
ဘဝရဲ့အမှောင်ကျဆုံးအချိန်မှာတောင်မှ ချစ်ဖို့နဲ့ခွင့်လွှတ်ဖို့ဟာဘယ်တော့မှ နောက်မကျပါဘူး။
အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနဲ့ နေ့ခင်းမေတ္တာရွတ်ဆိုခြင်းမှာ သခင်ခရစ်တော်သည် သစ္စာ ဖောက်ခံ ငြင်းပယ်ခံ ဒုက္ခမျိုးစုံခံပြီးကားတိုင်တင်ခံနေရချိန်မှာတောင်မှ ချစ်ပြခဲ့တယ် သူ့ရဲ့နောက်ဆုံး စကား သည် ညည်းညူနာကျင်တဲ့စကားမဟုတ်ခဲ့ဘူး မေတ္တာပြခဲ့တဲ့စကားတွေသာဖြစ်တယ်။
စွန့်ပစ်ခံရတယ်လို့ခံစားရချိန်၊ နားလည်မှုတွေကိုမပေးကြဘူးလို့ခံစားနေရတဲ့အချိန်တွေမှာ ဘုရားရှင် ထံ မှခွင့်လွှတ်နိုင်သောကျေးဇူးတော်ကိုတောင်းခံကြပါ။
ရောမမြို့ရဲ့ ပြင်းထန်တဲ့အပူချိန်ကြောင့် ဘုရားဖူးသူတော်စင်များနဲ့တွေ့ဆုံခြင်းအမှုကို Pope Paul the VI ခန်းမမှာပြုလုပ်ခဲ့ပါသည်။ ခန်းမ မဆံ့သောကြောင့်အပြင်မှာ ရောက်ရှိနေကြသောဘုရားဖူး သူတော်စင် များကိုလည်း ရဟန်းမင်းကြီးမှနှုတ်ဆက်ခဲ့ပါသည်။
ဘုရားရှင်၏ခွင့်လွှတ်နေသောချစ်ခြင်းမေတ္တာ။
ဂျူဘီလီနှစ်၏ခေါင်းစဉ်ဖြစ်သည့် ခရစ်တော်သည်ကျွန်ုပ်တွေမျှော်လင့်ခြင်းကိုအခြေခံပြီး အပတ်စဉ် ဘာသာတရားသွန်သင်ခြင်းအမှုကို သခင်ခရစ်တော်၏ ဒုက္ခခံခြင်း၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်တော် မူခြင်းအကြောင်းတို့ကို သင်ကြားပေးရာမှာ ဘုရားရှင်၏ခွင့်လွှတ်နေသောချစ်ခြင်းမေတ္တာကြောင်း ၊ သခင်ခရစ်တော်သည်သစ္စာဖောက်ခြင်းခံနေရသော်လည်း နောက်ဆုံးအချိန်အထိသူ၏ နောက်လိုက် တပည့်များကိုချစ်ပြတော်မူခဲ့တယ်။
သူ့ရဲ့နောက်ဆုံးညစာစားပွဲမှာ သခင်ခရစ်တော်က သူ့ကိုသစ္စာဖောက်မည်သူကို စားသောက်စရာ ကမ်း ပေးခဲ့သေးတယ်။ ဒါကဝေမျှပေးကမ်းခြင်းသက်သက်မဟုတ်၊ သူ့ကိုသစ္စာဖောက်မည့်သူကို သိနေပါ လျက် သူ့ရဲ့မေတ္တာကိုအဆုံးထိပြခဲ့တယ်။၊ သူ့ရဲ့မေတ္တာပြခြင်းကိုမစွန့်လွှတ်ခဲ့ဘူး။
အဆုံးတိုင်မေတ္တာပြခြင်းသည်၊ သခင်ခရစ်တော်ရဲ့နှလုံးသားကိုနားလည်ခြင်းရဲ့သော့ချက်ပဲ။ ကျေးဇူး ကန်းခံနေရရင်တောင်မှ၊ စိတ်ပျက်အားငယ်နေရင်တောင်မှ၊ အားလုံးရဲ့စွန့်ပစ်မှုကိုခံနေရရင်တောင်မှ ရပ် တန့်မသွားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာပါပဲ။
သခင်ခရစ်တော်သူခံရမယ့်အရာကိုသိတယ် ဒီအရာကိုသူ အလိုအလျောက်ပေးဆပ်တာမဟုတ်၊ ဒီဒုက္ခကို လိုလိုလားလားကိုရွေးချယ်လိုက်ခြင်းဖြစ်တယ်။ သစ္စာမဲ့ခံရခြင်း၊ ပြင်းထန်စွာညှဉ်းပန်း နှိပ်စက်ခံရခြင်း သည် ဒီအရာတွေကိုရင်ဆိုင်ပြီးတော့မှ ပေးရတဲ့မေတ္တာတရား ဒီအရာကိုသူသိတယ်။ သူရွေးချယ်ခဲ့ တယ်။
ဒီဒုက္ခတွေရင်ဆိုင်ရမှာကို သူနောက်မဆုတ်ခဲ့ဘူး၊ ခုခံကာကွယ်ခြင်းမျိုးသူမလုပ်ခဲ့ဘူး၊ ဒီဒုက္ခတွေကို ပွေ့ပိုက်ပြီးဆက်ချင်နေခဲ့တယ်။ သူ့ကိုသစ္စာဖောက်မည့်သူရဲ့ ခြေကိုဆေးပေးခဲ့တယ်၊ မုန့်ကိုကျွေးခဲ့ တယ်။ ဒီလူဟာသူ့ကိုသစ္စာဖောက်မယ်လို့ဆိုတာ သိတယ်၊ ဒါပေမဲ့သူမေတ္တာအဆုံးထိပြခဲ့တယ်။
မေတ္တာတရားကိုအနက်ရှိုင်းဆုံးထိသူပြခဲ့တယ်၊ သူ့ရဲ့မေတ္တာသည်ရှေ့သို့သာရှိတယ်။၊ နောက်ပြန်လှည့် တာမျိုးမရှိဘူး။ ရှေ့မှာဒုက္ခမျိုးစုံကြုံတွေ့ရမယ်ဆိုတာ သိသိကြီးနဲ့ချစ်ပြခဲ့တယ်။
မကောင်းမှုထဲမှာဆုံးရှုံးတော့မယ်ဆိုတာကို သိနေခဲ့တာတောင် လူတစ်ယောက်ရဲ့လွတ်လပ်စွာ ရွေးချယ် ခွင့်ကို ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ခဲ့ဘဲ သူ့ရဲ့နူးညံ့မှုကိုပြသခဲ့တယ်၊ စစ်မှန်တဲ့ခွင့်လွှတ်ခြင်း ကိုပြ သခဲ့တယ်၊ သူနောင်တရလာမယ့်အချိန်ထိစောင့်မနေဘူး။ သူ့ဘက်ကခွင့်လွှတ်ပေးခဲ့တယ်၊ အဲဒီခွင့်လွှတ် ခြင်းသည်အလကားပေးတဲ့ကျေးဇူးတော်ဖြစ်တယ်။ သင်လက်မခံခင် သင့်ရှေ့မှာရောက်နေပြီးသားပါ။
သို့သော်လည်း သစ္စာဖေါက်သူ Judas က သခင်ခရစ်တော်ရဲ့မေတ္တာကိုနားမလည်ခဲ့ဘူး ဒါကြောင့်လည်း ကျမ်းစာထဲမှာ နတ်ဆိုးသည်သူ့အတွင်းသို့ဝင်လေ၏ဆိုတာကိုဖော်ပြတာကိုထားတာပါ။
အဆုံးအစွန်ထိမေတ္တာပြပြီးတဲ့အချိန်မှာ၊ အပြည့်အဝ ကယ်တင်ဖို့ကြိုးစားပေးခဲ့ ပြီးချိန်မှာ မေတ္တာကို လက်မခံခဲ့လို့ နတ်ဆိုးကဝင်ရောက်လာခဲ့တယ်။ ညီအစ်ကိုမောင်နှမအပေါင်းတို့သည် ဘုရားရှင်လက် ကမ်းပေးတဲ့အရာသည် မေတ္တာပြခြင်းဖြစ်တယ်၊ ဒီအရာကကျွန်ုပ်တို့ကိုသတိပေးနေတယ် ဘုရားရှင် လက်ကမ်းပေးတဲ့အရာကိုလှမ်းယူနိုင်ဖို့ သူဖက်က ကျွန်ုပ်တို့အတွက် အရာရာအားလုံးလုပ်ပေးပြီးပြီ။ ကျွန်ုပ်တို့သူ့ကိုငြင်းပယ်ရင်တောင်မှ သူကလက်ကမ်းပေးနေတုန်းပါပဲ။
ဘုရားရှင်ရဲ့ခွင့်လွှတ်ခြင်းကျေးဇူးတော်သည် ကျွန်ုပ်တို့ရဲ့စစ်မှန်တဲ့မျှော်လင့်ခြင်းကိုဖော်ပြပေးတယ်။ တစ်ချိန်ထဲမှာပဲ သူ့ကိုချစ်ခင်ဖို့တောင်မှ ကျွန်ုပ်တို့ကိုလွတ်လပ်ခွင့်အဆုံးထိပေးထားတယ်။ သခင် ခရစ် တော်ရဲ့စစ်မှန်တဲ့မေတ္တာတရားသည် မကောင်းမှုမှာအဆုံးမသတ်စေဘဲ ၊ ပြင်းထန်တဲ့ဒုက္ခဝေဒနာကို လက်ခံပြီးအဆုံးတိုင်ချစ်ပြခဲ့တယ်။
ဆက်ချစ်နေဖို့အမြဲတမ်းလမ်းတစ်ခုတော့ရှိနေတယ်။ ဒီနက်နဲရာအချက်ကို ကျွန်ုပ်တို့အတွက် သခင်ခရစ် တော်ပြည့်စုံစေခဲ့တယ်။ ကျွန်ုပ်တို့ကိုလည်းဒီအချက်ထဲမှာပါဝင်ဖို့ဖိတ်ခေါ်တယ်။
ချစ်ခင်နှစ်သက်ပါတယ်ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေးတွေဘယ်လောက်တောင်ပျက်စီးနေပြီလဲ။၊ မပြော ဖြစ်ခဲ့တဲ့စကားတွေဆိုင်းငံထားခံရတာဘယ်လောက်တောင်ရှိနေပြီလဲ။၊ ပိုမိုရှုပ်ထွေးသွားတဲ့ ဘဝအဖြစ် အပျက်တွေဘယ်လောက်တောင်များနေပြီလဲ။ ဒါပေမဲ့ဒီကနေ့ သမ္မာကျမ်းစာကပြောနေတယ် အရာရာ တိုင်းဟာအပေးအယူမမျှတဘူးလို့ ထင်နေရရင်တောင်မှ ဆက်ချစ်နေဖို့နည်းလမ်းအမြဲရှိပါတယ်။
ခွင့်လွှတ်ခြင်းဆိုတာ မကောင်းမှုကိုငြင်းပယ်လိုက်တာမဟုတ်ပါဘူး နောက်ထပ်မကောင်းမှုတွေ ထပ်တိုး ပွားမလာဖို့ကာကွယ်လိုက်ခြင်းသာဖြစ်တယ်။ ဘာမှမဖြစ်ခဲ့ပါဘူးလို့ပြောဖို့မဟုတ်ဘူး နာကြည်းမှုတွေ က အနာဂတ်မှာ မကောင်းတဲ့အရာတွေမဆုံးဖြတ်အောင် သေချာစွာ တတ်နိုင်သမျှ လုပ်ဆောင် ပေးခြင်းပါပဲ။။
နှောင့်ယှက်ခြင်းကိုဘုရားသခင်နှင့်တန်ပြန်ခုခံခြင်း။
ညီကိုမောင်နှမတို့ ကျွန်ုပ်တို့တစ်တွေလည်းနာကြင်ရတဲ့အချိန်တွေ၊ အမှောင်ဖုံးတဲ့ည တွေကိုတွေ့ကြုံ ဖြတ်သန်းခဲ့ကြရဘူးတယ်၊ ဝိညာဉ် အမှောင်ကြခဲ့တဲ့ညတွေ၊ စိတ်ဓာတ်ကျခြင်းရဲ့အမှောင်ညတွေ၊ တစ်စုံ တစ်ယောက်ကသစ္စာဖေါက်ခြင်းနာကျင်စေခြင်းရဲ့အမှောင်ညတွေလည်း ဒီလိုညတွေကို တွေ့ကြုံဖြတ် သန်းခဲ့ရတယ်။ ဒီလိုအခြေနေမျိုးမှာ နှောက်ယှက်ခြင်းသည် တို့ကိုပိတ်ပင်တယ်။၊ တားဆီးတယ်၊ ပိုမိုနိမ့် ကျတဲ့ဆီကိုသယ်ဆောင်တယ် သို့သော်လည်း ဘုရားရှင်ကငါတို့ရဲ အမြဲတမ်းထွက်ပေါက်တစ်ခု ရှိသေး တယ်ဆိုတဲ့စိတ်နဲ့ တို့ရဲ့ မျှော်လင့်ခြင်းကို သေချာစေတယ်။
ကိုယ့်ကိုကျောပေးလှည့်ရှောင်သွားရင်တောင်မှဆက်ချစ်နေပါ။၊ တိတ်ဆိတ်သောယုံကြည်မှုနဲ့ တုံ့ပြန် နေပါ။ ဒီရာဟာ မေတ္တာတရားကိုမစွန့်ပစ်ဘဲ ဂုဏ်သိက္ခာနဲ့အညီရှေ့ဆက်နေခြင်းဖြစ်တယ်။
နားလည်မှုလွဲခံရချိန်၊ စွန့်ပစ်ခံရချိန်တွေမှာ ခွင့်လွှတ်နိုင်ဖို့ဘုရားရှင်ထံမှာ ကျေးဇူးတော်ကိုတောင်းခံ ကြပါ။ အဘယ်ကြောင့်ဆိုသော ထိုအချိန်နာရီသည်မေတ္တာတရား၏ အမြင့်ဆုံးသောအချိန်နာရီဖြစ်တဲ့ အတွက်ကြောင့်ပါပဲ။ ကိုယ့်ကိုလိမ်ညာလှည့်ဖြားတဲ့သူ ဖြစ်နေရင်တောင် ချစ်ခြင်းမေတ္တာတရား သည် လူတစ်ယောက်ကိုလွတ်လပ်စေခြင်းပါပဲ။
ကိုယ့်ရဲ့သူအပေါ်ထားတဲ့ယုံကြည်မှု၊ သူပေးတဲ့ဒဏ်ရာဒဏ်ချက်၊ ဆုံးရှုံးမှုတွေ ရနေရင်တောင်မှ သူ့ကို လွတ်လပ်စွာထားပေးခြင်းမှာပဲ။ ဒီလွတ်လပ်မှုပေးခြင်းသည် သူ့ကို လိမ်ညာလှည့်ဖြားနေသော အမှောင် ထုထဲက စွဲထုတ်ပေးခြင်း၊ ကောင်းမြတ်ခြင်းရဲ့အလင်းဆီသို့ခေါ်ဆောင်ပေးခြင်းပါပ။
ခရစ်တော်ဟာ သူ့ကိုသစ္စာဖောက်သူအပေါ်မှာတောင် ကယ်တင်ခြင်းရဖို့အခွင့်အရေးပေးတယ်။
ခွင့်လွှတ်ခြင်းကျေးဇူးတော်သည် နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှတစ်ဆင့် စစ်ထုပ်အောင်မြင် ခြင်းကို ပေးတယ်။ ဒီကျေးဇူးတော်ဟာအချီးနှီးသက်သက်မဟုတ်ဘူးဆိုတာကျွန်ုပ်တို့နားလည်ရမယ်။
ခွင့်လွှတ်ခြင်းသည် တစ်ဖက်လူကလက်မခံရင် တောင်မှ နာကြည်းမှုတွေကိုပြေပျောက်စေတယ်။၊ ငြိမ်း ချမ်းမှုတွေကိုပြန်လည်ရရှိစေတယ်။ သူလက်မခံရင်ကိုယ့်ဆီကိုပြန်လာမယ် ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ပြောကြားခဲ့ပါသည်။။
ဘာသာပြန်- Fr. Peter Kyi Maung News- Vatican News Website: rvamyanmar.org #rvamyanmar #VaticanNews #PopeLeoXIV #ArchdioceseofMandalay

