ရသေ့အသင်းဂိုဏ်းတည်ထောင်သူ သူတော်စင် ဘားနတ် တိုလိုမီ ပွဲနေ့ကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ပြင်ဦးလွင်၊ အင်းယားကျေးရွာ၌ တည်ရှိ သော ခရစ်ယာန် တရားထိုင်ခြင်း လမ်းစဉ်ကို ကျင့်ကြံသည့် Benedictine ရသေ့အသင်းဂိုဏ်းကို စတင်တည်ထောင်သူ သူတော်စင် ဘားနတ် တိုလိုမီ၏ ပွဲနေ့မစ္ဆားတရားတော် မြတ်ကို (၁၉.၈.၂၀၂၅) နံနက် ၁၀:၃၀ တွင် ဆရာ တော်ကြီး မာကုဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ဤကျောင်းသည် မြန်မာနိုင်ငံ၌ ပထမဆုံးသောခရစ်ယာန် တရားထိုင်ခြင်း သာသနာပြု ရသေ့ကျောင်းဖြစ်ပါသည်။

မန္တလေးသာသနာမှာ ရသေ့အသင်းဂိုဏ်းရောက်ရှိလာပုံကို ဆရာတော်ကြီး မာကုဦးတင်ဝင်း ပြောကြား ရာမှာ

“ဒီအင်းယားကျေးရွာမှာ ရသေ့ဘုန်းတော်ကြီးကျောင်းဘယ်လိုဖြစ်ပေါ်လာရသလဲဆိုတော့ ၂၀၁၃ ခုနှစ် လောက်ကတည်းက ဆရာတော်က ခရစ်ယာန်တရားထိုင်ခြင်းကို ဘာသာဝင်တွေကို စပြီးမျိုးစေ့ ချပေး နေတဲ့အချိန်ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ မန္တလေးမြို့၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့ တွေမှာရှိတဲ့ ဘာသာဝင်တွေကို ခရစ်ယာန်တရား ထိုင်ခြင်း သင်ကြားပေးဖို့ နိုင်ငံခြားမှ Benedictine ရသေ့ဂိုဏ်း ဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံ သို့ ရောက်လာခဲ့ကြခြင်းမှစသင်ခြင်းဖြစ်ပါတယ်။

ထိုနောက် Fr. Jonah နှင့် သူ၏တပည့်ရသေ့တစ်ပါးစရောက်လာပြီး ရန်ကုန်မှာ မြန်မာစာကို ခုနှစ်လ လောက်သင်ယူပါတယ်။ ထိုနောက် Fr. Jona မှဦးဆောင်ပြီး မန္တလေးသာသနာမှ ဆရာတော် နှင့် ဘုန်း တော်ကြီးများ၏ အကူအညီဖြင့် မြေကွက်တစ်ကွက်စဝယ်ပြီး အိမ်တစ်အိမ်ဆောက်ပြီး စတင်ခဲ့ ခြင်း ဖြစ်ပါတယ်။

အစတည်ထောင်တာဖြစ်တဲ့အတွက် အခက်အခဲတွေအများကြီးရှိခဲ့ပေမဲ့ ယနေ့ဆိုရင်ဖြင့် ဒေသခံ ရသေ့ နှစ်ပါး ရသေ့သီလရှင် နှစ်ပါးနှင့် ဝင်လိုသူများ၊ ရသေ့အသင်းဂိုဏ်းဝင် ကျောင်းသား တွေလည်း များစွာ ရှိပြီဖြစ်ပါတယ်။

ဒီနေ့ဟာ Benedictine ရသေ့များ အသင်းဂိုဏ်းဝင်များ အားလုံး၏ပွဲနေ့ဖြစ်ပါတယ်။ Fr. Jonah ကိုယ် တိုင်က စိတ်အားထက်သန်စွာ ဒီ Benedictine ရသေ့ အသင်းဂိုဏ်းတစ်ဂိုဏ်းကို အာရှတိုက်မှာ နိုင်ငံ အသစ်တစ်ခုမှာ ဒီလိုစွန့်စားမှုတွေနဲ့ တည်ထောင်ပေးနိုင်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ဒါကြောင့်ဒီမှာ သီတင်းသုံးနေကြတဲ့ဘုန်းတော်ကြီးများ ဆုတောင်းခြင်းနှင့် အလုပ်လုပ်ခြင်း နှစ်ခုကို အရင်းတည်ပြီး သာသနာပြုနေကြတဲ့ ဘုန်းတော်ကြီးများ၊ ရသေ့များ၊ သီလရှင်များ အားလုံးတွက် ဆုတောင်းပေးရအောင် ကျွန်ုပ်တို့ မြန်မာပြည် ကက်သလစ် သာသနာရဲ့ သမိုင်းမျိုစေ့ မှတ်တိုင်တစ်ခု ဒီနေ့ စတင်နိုင်ပြီဖြစ်တဲ့အတွက် ဘုရားကိုကျေးဇူးတင်ရင်းနဲ့ ဆက်လက်လျှောက်လှမ်း သွားကြပါစို့။” ဟုပြောကြားခဲ့ပါသည်။

ရသေ့ကျောင်းတည်ထောင်သူ Fr. Jonah မှလည်းဤကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ကို ပြောကြားရာမှာ

“ဒီနေ့ ဒီနေရာမှာ စုဝေးရောက်ရှိနေကြတဲ့ ဆရာတော်ကြီးမာကု အပါအဝင် ဘုန်းတော်ကြီးများ၊ သီလရှင် များနဲ့ တခြားမိတ်ဆွေများအားလုံးကို နွေးထွေးစွာ ကျေးဇူးတင်ပါတယ်။ ကြိုဆိုရတာ အရမ်းပျော်ပါ တယ်။

ကျွန်ုပ် အိပ်မက်မက်နေတဲ့ အသိုက်အဝန်းရဲ့ ရူပါရုံကို ခင်ဗျားတို့နဲ့ မျှဝေဝံ့မယ်ဆိုရင်…

ကိုယ့်သာသနာတော်ကို ထိန်းသိမ်းဖို့ ဒါမှမဟုတ် ကြီးပွားဖို့အတွက် တည်ရှိတာမဟုတ်ဘဲ၊ ဒီမြေက ဒုက္ခ ရောက်နေတဲ့ လူတွေအတွက် အသက်ပေးဖို့၊ သူတို့နဲ့အတူ အသက်ပေးဖို့ အဆင်သင့်ရှိတဲ့ အသိုက် အဝန်းတစ်ခုပါ။

လူတွေအတွက်နဲ့ လူတွေနဲ့အတူ သေဆုံးဖို့ အဆင်သင့်ရှိတဲ့ အသိုက်အဝန်းဖြစ်ကြောင်း၊ ကျွန်တော့် စကား တွေက အရမ်းပြင်းထန်တယ် ဒါမှမဟုတ် အရမ်းအစွန်းရောက်တယ်လို့ ထင်ခဲ့ရင် ခွင့်လွှတ် ပေး ပါ။ ဒါက ကျွန်တော့်နှလုံးသားရဲ့ လိုအင်ဆန္ဒသက်သက်ပါပဲ။ ပြီးတော့ ကျွန်တော် ဒါကို ကောင်း ကောင်း သိပါတယ်။ ကျွန်တော် ဒီလိုပြောရင် ခင်ဗျားတို့က ကျွန်တော့်ကို ပြောကောင်းပြောနိုင်ပါတယ်-“ညီလေး၊ ဒါဆို မင်း ကိုယ်တိုင်ကစပြီး လုပ်ပါဦး။”

မှန်ပါတယ်။ ခင်ဗျားတို့ ပြောတာ မှန်ပါတယ်။ ဒါကြောင့် ရိုးသားစွာ ခင်ဗျားတို့ရဲ့ ဆုတောင်းခြင်းကို တောင်းဆိုပါတယ်။ ကျွန်တော် ဒီလို အသက်ရှင်နိုင်ဖို့၊ကျွန်တော်က ဂျုံစပါးစေ့လေးတစ်စေ့လို — လွတ် လပ်စွာ ကျပြိုပြီး၊ သေဆုံးကာ၊ ပျောက်ကွယ်သွားပြီး၊ အသီးအနှံတွေ သီးပွင့်လာနိုင်ဖို့ပါ။” ဟု Fr. Jonah မှပြောကြားခဲ့ပါသည်။

Photo&News- paul

Website: rvamyanmar.org

#rvamyanmar#LocalNews#Benedictine#Archdioceseofmandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *