သင်တို့ရဲ့ဘဝအသက်တာထဲမှ တန်ဖိုးကြီးသောမေတ္တာတရားနှင့်ဂရုဏာတရားကိုရင်းနှီးမြှုပ်နှံကြပါ။

သင်တို့၏ငွေကြေးဥစ္စာများသာမက သင်တို့၏အချိန်၊ အတူရှိနေပေးခြင်းနှင့် စာနာစိတ်များကို လိုအပ် သူများအတွက်ရင်းနှီးမြှုပ်နိုင်ဝေမျှကြဖို့ ရဟန်းမင်းကြီးလီယို ၁၄ က ယုံကြည်သူများ ကိုဖိတ်ကြားခဲ့ ပါသည်။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့်နေ့ခင်းမေတ္တာရွတ်ဆိုခြင်း တွင် ပုပ်ရဟန်းမင်းကြီး လီ ယို ၁၄ က စိန့်ပီတာ ရင်ပြင်တွင်စုရုံးနေကြသောလူအုပ်ကြီးအား သင်တို့ဘဝ၏။ တန်ဖိုးကြီး သောအ ရာများကို သင်တို့မည်ကဲ့သို့ရင်းနှီးမြှုပ်နှံနေသနည်း ရှင်လုကာဧဝံ‌‌ဂေလိ ကျမ်းစာကိုအခြေခံပြီး မေးခွန်း ထုတ်ခဲ့ပါသည်။။

သခင်ခရစ်တော်၏စကားဖြစ်သည့် “သင်တို့၌ရှိသမျှရာများကိုရောင်း၍ပေးကမ်းကြလော” ဟူသော အချက်ကိုအခြေခံ၍ ယုံကြည်သူနောက်လိုက်ခရစ်ယာန်များအား ဘုရားသခင်ထံမှရရှိ သောကျေးဇူး တော်များ၌တွယ်ကပ်မနေပဲ။ တစ်ပါးသူများအတွက်ရက်‌ရောစွာ အသုံးပြုကြဖို့အထူးသဖြင့် လိုအပ်နေ သူများအတွက်အသုံးပြုကြဖို့တိုက်တွန်းထားပါသည်။

ကျွန်ုပ်ဆိုလိုတာက သင်တို့၏ငွေကြေးပစ္စည်းဥစ္စာများကိုသာမဟုတ် သင်တို့၏စာနာသနားစိတ်၊ ဒုက္ခ ရောက်သူများနဲ့အတူရှိနေပေးခြင်း။၊ မေတ္တာတရားပြခြင်း၊ အချိန်ပေးခြင်း နှင့် သင်တို့တတ်သိသမျှ အရာများကိုတစ်ပါးသူအတွက်အသုံးချခြင်းများကိုဆိုလိုခြင်းဖြစ်သည်။

ဘုရားရှင်၏စီမံကိန်းထဲမှာ ကျွန်ုပ်တို့တစ်ဦးတစ်ယောက်တိုင်းစီသည် ကြီးမားသည့် တန်ဖိုးမဖြတ် နိုင်သည့်ကျေးဇူးတော်များဖြင့်ပြင်ဆင်ထားသူများဖြစ်ကြပါသည်။ ထိုဘုရားပေးထားသော ကျေးဇူး တော်ဖြစ်သည့် အသက်ရှင်ခြင်း၊ နှင့် နေစဉ် ကြီ့းမားသည့်ကျေးဇူးတော်များကို စိုက်ပျိုးရင်းနှီး မြှုပ်နှံ ရမည်။ ထိုသို့ရင်းနှီးမြှုပ်နှံမှုမရှိလျှင် ခြောက်သွေ့ပျက်စီးပြီး သူ၏တန်ဖိုးပင်လျှင်ဆုံးရှုံးလိမ့်မည်။။

ဘုရားရှင်ပေးသနားထားသောကျေးဇူးတော်များကိုအသုံးပြုခြင်းမရှိလျှင်၊ ပျက်စီးဆုံးရှုံးခြင်း၊ တစ်လွဲ အသုံးပြုခံရခြင်းနှင့်၊ ဖြုန်းတီးခြင်းတို့၌ပျက်စီးသွားနိုင်သည်။

 ဘုရားရှင်ကျေးဇူးတော်များသည်ကျွန်ုပ်တို့တန်ဖိုးထားရမည်။လိုအပ်သောနေရာတစ်ခုကိုဖန်တီးရမည်။ လွတ်လပ်မှုကိုရှိစေရမည်။ ဘုရားနဲ့ရင်းနှီးမှုကိုတိုးတက်ချောမွေ့စေရမည်ထိုအရာများထက် ဘုရားကို ချစ်သောစိတ်များတိုးတက်စေရမည်၊ ဤအချက်များသည်ကျွန်ုပ်တို့ကိုဘုရားရှင် နှင့် ပိုမို အသွင် သဏ္ဍာန်တူလာနိုင်စေသည်။

သခင်ခရစ်တော် ဂျေရုစလင်မြို့ကိုသွားသည်လမ်းတွင် သူ၏ဘဝတစ်ခုလုံးကို လက်ဝါး ကားတိုင်ပေါ်၌ အပြည့်အဝပေးဆပ်မည် ဟူသော ပြောကြားချက်အပေါ်အခြေခံပြီး ပုပ်ရဟန်းမင်းကြီး လီယိုက ကရု ဏာတရားလုပ်ငန်းသည် အလုံခြုံဆုံးနှင့် အကျိုးအမြတ်အရှိဆုံး ကျွန်ုပ်တို့ဘဝအတွက် ဘဏ္ဍာ စုဆောင်းရာနေရာဖြစ်ကြောင်း။ အသေးငယ်ဆုံးသောဂရုဏာပြခြင်း လေးပင်လျှင် ကြီးမားသော သက် ရောက်မှုတန်ဖိုးကိုဖြစ်စေကြောင်း၊ သမ္မာကျမ်းစာထဲက ဒင်နာရီ၂ပြား ထည့်ဝင်လှူဒါန်းသောမုဆိုးမ၏ အကြောင်းကိုအခြေခံပြီး၊ သေးငယ်သောအလှူသည်သူမအားကြီးမားဆုံးသောချမ်းသာမှုကိုထင်ဟပ် စေကြောင်း။

လူတို့သည် ကြေးစ မှ ငွေစ ၊ ငွေစမှရွှေစ ရလာသောအခါဝမ်းမြောက်တတ်ကြသည်။ ချစ်ခြင်းမေတ္တာ ဖြင့်ပေးကမ်းလိုက်သောအရာသည် ထိုအရာများထက်သာ၍ကြီးမြတ်စေပြီး ထာဝရအသက်ကိုပင် ရနိုင်သည်။ ထိုအချက်သည် ပေးကမ်းသူ၏ဘဝကိုပြောင်းလဲစေသည်ဟု  ရဟန္တာကြီးကို စိန့်ဩဂတ် စတင်း မြွက်ကြားခဲ့သည့်  စကားကိုအသုံးပြုပြီးတော့ ရဟန်းမင်းကြီးလီယိုကဆုံးမခဲ့ပါသည်။

ကျွန်ုပ်တို့ရဲ့နေ့စဉ်အသက်တာမှာအမှန်တရားများကို မြင်နိုင်အောင်ကြည့်ကြပါ။တစ်ဦးနဲ့ တစ်ဦးချစ်ခြင်း မေတ္တာပြခြင်း၊ မိဘနှစ်သားသမီးများမေတ္တာပြခြင်းသည် မိမိပတ်ဝန်းကျင်အတွက်ပုံစံနမူနာကောင်း များပြားခြင်းဖြစ်သည်။

ထို့အတွက်ကြောင့်ကျွန်ုပ်တို့သည် အိမ်မှာရှိသည်ဖြစ်စေ၊ ဘုရားကျောင်းမှာရှိသည်ဖြစ်စေ၊ စာသင် ကြောင်းမှာရှိသည်ဖြစ်စဉ်၊ အလုပ်မှာရှိသည်ဖြစ်စေ၊ တဦးကိုတစ်ဦးချစ်ခြင်းမေတ္တာပြခြင်း အခွင့်အရေး ကိုမဆုံးရှုံးကြပါစေနဲ့။

ဤအချက်သည် သခင်ခရစ်တော်ကကျွန်ုပ်တို့ကိုအမြဲမပြတ်ချစ်နေသကဲ့သို့ ကျွန်ုပ်တို့သည်လည်း တစ် ပါးသူကိုစဉ်ဆက်မပြတ်ချစ်ခင်ကြရမည် ရဟန်းမင်းကြီးလီယို ၁၄ ကတနင်္ဂနွေနေ့လူလူထု တွေ့ဆုံခြင်း မှာ မွက်ကြာခဲ့ပါသည်။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

#rvamyanmar #VaticanNews #PopeLeoXIV #ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *