
ကောင်းသောအမှုအရာပြုခြင်း၌ ဇွဲလုံးလရှိကြဖို့ ရဟန်းမင်းကြီးလီယို ၁၄ ဖိတ်ခေါ်။
ဒီတစ်ပတ်မှာတော့ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် Castel Gandalfo မှာရောက်ရှိနေပြီး
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာရွတ်ဆိုခြင်း မတိုင်မှီ လူထုနဲ့ စကား ပြောခြင်းတွင် လိမ်ညာပြောဆိုမှုတွေနှင့်သာ ပြည့်နက်နေသောဒီကမ္ဘာကြီးမှာ အမှန်တရား ပြောဆိုလုပ် ကိုင်ခြင်းဟာတန်ဖိုးကြီးတယ်။ အမြက်ဒေါသကိုမတုံ့ပြန်ကြဖို့၊ ဓမ္မအာဇာနည်များကဲ့သို့ မတူညီသော၊ ဘယ်လိုအခက်အခဲမျိုးအခြေအနေမြို့မှာပဲဖြစ်ဖြစ် အမှန်တရား၌ တည်ရှိသောချစ်ခြင်းမေတ္တာကို သစ္စာ ရှိကြဖို့ သခင်ခရစ်တော်တိုက်တွန်းထားတာကိုသတိရကြရမယ်။
ဘုရားဖူး၂၅၀၀ကျော် လာရောက်စုရုံးနေသော Castle Gandalfo မနက်ခင်း မစ္ဆာတရား ပူဇော်ပြီး လူထုနဲ့ တွေ့ဆုံခြင်းတွင် သခင်ခရစ်တော်၏ မစ်ရှင်သည် ပန်းခင်းလမ်းမဟုတ်။၊ လောကကိုဆန့် ကျင်ဘက်ပြု သောလက္ခဏာကိုဖော်ဆောင်နေသောကြောင့် သခင်ခရစ်တော်၏ နောက်လိုက်အဖြစ် ရွေးချယ်သော သူတို့သည် ညှင်းပန်းနှိပ်စက်ခံရခြင်းနဲ့ရင်ဆိုင်ကြရမည့်။
ဒါကြောင့်လည်း သခင်ခရစ်တော် မိမိ အသက်ခန္ဓာနဲ့ရင်းပြီး ဖော်ပြသော ဘုရားရှင်၏သတင်း စကားဖြစ် သည့် တရားမျှတခြင်းနှင့် မေတ္တာတရားဟာ၊ ဆန့်ကျင်ခြင်း၊ နောက်ဆုံးမှာသတင်းစကား သယ်ဆောင် လာသူကို ဖမ်းဆီးခြင်းစော်ကားခြင်းရိုက်နှက်ချင်းနဲ့ ကားစဉ်တင်ခြင်းတို့သာရှိခဲ့တယ်။
ဒီသခင်ခရစ်တော်သယ်ဆောင်ပေးခဲ့တဲ့ မေတ္တာတရား၊ တရားမျှတမှုတွေနဲ့၊ အေးမြတဲ့လူ့အဖွဲ့ အစည်း ကိုတည်ဆောက်ပြီး နေထိုင်ကြဖို့ကြိုးစားခဲ့ကြတဲ့ ယုံကြည်သူရှေးဦးခရစ်ယာန်တွေဟာလည်း၊ သခင် ခရစ်တော်ကဲ့သို့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းကိုကြုံတွေ့ခဲ့ကြရတယ်။
ယနေ့ခေတ်လောကအတွေးအမြင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပါ အရှုံးမပေးပါနဲ့။ ငါတို့ကိုညှဉ်းပန်းနှိပ်စက် ဒုက္ခရောက်အောင်လုပ်နေရင်တောင်မှ ကောင်းတဲ့အရာတွေလုပ်နေခြင်းကိုဇွဲမလျှော့လိုက်ပါနဲ့။ ဒါအ တွက်သခင်ခရစ်တော်ငါတို့ကိုဖိတ်ခေါ်ခဲ့တဲ့အချက်ပဲ။
အမြက်ဒေါသကိုမတုံ့ပြန်ကြဖို့၊ ဘယ်လိုအခက်အခဲမျိုးအခြေအနေမြို့မှာပဲဖြစ်ဖြစ် အမှန်တရား၌ တည် ရှိသောချစ်ခြင်းမေတ္တာကိုသစ္စာရှိနေကြရမယ်။ ဒီအမှန်တရား၌သစ္စာရှိခြင်းဟာ ဓမ္မအာဇာနည်တွေ ယုံ ကြည်ခြင်းအတွက်သွေးမြေကျသက်သေခံခဲ့တဲ့အရာဖြစ်တယ်။ တို့တွေဟာလည်း ဘယ်လိုအခြေ အနေ မျိုးမှာပဲဖြစ်ဖြစ် သူတို့ထံမှပုံစံနမူနာကောင်းယူနိုင်ရမယ်။
ဥပမာအနေနဲ့ သားသမီးတွေကိုကောင်းမွန် သောစီစနစ်တွေနဲ့ ကောင်းမွန်သော ပညာရေးကို ရရှိစေချင် တယ်ဆိုရင် မိဘတွေ အနေနဲ့ ကိုက်ညီတဲ့ပေးဆပ်မှုတစ်ခုကိုပေးဆပ်ရမှာပါပ။ ဒီအရာကိုကလေးတွေက ဒုက္ခအခက်ခဲလို့မြင်ပြီး လက်မခံချင်ရင် မိဘကကလေးတွေကိုသွန်သင်ဆုံးမပေးရမှာပဲ။။
ဆရာတစ်ဦးက သူ့ရဲ့တပည့်တွေ ဧဝံဂေလိတရားတော်၏သွန်သင်ချက်နဲ့အညီ မိမိလုပ်ဆောင် ရမည့်တာ ဝန်ဝတ်တရားများကို ဆင်ဆက်မပြတ် လုပ်ဆောင်လိုသောဆန္ဒရှိသူ၊ သို့မဟုတ် တတ်သိပညာရှင်တစ် ယောက်၊ သာသနာ့ဝန်ထမ်းတစ်ဦး၊ နိုင်ငံရေးသမား၊ တဦးအဖြစ် မိမိ၏မစ်ရှင်ကို ဖော်ဆောင် လိုသော ဆန္ဒရှိသူတို့ ကို နည်းလမ်းမှန်ကန်စွာတိုးတက်စေလိုတယ် ဆိုသောအရာနဲ့အတူတူပါပဲ။
ကြွရောက်လာသောဘုရားဖူးသူတော်စင်များအား သခင်ခရစ်တော်ကိုရဲရင့်စွာ သက်သေခံကြဖို့နှင့်၊ ဘု ရားရှင်အပေါ်သစ္စာရှိကြဖို့၊ အပိတ်အနေ နှင့် ရဟန်းမင်းကြီးလီယို ၁၄ ကမှာကြားခဲ့ကြောင်း ဗာတီကန် သတင်းဌာနကဖော်ပြထားပါသည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org

