အမျိုးသားတွေရဲ့ ချစ်မေတ္တာကို အမျိုးသမီးတွေ ဘယ်လိုမြင်နိုင် မလဲ။

ဒီနေ့မှာ အမျိုးသားတွေက သူတို့ရင်ထဲမှာ အမှန်တကယ်ချစ်တဲ့ အမျိုးသမီးကို အခုလို အပြုအမူလေးတွေ ပြုမူတတ်တယ်ဆိုတဲ့ အကြောင်း relationship ကို စတင်ထူထောင်နေတဲ့သူ (ဝါ) relationship တစ်ခုအတွက် မိမိအမှန်အကန် အမျိုးသားကို စောင့်နေတဲ့သူတွေအတွက် ပြောပြ ပေးသွားချင်ပါတယ်။

            ဒါဆိုရင် အဓိကကတော့ အမျိုးသားတွေရဲ့ ချစ်မေတ္တာကို အမျိုးသမီးတွေ ဘယ်လိုမြင်နိုင် မလဲ။

 အမျိုးသားတစ်ယောက်အနေနဲ့ သူ့နှလုံးသားကနေ တဆင့် ထွက်ပေါ်လာတဲ့ အပြုအမူတွေ ကနေ မကြာခဏ ထုတ်ဖော်ပြတတ်တာကို သူအစစ်အမှန်ချစ်တဲ့ အမျိုးသမီးကို သီးသန့်ပြုမူလေ့ ရှိပါတယ်။

  အမျိုးသားတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံးသောအချစ်က အချိန်တိုအတွင်း စက္ကန့်ပိုင်းအတွင်း မှာ သိမ်မွေ့ပြီး အားကောင်းတဲ့နည်းတွေနဲ့ ကြီးကျယ်ခမ်းနားမှုမရှိဘဲ လျှပ်တစ်ပြတ်ဖော်ပြတတ်ကြ ပါတယ်။   

 မိမိအမှန်အကန်ချစ်တဲ့ အမျိုးသမီးရဲ့ အသေးငယ်ဆုံး အသေးစိတ်တွေကအစ အမြဲမှတ်မိ သတိပြုတတ်ကြပါတယ်။

 တကယ်လို့ မိမိက relationship တစ်ခုတည်ဆောက်ချင်လို့ အချစ်သင်ခန်းစာတွေ သင်ယူဖို့ လိုနေတယ်ဆိုရင် နှစ်ဦးသားနီးစပ်မှုတွေ၊ အတွေ့အကြံုတွေ sharing လုပ်ရင်း အဓိပ္ပာယ်ရှိတဲ့ အကြောင်းအရာတွေနဲ့ တည်ဆောက်သွားရမှာပါ။

 အမျိုးသမီးတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် ဒီအမျိုးသားက care လုပ်ပါတယ်လို့ နှုတ်ကနေ မပြောဘူး။ အဓိပ္ပာယ်ရှိတဲ့ အပြုအမူတွေနဲ့ ထုတ်ဖော်ရင်း ဦးစားပေးရင်းနဲ့ relationship ကို တည်ဆောက်တတ်ကြပါတယ်။

 အမှန်တကယ်ချစ်တဲ့သူကို နှလုံးသားထဲမှာ တိတ်ဆိတ်စွာ သိမ်းဆည်းကတိပြုထားပြီး သူချစ်တဲ့အမျိုးသမီးနဲ့ အနေဝေးကွာလည်း အမြဲ connect ချိတ်ဆက်မှုရှိပြီး ခိုင်မြဲတဲ့ ဆက်နွယ်မှုကို တည်ဆောက်ကြပါတယ်။

 မိမိချစ်သူရဲ့ ပြောစကားကို စူးစူးစိုက်စိုက်နားထောင်တတ်တယ်။ ပြောစကားကို ဦးစားပေး တယ်။ ချစ်သူရဲ့ အသေးစိတ်အပြုအမူတွေကို သတိထားလေ့ရှိတယ်။ ချစ်သူရဲ့ advice အကြံဉာဏ် ကို တန်ဖိုးထားတယ်။

 တခါတလေ relationship  မှာ မလွှဲမရှောင်သာ စကားများ ဖြစ်တတ်တယ်။ အပြန်အလှန် ဆန့်ကျင်တာ မလုပ်ဘူး။ ဒေါသထွက်ပေမယ့် စိတ်ရှည်စွာနဲ့ အမှားအမှန်ကို ထောက်ပြပြီး၊ ချစ်သူကို မနာကြင်အောင် ပြုမူတတ်တယ်။ သဝန်မတိုဘူး။ ဘေးကောင်းတဲ့ မဖြစ်နိုင်တဲ့ သဘောထားကွဲလွဲမှု တွေကို မဖန်တီးဘူး။ သူ့ရဲ့ relationship မှာ ဘေးကင်းလုံခြုံအောင်နဲ့ သူတို့နှစ်ဦး ချစ်နိုင်ဖို့အတွက် သူတတ်နိုင်သမျှ ပျိုးထောင် ထောက်ပံ့ပေးနိုင်ဖို့နဲ့ ကာကွယ်ဖို့အတွက် အမြဲအသင့်ဖြစ်နေတတ် တယ်။

 မိမိချစ်သူကိုလည်း အတွင်းစိတ်အနေအထားနဲ့ အမြင်ဆန်းလက္ခဏာတို့ကိုလည်း လှတယ် လို့ မြင်နေတတ်တဲ့သူဖြစ်တယ်။ ဒါတွေက စစ်မှန်တဲ့ အသိအမှတ်ပြုတဲ့ ချစ်ခြင်းမေတ္တာရဲ့သဘောကို ဆောင်ပါတယ်။ အပေါ်ယံအချစ်မဟုတ်ဘူးဆိုတာကို ပြတာပါပဲ။ အမြစ်တွယ်နေတဲ့ သစ်ပင်တစ်ပင် လို မိမိချစ်သူကို ချစ်တာဆိုတာ သိသာပေါ်လွင်စေပါတယ်။

 မိမိချစ်သူနဲ့ လိုက်လျောညီထွေအောင် ညှိယူတယ်။ အပေးအယူလုပ်တယ်။ ချစ်သူရဲ့ ပျော်ရွှင်မှုကို ဦးစားပေးတယ်။ အဲဒါက အမျိုးသားတစ်ယောက်ရဲ့ အကြီးမားဆုံးသော သံယောဇဉ်ကို ရှင်းလင်းစွာနဲ့ ပြတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

ချစ်သူက အကြောင်းတစ်ခုခုကြောင့် စိတ်ဒဏ်ရာရတာပဲဖြစ်ဖြစ်၊ နာကျင်ခံစား ရုန်းကန်နေရ ရင် မိမိကလည်း ထို့အတူ ခံစားရတယ်။ ဒီတော့က ချစ်သူကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးလေ့ရှိပါ တယ်။

 ချစ်သူပေးတဲ့ အကြံဉာဏ် advice ကို တန်ဘိုးထားတယ်။ အမျိုးသားတစ်ယောက်က မိမိ ချစ်သူကို အမှန်တကယ် ချစ်တယ်ဆိုရင် ချစ်သူရဲ့ လမ်းညွှန်မှုတွေ အရေးကြီးတဲ့အကြောင်းအရာကို တက်တက်ကြွကြွ ရှုထောင့်ကနေ မြင်ပေးမယ်။ ချစ်သူရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ပေးတယ်။ လက်တွဲဖော်အဖြစ် မြင်ယုံတင်မကပဲ မိမိအမှန်တကယ် ရိုသေချီးမွမ်းလောက်တဲ့သူအဖြစ် သတ်မှတ် ထားလေ့ရှိပါတယ်။

 အမျိုးသားတစ်ယောက်က မိမိချစ်တဲ့သူနဲ့ ခန္ဓာကိုယ်နီးစပ်မှုထက် စိတ်အားဖြင့် အနီးကပ်ရှိ နေတာကို သာယာပျော်ရွှင်နေတတ်တယ်။ နှစ်ဦးချည်နှောင်မှု create a bond ကိုလည်း ပိုပြီး ဖြစ် သွားစေပါတယ်။

မိမိချစ်တဲ့ အမျိုးသမီးအတွက် ဘယ်လောက်ပဲ ခက်ခဲနေပါစေ။ ချစ်သူလိုအပ်သမျှကို ချစ်သူ ပျော်ရွှင်အောင် ကူညီထောက်ပံ့ပေးမယ်။

သူ့ရဲ့ relationship မှာ ဘေးကင်းလုံခြုံအောင် သူနဲ့အတူ ချစ်နိုင်ဖို့ သူတတ်နိုင်သမျှ ပြုစုပျိုး ထောင် ထောက်ပံ့ပေးနိုင်ဖို့နဲ့ ကာကွယ်ပေးနိုင်ဖို့ အမြဲအသင့်ရှိနေတတ်တယ်။ သူ့နေစဉ် အပြုအမူ တွေကနေ ဘယ်လို သက်သေပြနိုင်မလဲဆိုတာကို ကြိုးစားတတ်တဲ့သူ ဖြစ်ပါတယ်။

 ဒါကြောင့် relationship ကို ထူထောင်မယ့်သူပဲဖြစ်ဖြစ်၊ relationship ရှိနေတဲ့သူပဲဖြစ်ဖြစ်၊ အခုတင်ပြထားတာလေးတွေကို မိမိရဲ့ relationship နဲ့ ရောင်ပြန်ဟပ်ကြည့်လိုက်ရင်ဖြင့် မိမိဘဝ အတွက် ဘယ်လိုအဓိပ္ပာယ်တွေ ဖော်ဆောင်လို့ ရသွားနိုင်ပါတယ်ဆိုတာကို အမျိုးကောင်းသမီးတွေ အတွက် အကြံလေး ပေးပါရစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *