ရဟန်းမင်းကြီးလေအို (၁၄) ဂွာဒန်းဂိုလိုရွာရှိ မယ်တော်ဂူသို့ဘုရားဖူးရောက်ရှိခဲ့။

ဩဂုတ်လ (၁၉) ရက်နေ့က ရဟန်းမင်းကြီးလေအို (၁၄) သည် အစီအစဉ်မရှိ၊ အသိမပေး ထားဘဲ ရောမ မြို့တောင်ပိုင်းမှ ပါလက်စထြီးနာဂိုဏ်းအုပ်သာသနာ၊ ဂွာဒန်းဂိုလို (Guadangolo) ရွာရှိ ‘ကျေးဇူးအ ပေါင်း၏မယ်တော်’ ဂူသို့ကြွရောက်ဖူးခဲ့သည်။

ရဟန်းမင်းကြီးသည် အချိန်ယူဆုတောင်းခြင်းကိုပြုပြီးနောက် အဆိုပါမယ်တော်ဂူအားစောင့် ရှောက် လျှက်ရှိသော ‘ရှင်ပြန်ထမြောက်သောသူတော်စင်အသင်း’ ဟုအမည်ရသော ပိုလန်သူတော်စင်အ သင်း၀င်များနှင့်တွေ့ဆုံခဲ့သည်။

ကျေးဇူးအပေါင်း၏မယ်တော်ဂူ

မယ်တော်ဂူသည် ရောမမြို့နှင့် (၆၅) ကီလိုမီတာ၊ မိုင်အားဖြင့် (၄၀) မိုင်ခန့်‌ဝေးပြီး၊ ရောမ မြို့၏အရှေ့ တောင်ဖက်၌တည်ရှိသည်။ ရဟန်းမင်းကြီးအပါးပေါင်းများစွာနှင့်ဆက်နွယ်မှုရှိသောဒေသတစ်ခု လည်း ဖြစ်သည်။

 ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) သည် ရဟန်းမင်းကြီးအဖြစ်ရွေးချယ်မခံရမီ (၉) ရက်အလို ၌ ဤမယ် တော်ဂူသို့ဘုရားဖူးကြွရောက်ခဲ့သည်။ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည်လည်း (၂၀၀၅) ခုနှစ်၌ကြွ ရောက်ဖူးမျှော်ခဲ့ဖူးသည်။

 ထို့အတူ သာသနာတော်ကြီးအား (၁၇၂၁-၁၇၂၄) အထိဦးဆောင်ခဲ့သောရဟန်းမင်းကြီး အင်းနိုးဆင်း (၁၃) သည်လည်း သူပျံလွန်သွားပါက ဤမယ်တော်ဂူ၌မြှုပ်နှံသဂြိုလ်ရန်ကြိုတင်တောင်းဆို ခဲ့သည်။

 သမိုင်းမှတ်တမ်းအရ (၂) ရာစုကသက်ရှိထင်ရှားခဲ့သော စိန့်ယူစတာကီအုစ် (St. Eustachius) ကက် သလစ်ဘာသာ၀င်အဖြစ်ပြောင်းလဲခံယူခဲ့သောနေရာဖြစ်သည်ဟုဆိုပါသည်။

 နှစ်ပေါင်း (၂၀၀) လွန်ပြီးနောက် ဥရောပတစ်ခွင်အား ခရစ်ယာန်နိုင်ငံအဖြစ်သွပ်သွင်းခဲ့သော ကွန်စတန် တိုင်းဘုရင်မှ စိန့်ယူစတာကီအုစ်သီတင်းသုံးခဲ့သောနေရာ၌ ဘာစီးလီကာဘုရားကျောင်းကြီးတစ် ဆောင် ကိုဆောက်လုပ်ခဲ့သည်။ ထိုဘာစီးလီကာကို ရဟန်းမင်းကြီးစီလ်ဗက်စတယ် (၁) မှ (၃၃၅) တွင် ကောင်းချီးပေးအပ်နှံခဲ့သည်။

 (၂) ရာစုအလွန် နှစ် (၅၀၀) ခန့်၌ ထိုနေရာကိုဘေနေဒစ်တင်းရသေ့များအားစောင့်ရှောက် စေခဲ့သည်။ (၁၃) ရာစုအလယ်လောက်၌ သစ်သားဖြင့်ထုလုပ်ထားသောမယ်တော်မာရိယာ၏ဆင်းတုတော် တစ်ဆူ ထုလုပ်ပူဇော်ထားခဲ့သည်။ ထိုဆင်းတုတော်သည် ယနေ့ထိယခင်လက်ရာမပျက်ဘဲဤဘုရား ကျောင်း၌ ဆက်လက်ရှိနေပါသည်။ (၁၄) ရာစုအရောက်၌ ဘေနေဒစ်တင်းရသေ့များသည် ထိုနေရာမှအ ခြားနေ ရာသို့ပြောင်းရွေ့သီတင်းသွားသုံးကြသောကြောင့် (၁၈၅၇) ၌ ရဟန်းမင်းကြီးပီအုစ် (၉) မှ ‘ရှင်ပြန် ထမြောက်သောသူတော်စင်’ အသင်းအား ထိုဒေသနှင့်မယ်တော်ဂူ အားစောင့်ရှောက်ရန် တာ၀န်ပေး အပ်ခဲ့သည်။  

ဘာသာပြန်-Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *