
ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၀)ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ဩဝါဒ ၂၀၊ ၈၊ ၂၀၂၅
Daily Reflection 20.8.2025 Matthew 20:1-16
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ဧဝံဂေလိကျမ်းထဲမှာမနက်ခင်းကနေ ညနေထိအလုပ်လုပ်ရသူတွေနှင့် ညနေ့ခင်း၁နာရီလောက်သာ အလုပ်လုပ်ရသူတွေကို အလုပ်ရှင်က လုပ်အားခကို တန်းတူညီမျှပေးတဲ့အကြောင်း၊ တစ်နေကုန်အလုပ်လုပ်ရသူတွေက အလုပ်ရှင်၏ရက်ရောသောစေတနာပေါ် မကျေမနပ်ဖြစ်ခဲ့ကြတဲ့အကြောင်းကိုကျွန်တော်တို့ကြားခဲ့ကြရတယ်။ ဒီပုံဥပမာလးက ဘုရားရှင်ရဲ့နှလုံးသားကိုဖော်ပြနေတယ်။ ကောင်းကင်နိုင်ငံဆုကျေးဇူးဟာ လောကလူတွေတွက်ချက်တဲ့အရာနဲ့ တွက်ချက်လို့မရဘူး။ ဘုရားရှင်ရဲ့ရက်ရောမှုမှာ သာ မူတည်တယ်။ ငါဒီလောက်ကောင်းအောင်နေထိုင်ခဲ့တာ၊ ငါဒီလောက်ပေးကမ်းရက်ရောတာ။၊ ငါဒီလောက်ကောင်းအောင်လုပ်ခဲ့တာ၊ ငါ့အချိန်၊ ငါ့အင်အား၊ ငါ့အနစ်နာခံမှုတွေ၊ ငါ့ပေးဆပ်မှုတွေ ငါ့ရဲ့လုပ်ရပ်တွေကြောင့် ငါဟာကောင်းကင်နိုင်ငံရသင့်တယ်လို့ တွေးခေါ်မျှော်မြင်လို့မရပါဘူး။ ကောင်းကင်နိုင်ငံတော်ဟာ ကျနော်တို့လုပ်အားနဲ့ဝယ်ယူလို့ရတဲ့အရာမဟုတ်ဘူး။၊ ဘုရားရှင်ပေးမှသာရတဲ့အရာဖြစ်တယ်။ ဘုရားရှင်ဟာ၊ ပျောက်သောသိုးပုံဥပမာလို ကောင်းမွန်သော ၊ ဖြောင့်မတ်မှန်ကန်သော၊ သူကိုအပြည့်ဝယုံကြည်သော လူအရောက်၉၉ယောက်ကိုချစ်သလိုလမ်းလွဲရောက်နေသော အပြစ်သားတစ်ယောက်ကိုလည်း ချစ်တယ်၊ အခွင့်အရေးပေးတယ်၊ ကောင်းကင်နိုင်ငံ ရရှိဖို့ နောင်တာတရားနဲ့ဘုရားသခင်အပေါ်မှာယုံကြည်ခြင်းသာ အရေးကြီးတယ်။ နောင်တရဖို့၊ ပြုပြင်ပြောင်းလဲဖို့၊ နောက်ကျတယ်ဆိုတာမရှိဘူးဆိုတဲ့အချက်ကို ဘုရားရှင်ကျွန်တော်တို့အရောက်တိုင်းစီကိုသတိပေးနေခြင်းဖြစ်တယ်။ လူတွေက ရယူပိုင်ဆိုင်ခြင်းပေါ်မှာအခြေခံပြီး တရားမျှတခြင်းဆိုတဲ့အရာကိုပဲ တွေးတောရှာဖွေကြတယ်။ မြင်ကြတယ်၊ ဆုံးဖြတ်ကြတယ်။ဘုရားရှင်ကတော့ ပေးဆပ်ခြင်းပေါ်မှာအခြေခံပြီး မေတ္တာတရား၊ ရက်ရောမှုစေတနာ၊ သူ့ရဲ့ ပြည့်ဝတဲ့ခွင့်လွှတ်နားလည်ပေးခြင်းတွေကိုအခြေခံပြီး၊ လူတွေနဲ့ထိုက်တန်တာကို ပေးတယ်။ ဘုရားရှင်ရဲ့ရက်ရောမှုအပေါ်မှာ၊ ကျနော်တို့တတွေ ဘာမှ မကျေနပ်နေစရာမလိုပါဘူး။ ဘုရားကျေးဇူးတော်၊ ဘယ်လိုပုဂ္ဂိုလ်မျိုးပဲရရ၊ ကောင်းတဲ့လူပဲဖြစ်ဖြစ်၊ မကောင်းတဲ့လူပဲဖြစ်ဖြစ်၊ အနစ်နာခံတဲ့လူပဲဖြစ်ဖြစ်၊ အနစ်နာမခံတဲ့လူပဲဖြစ်ဖြစ်။ ဘယ်သူပဲရရ ကျေနပ်၊ ပျော်ရွှင်နေဖို့ပဲလိုတယ်။ ဓမ္မမိတ်ဆွအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

