
ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၉)ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၁၂၊ ၈၊ ၂၀၂၅
Daily Reflection Matt 18:1-5,10,12-14 Year C 2025
ဓမ္မမိတ်ဆွေတို့ ဒီကန့ကြာနာခဲ့ရတဲ့ ရှင်မာတဦး ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော်၏နောက်လိုက်တွေကလည်း “မည်သူသည်ကောင်းကင်နိုင်ငံ၌အကြီးဆုံးသောသူဖြစ်မည်နည်း။’ ဆိုသောမေးခွန်းကိုမေးခဲ့ကြတယ်။ သခင်ခရစ်တော်က ကလေးငယ်တယောက်ကိုခေါ်ပြီးသူတို့ကိုဆုံးမခဲ့တယ်။ သင်တို့သည်ဤကလေးသူငယ်ကဲ့သို့မပြောင်းလဲလျှင်ကောင်းကင်နိုင်ငံတော်သို့မဝင်ရ၊ မည်သူမဆိုကလေးသူငယ်တဦးကဲ့သို့နှိမ့်ချသောစိတ်ရှိလျှင်ကောင်းကင်နိုင်ငံတော်၌ ကြီးစုံသောသူဖြစ်လိမ့်မည်။ သိုးအကောင်တစ်ရာရှိသောသူသည် သိုးတစ်ကောင်ပျောက်လျှင် ကြံသော၉၉ ကောင်ကိုထားခဲ့၍ပျောက်သောသိုးကိုရှာလိမ့်မည်။ သင်တို့၏အဖခမည်းတော်ဘုရားသည်လည်း ဤအငယ်ဆုံးသောသူတစ်ယောက်ကို ပျောက်ဆုံးလိုစေသောဆန္ဒမရှိပေ။ ဒီကျမ်းချက်လေးကိုကျွန်တော်နဲ့အတူထောက်ရှုကြည့်ရအောင်။ သခင်ခရစ်တော်ရဲ့နောက်လိုက်တပည့်တော်ကြီးတွေကတော့ ကောင်းကင်နိုင်ငံမှာမည်သူသည်အကြီးဆုံးဖြစ်မည်နည်းလို့မေးခဲ့တယ်။ ကျွန်တော်တို့အတွက်ကတော့ အရင်ဦးဆုံးကောင်းကင်ရောက်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲမေးရမယ်။ သခင်ခရစ်တော်ဖြေပေးခဲ့တာက ကလေးငယ်တစ်ယောက်ကဲ့သို့မပြောင်းလဲလျှင်၊ ကလေးငယ်တစ်ယောက်ကဲ့သို့မနှိမ်ချလျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်တဲ့၊ အဖြေကရိုးရိုးရှင်းရှင်းလေးပဲ မရိုးသားလျှင်၊ မဖြူစင်လျှင်၊ မနှိမ်ချတတ်လျှင်၊ ကောင်းကင်နိုင်ငံမဝင်ရဘူး။
ဒီအချက်တွေအားလုံးကကလေးငယ်တွေဆီမှာရှိတယ်။ လူကြီးတွေဆီမှာတော့အပြည့်အဝ မရှိပါဘူး။ ကလေးငယ်တွေကတော့သူတို့ရဲ့မိခင်ဖခင်တွေကို အပြည့်အဝယုံကြည်တယ်။၊ အပြည့်အဝအားကိုးတယ်၊ သူ့မိခင်ဖခင်ဆီမှာ သူလိုချင်တာရမယ်ဆိုတာသိတယ်။၊ သူ့မိခင်ဖခင်ဆီမှာ ကာကွယ်မှုအပြည့်အဝရှိတယ်။ သူမိခင်ဖခင်က သူကိုဒုက္ခရောက်အောင်ဘယ်တော့မှမလုပ်ဘူး။ ဒုက္ခဘေးအန္တရာယ်တွေကကာကွယ်ပေးတယ်။ သူ့မိခင်ဖခင်သာလျှင် သူ၏အားကိုးအားထားရာ၊ သူ့ဘဝလုံခြုံရာ၊ သူဘဝနားခိုရာ၊ သူဘဝတိုးတက်ရာ၊ သူဘဝကြီးထွားရှင်သန်ရာ၊ သူ့ဘဝအတွက်ပြီးမြောက်ပြည့်စုံသောနေရာဖြစ်တယ်လို့ယုံကြည်တယ်။ သူ့မိခင်ဖခင်ဆီမှာသာသူ့ရဲ့အချစ်တွေကိုပုံအပ်ထားတယ်။ ကမ္ဘာလောကကြီးအကြောင်း သိပ်မသိသေးတဲ့ကလေးငယ်တွေဟာ သူ့မိခင်ဖခင်ပြောသမျှကိုအပြည့်အဝယုံကြည်တယ်။ ဖြူစင်ရိုးသားတယ်။ အရှည်ကိုအရှိအတိုင်းလက်ခံတယ်။ အရှိကို အရှိတိုင်းတုံ့ပြန်တတ်တယ်၊ တစ်ပါးသူကိုဒုက္ခအန္တရာယ်ပေးခြင်းဆိုတာသူတို့မှာစိတ်ကူးတောင်မရှိဘူး။ အဲဒီလိုရိုးသားဖြူစင်တဲ့စိတ်မျိုးသင့်မှာရှိသလား။ နှိမ့်ချသောစိတ်ရှိရမယ်၊ နှိမ့်ချသောစိတ်ရှိမှသာလျှင်၊ ကောင်းကင်နိုင်ငံကိုဝင်ရမယ်။ Humility is key to heaven. နှိမ့်ချတဲ့လူဟာခွင့်လွှတ်တတ်တယ် နှိပ်ကျတတ်တယ်လူဟာချစ်တတ်တယ်။ နှိမ့်ချတဲ့လူဟာ လူတကာနဲ့ပေါင်းသင်းလို့ရတယ်။ နှိမ့်ချတဲ့လူဟာ ရိုးသားတယ်။ နှိမ့်ချတတ်တယ်လို့ဟာ ဖြူစင်မှုနဲ့အနီးစပ်တယ်နှိမ့်ချတတ်တယ်လို့ဟာ အေးချမ်းတယ် နှိမ့်ချတဲ့လူတွေဟာ စည်းလုံးစွာပေါင်းသင်းနေနိုင်တယ်
မာနကြီးတဲ့လူတွေကတော့ အထက်ကပြောခဲ့တာတွေနဲ့ဆန့်ကျင်ဘက်ပါပဲ။ မာနကြီးသူဟာခွင့်လွှတ်ဖို့ခက်ခဲတယ်။ ချစ်ဖို့ခက်ခဲတယ်။ မာနကလူကိုဟန်ဆောင်စေတဲ့အတွက်ရိုးသားဖို့ခက်ခဲတယ်။ မာနတရားကဖြူစင်မှုကိုဝေးကွာစေတယ်။ မာနရှိတဲ့လူတွေဟာစည်းလုံးစွာပေါင်းသင်းဖို့ခက်ခဲတယ်။ ဒါကြောင့်ဘုရားရှင်ကနှိမ့်ချပေါင်းတို့ပြောတယ်။ နိမ့်ချတဲ့သူဟာကောင်းကင်နိုင်ငံနဲ့ထိုက်တန်တယ်။ ဒါကြောင့်မို့လည်းဘုရားရှင်က နှိမ့်ချသောသူ၊ ဖြူစင်သောသူရိုးသားသောသူ၊ ခွင့်လွှတ်တတ်သောသူချစ်တတ်သောသူ၊ နားလည်ပေးတတ်သောသူ၊ စည်းလုံးစေသောသူတစ်ယောက်ကိုတစ်ယောက်ကိုဘယ်တော့မှအဆုံးရှုံးမခံဘူး။ ဓမ္မမိတ်ဆွေသင်ရောကလေးငယ်တစ်ယောက်ရဲ့စိတ်ထားမျိုးတွေသင့်မှာရှိလား။ သို့မဟုတ် မာနကြီးသောစိတ်နေစိတ်ထားမျိုးနဲ့ရှင်သန်နေသောသူတစ်ယောက်လား။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

