံခဲ့ရသည်။ ထိုအချိန်မှစ၍ Chagossians ဌာနေတိုင်းရင်းသားများသည် ဒေ သမှထွက်ပြေးတိမ်းရှောင်၍ မောရိသျှ၊ ဗြိတိန်နိုင်ငံများ၌ခိုလှုံနေကြရသည်။ ၄င်းတို့သည် ယနေ့ထိ တိုင် ၄င်း တို့၏ ဇာတိမြေသို့ပြန်ခွင့်ရရေး၊ တရားမျှတခြင်း၊ လျှော်ကြေးများရရှိရေးကို တိုက်ပွဲ၀င်တောင်း ဆိုနေကြ သည်။

ရဟန်းမင်းကြီးလီယို (၁၄) သည် Chagos (ချာဂိုစ်) ဒုက္ခသည်အဖွဲ့အားလက္ခံတွေ့ဆုံခဲ့ပြီး မိမိတို့၏အခွင့် အရေးများပြန်လည်ရှိရေးအတွက် ဒုက္ခသည်အဖွဲ့တို့၏လှုပ်ရှားမှုကိုလှိုက်လှဲစွာအားပေးခဲ့ သည်။ ဒုက္ခ သည်များအရေးနှင့်ပတ်သက်လာလျှင် ရဟန်းမင်းကြီးလီယို (၁၄) သည် သူအရိုက်အရာကို ဆက်ခံခဲ့သော ရဟန်းမင်းကြီးဖရန်စစ်၏ခြေရာကိုနင်းသူဖြစ်သည်။

ချာဂိုစ်ဒုက္ခသည်အဖွဲ့သည် ဘုရားသခင်ပြန်လည်သိမ်းပိုက်သွားသောရဟန်းမင်းကြီးဖရန် စစ်နှင့်လွန်ခဲ့ သော (၂) နှစ်ခန့်ကတွေ့ဆုံခဲ့ဖူးသည်။ ရဟန်းမင်းကြီးလီယို (၁၄) က Chagos Archipelago (ချာဂိုစ်အာချီပေလားဂို) အား မောရိသျှနိုင်ငံအတွင်းသို့ပြန်လည်ပေးအပ်ရန် ပထမခြေလှမ်း အဖြစ်သဘော တူလက်မှတ်ရေးထိုးနိုင်ခဲ့သည့်အောင်မြင်မှုအတွက် ဤဒုက္ခသည်အဖွဲ့၏ လှုပ်ရှားနိုင်မှု ကိုဂုဏ်ပြုစကား မြွတ်ကြားခဲ့သည်။ ယခုခြေလှမ်းသည် ပြည်ပြေး၊ ပြည်‌ဝေးဌာနေတိုင်းရင်းသားများ အတွက်ပြည်တော်ပြန် ရေးစိတ်ကူးအိမ်မက်သည်နီးသည်ထက်နီးလာနေခြင်းပင်ဖြစ်သည်။ ဤအခြေ အနေမျိုး သို့ရောက်ရှိလာ အောင်အနစ်နာခံပေးဆပ်လုပ်ဆောင်ခဲ့သူ များကိုလည်းကျေးဇူးတင် ကြောင်း မိန့်ကြားခဲ့သည်။

မိမိတို့၏ဇာတိမြေအတွက်တိုက်ပွဲ၀င်နေကြသူများ။

ရဟန်းမင်းကြီးဖရန်စစ်ဖြစ်စေချင်ခဲ့သော တွေ့ဆုံဆွေးနွေးရန်၊ နိုင်ငံတကာဥပဒေကိုလေးစားလိုက် နာ ရန်နှင့်မတရားမှုကိုတရား၀င်ဖြေရှင်းနိုင်ခဲ့ခြင်းအတွက်လွန်စွာကြည်နူးရကြောင်း၊ ချာဂိုတိုင်းရင်း သားများ ခံစားနေရ‌သော‌ဝေဒနာကိုကုစားပေးခြင်းဖြစ်ကြောင်း၊ အထူးသဖြင့်အမျိုးသမီးများ၏မဆုတ်မနစ် သောဇွဲ လုံ့လဖြင့်မိမိတို့၏အခွင့်အရေးကိုငြိမ်းချမ်းစွာလှုပ်ရှားတောင်းဆိုခဲ့ခြင်း၏အကျိုးတရားဖြစ်ကြောင်း၊ archipelago ဒေသအားဌာနေတိုင်းရင်းသားများထံပေးအပ်မည့်လက်မှတ်ရေးထိုးမူသည် အပြုသဘော ဆောင် သောခြေလှမ်းဖြစ်ကြောင်း၊ နိုင်ငံတကာမျက်နှာစာ၌လွန်စွာအားကောင်းစေသော အပြောင်းအလဲ တစ် ခုဖြစ်ကြောင်း၊ လူတိုင်းအသိမ်ငယ်ဆုံးသူဖြစ်စေ၊ အားနည်းသူဖြစ်စေ အလွန်အင်အားကြီးမားသော ၄င်းတို့ ၏ဂုဏ်သိက္ခာကိုလေးစားရမည်။ လူတိုင်းမိမိတို့၏ဇာတိချက်ကြွေမွေးရပ် မြေ၌ရှင်သန်နေထိုင် ခွင့်ရှိရမည်။ ပြည်တော်နှင့်‌ေ၀းရန်၊ ပြည်ပေးစေရန်နင်ပိုင်ခွင့်မရှိ။

အနာဂါတ်အတွက်ပိုမိုကောင်းမွန်သောမျှော်လင့်ချက်။

ဌာနေတိုင်းရင်းသားများသည် မိမိတို့၏မွေးရပ်မြေမှဆယ်စုနှစ်များစွာ‌ဝေးကွာနေထိုင်ခဲ့ရာ မှမောရိသျှ နိုင်ငံ၏အစိုးရနှင့်နိုင်ငံတကာအဖွဲ့အစည်းများက ဌာနေတိုင်းရင်းသားများအား၄င်းတို့၏မွေးရပ် မြေကိုပြန် လည်ပေးအပ်နိုင်ရန်အဖြစ်နိုင်ဆုံး စေ့စပ်ဆွေးနွေးလုပ်ဆောင်နေကြောင်း၊ ထို့အတူဒေသန္တရသာသနာ အနေဖြင့်လည်းခက်ခဲသည့်အချိန်ကာလကကူညီခဲ့သကဲ့သို့ ယခုလည်းတတ်နိုင်သည့်ပံ့ပိုးကူညီမှုကိုပေး သွားမည်ဖြစ်ကြောင်း၊ မွေးရပ်မြေနှင့်‌ဝေးကွာနေခဲ့သောနှစ်များအတွင်း ဌာနေတိုင်းရင်းသားများအတွက် လွန်စွာဆိုး၀ါးသော‌ဝေဒနာများ၊ နာကြင်မှုများ၊ ချို့တဲ့နွမ်းပါးမှုများ၊ တိုက်ခိုက်မှုများ၊ ဖယ်ကျင်ခံ ရမှု များစွာ တို့ကိုကြုံတွေ့ခံစားခဲ့ရသည်ကိုလည်းသိပါကြောင်းရဟန်းမင်းကြီးကမိန့်ကြားခဲ့သည်။

ချာကိုစ်ဒုက္ခသည်အဖွဲ့အစည်းကို (၁၉၈၃) ခုနှစ်၌စတင်တည်ထောင်ခဲ့သည်။ တည်ထောင်ရ သည့်ရည် ရွယ်ချက်မှာ ဌာနေတိုင်းရင်းသားတို့၏အခွင့်အရေးကိုကာကွယ်ရန်နှင့်ပြည်တော်ပြန်နိုင်ရေးဖြစ် သည်။ အဆိုပါအဖွဲ့သည် မောရိသျှနိုင်ငံ၊ ဗြိတိန်နိုင်ငံတို့တွင်အခြေချ၍တောင်းဆိုလှုပ်ရှားလျှက်ရှိသည်။

ဘာသာပြန်- Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *