ရဟန္တာ မက်ဆီမီလီယံကိုဘေး

ဒီကနေ့မှာတော့ ရဟန္တာမက်ဆီမီလီယံကိုဘေးရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ် ။ကိုယ့်ရဲ့အသက်ကိုသူတစ်ပါးအတွက်ပေးဆပ်နိုင်တဲ့သူ လူသားချင်းစာနာမှုမှာအမြင့်ဆုံးလို့ပြောချင်ပါတယ်။ကိုယ်ပေးကိုယ်လှူမေတ္တာဖြင့်ပြည့်တဲ့သူဖြစ်ပါတယ်။မိမိရဲ့အသက်ကိုတောင်တခြားသူတွက်စွန့်လွတ်နိုင်တဲ့သူဟာ ချစ်ခြင်းမေတ္တာရဲ့သူရဲကောင်းပဲဖြစ်ပါတယ်။ ဒါ့အပြင်ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာအလင်းရောင်ကို ကိုယ်ကိုယ်တိုင်က သက်သေထူပြခဲ့တဲ့သူဖြစ်ပါတယ်။အဲ့ဒီလူကတော့မက်ဆီမီလီယံကိုဘေးပဲဖြစ်ပါတယ်။မက်ဆီမီလီယံကိုဘေးကို ၁၈၉၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ ပိုလန်နိုင်ငံမှာမွေးဖွားခဲ့ပါတယ်။မိဘတွေဟာချစ်ခြင်းမေတ္တာနဲ့ပြည့်ဝပြီး ဘုရားသခင်အပေါ်မှာယုံကြည်အားထားတဲ့သူတွေဖြစ်ပါတယ်။ကိုဘေးငယ်စဉ်ကတည်းက ဘုရားသခင်နဲ့ပတ်သက်တဲ့အရာတွေကိုစိတ်ဝင်စားပြီး မေတ္တာတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။၁၉၁၀ခုနှစ်မှာ ဖရန်စစ်ကင်းရဟန်းတပါးဖြစ်လာခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာနာဇီတွေရဲ့ဖမ်းဆီးခြင်းခံခဲ့ပါတယ်။၁၉၄၁ ခုနှစ်မှာအခြာအကျဉ်းသားတစ်ဦးထွက်ပြေးလွတ်မြောက်သွားတာကြောင့် အပြစ်ဒဏ်အဖြစ်အကျဉ်းသား၁၀ဦးကို သတ်ဖြတ်ဖို့ရန်ရွေးချယ်ခဲ့ပါတယ်။အဲ့ဒီအခါ အသတ်ခံရမယ့်အကျဉ်းသားထဲမှာ မိသားစုဝင်တစ်ဦးကိုယ်စား သူကိုယ်တိုင်အသတ်ခံခဲ့ပါတယ်။၁၉၄၁ခုနှစ် ဩဂုတ်လ၁၄ ရက်နေ့မှာ ကိုဘေးဟာ ပျံလွန်တော်မူခဲ့ပါတယ်။ဒုတိယမြောက်ပုလ်ရဟန်းမင်းကြီးဂျွန်ပေါလ်က သူ့ကို ၁၉၈၁ ခုနှစ်မှာ ရဟန္တာအဖြစ်တင်မြှောက်ခဲ့ပါတယ်။ကိုဘေးဟာမေတ္တာတရားရဲ့သက်သေဖြစ်ခဲ့ပါတယ်။ကိုယ်ရဲ့ဘဝကို တခြားသူအတွက်ပေးဆပ်ခဲ့တာကြောင့် ကမ္ဘာတဝန်းလုံးက ချစ်ခင်ကြပါတယ်။ရဟန္တာမက်ဆီမီလီယံကိုဘေးဟာ ကျွန်မတို့လူ့ဘောင်အဖွဲ့အစည်းအတွက် မေတ္တာအပြည့်နဲ့ဘုရားရဲ့ချစ်ခြင်းဘုန်းဂုဏ်တော်ကို ထင်ရှားစေခဲ့သူဖြစ်ပါတယ်။ဒါ့အပြင်ဘုရားသခင်အပေါ်မှာယုံကြည်ခြင်းအားကြီးလှပါတယ်။သူ့ရဲ့တည်ရှိခြင်းဟာအခြားသူအတွက်အကျိုးများစွာဖြစ်ထွန်းခဲ့ပါတယ်။ဒါကြောင့်ကျွန်မတို့တစ်ဦးဆီရဲ့ဘဝကိုလဲ ပြန်ပြီးဆန်းစစ်သင့်ပါတယ်။ကျွန်မတို့တစ်ဦးဆီရဲ့တည်ရှိမှုဟာမိမိအတွက်ကောအခြားသူအတွက်ပါ ကောင်းကျိုးဖြစ်ထွန်းရဲ့လားဆိုတာလေးကို သတိချပ်စေချင်ပါတယ် ။အားလုံးပဲလုံခြုံအေးချမ်းပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *