
ရဟန်းမင်းကြီးသည် ဂျူဘီလီဘုရားဖူးရောက်လာသောအကျဉ်းသားတို့အားလက္ခံတွေ့ဆုံ။

ရဟန်းမင်းကြီးသည် ပြီးခဲ့သော ကြာသပတေးနေ့က အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ ဆန်တာမာ ရီယာမာဂျော် ရယ် (Santa Maria Maggiore) အကျဉ်းထောင်မှအကျဉ်းသား (၃) ဦးအား လက္ခံတွေ့ဆုံခဲ့သည်။ ဤ အကျဉ်းသား (၃) ဦးတို့သည် အခြားသော သာမန်ဘုရားဖူးများနှင့်အတူ လိုက်ပါ လာခြင်းဖြစ်သည်။
ဘုရားအဖူးအဖွဲ့အားဂိုဏ်းချုပ်ဆရာတော် ဖရန်ချက်စကိုမိုရားလီယာ (Francesco Moraglia)၊ အကျဉ်း သားများ၏၀ိညာဉ်ရေးတာ၀န်ခံဘုန်းတော်ကြီး မားစီမို ကာဒါမူးရို(Massimo Cadamuro) နှင့်ဂိုဏ်း ချုပ် သာသနာ၏၀န်ထမ်းများကဦးဆောင်သည်။ ဤဘုရားဖူးအဖွဲ့သည် (၅၀၀) ကီလိုမီတာ ဝေးသော မိမိတို့ မြို့မှရထားဖြင့်ခရီးနင်လာပြီးနောက် ရောမမြို့နှင့်ကီလိုမီတာ (၁၀၀) ခန့်ဝေးသော Terni မှရောမမြို့ အထိကုန်းကျောင်းလျှောက်ပူဇော်ခဲ့ကြသည်။
အကျဉ်းကျခံနေရသောအကျဉ်းသားများအားယခုကဲ့သို့ဂျူဗလီနှစ်၌ဘုရားဖူးခွင့်ပြုခြင်းသည် ဂျူဘီလီ နှစ်၏ရည်ရွယ်ချက်အတိုင်းပင် လူတိုင်း၏ဘ၀၌ပြစ်မှုပြစ်ဒဏ်နှင့်၀ိညာဉ်ရေးအပြစ်များ မှလွှတ် မြောက် ရန်မျှော်လင့်ချက်ပေးခြင်းဖြစ်ကြောင်း၊ ဤဘုရားဖူးခရီးစဉ်ကြောင့်ဘ၀၏ ခံယူချက်၊ မျှော်လင့်ချက်၊ တန်ဖိုးများပိုမိုမှန်ကန်မြင့်တက်စေလာကြောင်းဘုန်းတော်ကြီး မားစီမိုကာဒါမူးရို ကပြောသည်။
ဘုရားဖူးအစီအစဉ်အဆုံးပိုင်း၌ အကျဉ်းသားများမှရဟန်းမင်းကြီးနှင့်တွေ့ဆုံလိုကြောင်းအ ခွင့်တောင်း ရာ ရဟန်းမင်းကြီးမှလိုက်လဲစွာလက်ခံတွေ့ဆုံပေး၍လည်း အားတက်စရာဖြစ်ရကြောင်း၊ ယခု ကဲ့သို့ သာမန်ပြည်သူများနှင့်အတူ အကျဉ်းသားများအား ဘုရားဖူးခွင့်ပြုခြင်းသည် အကျဉ်းသား များအားပြင် ပကမ္ဘာနှင့်စိမ်းကားမနေစေလိုဘဲ ရင်းနှီးကျွမ်း၀င်မှုကိုရစေသည်။
အကျဉ်းသားများအား ကူညီစောင့်ရှောက် ပေးခြင်းသည် ဗင်းနစ်ဂိုဏ်းချုပ်သာသနာ၏ သာသနာပြု လုပ် ငန်းစဉ် တစ်ခုဖြစ်သည်။ ဂိုဏ်းချုပ်ဆရာတော် ကအကျဉ်းသားများပြစ်မှုပြစ်ဒဏ်လွတ်မြောက် လာ သောအခါ သာမန်ပြည်သူတို့နှင့်စိမ်းကားမနေစေရေး လုံခြုံရေးကောင်းစွာယူ၍ပြည်သူများနှင့် ထိတွေ့ ရင်းနှီးမှုများရှိလာစေရန်၊တရားရေးရာ၀န်ကြီးဌာ အီတလီ၀န်ကြီးနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့သည်။
ဘာသာပြန်- Fr. Clement Ate
News- Vatican News
Website: rvamyanmar.org

