
ကျွန်ုပ်တို့ရဲ့ ရေကမ္ဘာ
“အားလုံးပဲ မင်္ဂလာပါ။
ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ‘ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘ကျွန်ုပ်တို့ရဲ့ ရေကမ္ဘာ‘ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
သုတေသနပညာရှင်တွေဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးကို ‘ရေဂြိုဟ်ကြီး’ လို့ ခေါ်ဆိုကြပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ ကမ္ဘာမြေကြီးမှာ ၇၀% လောက်က ရေထုနဲ့ ဖုံးလွမ်းထားလို့ပဲ ဖြစ်ပါတယ်။
ဒီရေထု သမုဒ္ဒရာကြီး မရှိရင် ကျွန်တော်တို့ လူသားတွေအပါအဝင် သက်ရှိများအားလုံး၊ သစ်ပင်တွေကအစ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။
သို့သော် ကျွန်တော်တို့ လူသားတွေဟာ အလွန်တန်ဖိုးရှိပြီး အရေးပါတဲ့ ဒီရေထုကို ဘယ်လို အသုံးပြုပြီး ဘယ်လိုမျိုး ဖျက်စီးနေမိသလဲ ဆိုတာကို ဒီဗီဒီယိုလေးထဲမှာ ရှင်းပြထားပါတယ်။
တင်ဆက် – ဇော်နိုင်ဦး
တည်းဖြတ် – စတီဗင်“

