စင်ကာပူရောက်မြန်မာကက်သလစ်လူငယ်များ ပထမဦးဆုံးအကြိမ် လူငယ်သင်တန်းကျင်းပ။

စင်ကာပူနိုင်ငံ Myanmar Catholic Youth of Singapore(MCYS)မှဦးဆောင်ပြီး သြဂုတ်လ (၉)ရက်နှင့် (၁၀)ရက် နေ့၊နှစ်ရက်တာလူငယ်သင်တန်းကို စင်ကာပူရောက် မြန်မာကက်သလစ်လူငယ်များမှ ဦး ဆောင်ကာ ကျင်းပကြပြီး၊ လူငယ်အယောက်ပေါင်း နှစ်ရာကျော် ပါ ဝင်တက်ရောက်ခဲ့သည်။

ဤလူငယ်သင်တန်းတွင် စင်ကာပူရောက် မြန်မာကက်သလစ်ဘာသာတူများ၏ ဝိညာဥ်ရေးဘုန်း တော် ကြီး Fr Joseph မှ အဖွင့်ဆုတောင်းပေးခဲ့ပြီး ဧည့်သည်ဘုန်းတော်ကြီး Fr Paschal သီကိုရှင်းမှ လူငယ် များတွက်အကျိုးရှိတဲ့အရာများကို လာရောက်ပို့ချမျှဝေပေးကာ၊ ချီးမွမ်းကိုးကွယ်ခြင်း၊ မေးခွန်း အမေး အဖြေကဏ္ဍပိုင်းဆိုင်ရာနှင့်နှင့် ဂိမ်းကစားခြင်းများကို Sr Gorettie နှင့် Sr Elizabeth တို့မှ ဦးဆောင် ပေးခဲ့ သည်။

ဆက်ပြီးဤလူငယ်သင်တန်းကျင်းပဖြစ်ပုံနဲ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို စင်ကာပူနိုင်ငံ လူငယ် များ  တာဝန်ခံ စစ္စတာရ် ဂေါရက်တီ ပြောကြားသည်မှာ

“ဒီနှစ်ဟာ ဂျူဘီလီနှစ်လည်းဖြစ်တဲ့အတွက်ကြောင့် ဒီလူငယ်တွေအတွက် ဘုရားသခင်ကိုပိုပြီး ယုံ ကြည်မှီခိုပြီးတော့ မျှာ်လင့်ချက်မပျက်စေဖို့ရန်အတွက် အထူးသဖြင့် ဒီစင်ကာပူမှ  ဒီလူငယ်တွေက နေ့ တိုင်းမျက် နှာငယ်စွာအလုပ်နဲ့ပဲ ရုန်းကန်နေရတယ် ဒါကြောင့် ကျွန်မတို့ ဒီအသင်းတော်အနေနဲ့ ဒီလူငယ် တွေကို မျှော်လင့်ချက်ပေးတဲ့အနေနဲ့ ယုံကြည်ခြင်းပိုမိုခိုင်မာလာစေဖို့ ရည်ရွယ်ပြီး လူငယ်သင်တန်းကို ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

အခုလိုလူငယ်တွေ အင်တိုက်အားတိုက် ပါဝင်ကြတဲ့အတွက် အလွန်အားရကျေနပ်ပါတယ်။ အခုက ဒီစင်ကာပူမှ ပထမဆုံးအကြိမ်ဂျူဘီလီနှစ်အမှတ်တရ အနေနဲ့ပြုလုပ်ခြင်းဖြစ်ပါတယ်။ နောက်လည်း ကျင်းပပေးနိုင်အောင်တော့ကြိုးစားသွားမယ် ဒီမှာကသင်တန်းတစ်ခုခုလုပ်မယ်ဆို အစစအရာရာ ဈေးကြီးတယ် နေရာခန်းမငှားတာတွေကအစ  သို့ပေမဲ့ တစ်နှစ်တစ်ခါတော့ လုပ်ပေးဖြစ်အောင် ကြိုး စားမှာပါ။

အခက်အခဲတွေကတော့များပါတယ် နံပါတ်တစ်ကတော့ ကျင်းပမဲ့နေရာခန်းမ ရရှိဖို့ရန်အတွက်ရှာဖို့ အရမ်းခက်ခဲတယ်။ပြီးတော့ သင်တန်းတစ်ခုခုလုပ်တော့မယ်ဆိုရင် စင်ကာပူအစိုးရကို ခြောက်လ ကြို ပြီးတော့စာတင်ရတယ်၊ နံပတ်နှစ်ကတော့ သင်တန်းပို့ချပေးမည့် ဘုန်းတော်ကြီးများကို ခေါ်ဖို့ခက်ခဲ ပါတယ်။ ပြီးတော့ဒီမှာ ဦးဆောင်တဲ့လူငယ်တွေရော ဆက်ကပ်လူငယ်တွေ အကုန်လုံးက အလုပ်ကိုယ် စီနဲ့ဆိုတော့ ခုလိုတစ်ခါတစ်ခါ စုစည်းဖို့ဆိုတာ အင်မတန်မှ ခက်ခဲတယ်။ ဒီကြားထဲက မရမက အားတဲ့ အချိန်တွေမှာ အစီအစဉ်တွေဆွဲပြီးတော့ ဖြစ်အောင်ကျင်းပကြခြင်းဖြစ်ပါတယ်” ဟုပြောပါသည်။

ဆက်ပြီးသင်တန်းပို့ချပေးဖို့ ဖိတ်ခေါ်ထားသည့် ဧည့်သည်ဘုန်းကြီး Fr. Paschal Thi Ko Shin မှလည်း

“ ပြည်ပမှာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထွက်လုပ်နေရတဲ့ လူငယ်တွေအားလုံးမှာလည်းပဲ သူ့ အကြောင့်နဲ့သူ ကိုယ်စီကိုယ်စီ ရှိကြမယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အခက်အခဲတွေ မျိုးစုံ ရှိကြသော်လည်းပဲ ဒီနေရာမှာရောက်လာကြတဲ့သူတွေ အကုန်လုံးကတော့ သတ္တိရှိတယ်၊ စွန့်စားရဲကြ တယ် ကိုယ့်ရဲ့အနာဂါတ်တွက် စိတ်ဓာတ်မကျပဲ မျှော်လင့်ချက်မလျှော့ပဲ ဖောက်ထွက်ရဲတဲ့ လူငယ်တွေ လို့ Fr. အနေနဲ့မြင်တယ်။

ဒါကြောင့် ဒီသူများနိုင်ငံမှာ အလုပ်လုပ်နေရတဲ့အခါမှာ သေချာတာကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်ဇာတိမြေ လို  လိုမျိုးနွေးထွေး မှုတွေ ခံစားချက်တွေက ရှိချင်မှရှိလိမ့်မယ်။ ဒါပေမဲ့သူများနေရာမှာရောက်နေ သော် လည်းပဲ ကိုယ့်ရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်း ရှာဖွေရင်းနှင့် အထူးသဖြင့်သူများအတွက် မလုပ် ပေးနိုင်ရင်တောင် ကောင်းတဲ့လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဘဝကို ရပ်တည်ပြီးတော့မှ ရှေ့ဆက် ပြီးကြိုးစားနေတယ်ဆိုရင် ဒါလူငယ်တစ်ယောက်ရဲ့ အိမ်မက်ကို အကောင်းဆုံးဖြည်းဆည်း နိုင်သူဖြစ် နေပါပြီ ဒါကြောင့် လူငယ်တွေအားလုံး ဘယ်လိုပဲ အခက်အခဲတွေ ကြုံရကြုံရ စိတ်ဓာတ်မကျ ပဲ မိမိ ရဲ့ဘဝကို ကိုယ်ကိုယ်တိုင်ပုံဖော်ထုဆစ်ပါ။ မိမိရဲ့အနာဂါတ်ကိုကိုယ်ကိုတိုင် အကောင်းဆုံး အကောင် အထည်ဖော်ရင်းနဲ့ ရှေ့ဆက်ပြီး သာသနာတွက်၊ တိုင်းပြည်တွက် အားကိုးရတဲ့လူငယ်လေး တွေဖြစ် ပါစေ” ဟု အားပေးစကားပြောကြားခဲ့ပါသည်။

လူငယ်သင်တန်းကိုတက်ရောက်လာကြသော လူငယ်အချို့မှလည်း သူတို့၏ခံစားချက်ကို ခုလိုမျှဝေကြ ပါသည်။

Christina (Mi New)

 အရင်ဆုံးဒီနိုင်ငံရပ်ခြားမှာအလုပ်လုပ်နေတဲ့ လူငယ်တွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံးဆွေးနွေးဖို့ ခက်ခဲနေတဲ့ အချိန်ကာလမှာ ခုလိုသင်တန်းပြုလုပ်ပေးခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံ ဖို့အချိန်ရလာတယ်။ စိတ်ဓာတ်ခွန်အားတွေရလာတယ် ပြီးတော့ဒီနေ့ခေတ် လူငယ်တွေသိသင့်သိထိုက် တဲ့ လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး စဆာင်ရန် ရှောင်ရန်တွေ အသင်းတော်ရဲ့ဥပဒေတွေနဲ့ပတ်သက်တဲ့ အရာတွေကို ပိုမိုသိလာတယ်။ မေးခွန်းတွေ အပြန်အလှန် မေးမြန်းတာတွေကို Sr. / Fr, တွေက ဖြေကြားပေးခြင်းအားဖြင့် လူငယ်တွေရဲ့သံသယစိတ်တွေ ဖြေရှင်းသွားတယ် ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ်ဆိုတာတွေကို ခွဲခြားသိလာနိုင်တယ်။ “ ဟုပြောသည်။

Htet Aung

“ဒီစင်ကာပူမှာကျင်းပတဲ့လူငယ်သင်တန်းကို ပြည်ပရောက်လူငယ်တစ်ယောက်အနေနဲ့ တက်ခွင့်ရ တဲ့ အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူများနိုင်ငံမှ ဒီလို တစ်စုတစ်စည်း ကျင်းပနိုင်ဖို့ဆိုတာတော်တော်ခက်ခဲတယ်။ အခုလိုပြည်ပရောက်မြန်မာလူငယ်တွေ အချင်းချင်း တွေ့ဆုံ နိုင်အောင် လူငယ်သင်တန်းကို ကျင်းပပေးတဲ့ (MCYS) ကလူငယ်ခေါင်းဆောင်များနှင့် သင်တန်းပို့ချ ပေးသူ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ ဒီလူငယ်သင်တန်းကနေ ကိုယ့်အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အသိပညာတွေအများကြီးရရှိခဲ့ပါတယ်။” ဟုပြောသည်။

John Paing

“ဒီလူငယ်သင်တန်းနှစ်ရက်သာအတွက် အရင်တုန်းက မသိခဲ့တဲ့မေးခွန်းတွေရဲ့ အဖြေတွေ လည်းကျွန်ုပ် တို့ အများကြီးမေးခွင့်ရတဲ့အတွက် သိထားတတ်ထားရမည့်အရာတွေ အများကြီးတိုးလာပါတယ်။ ပြီးတော့လူငယ်သင်တန်းတက်ခွင့် မရခဲ့တာ ဆယ်နှစ်ကျော်ရှိပြီး ခုမှပြန်တက်ခွင့်ရတဲ့အတွက်လည်း အများကြီးပီတိဖြစ်မိပါတယ်။

Matthew

ပထမအကြိမ်လူငယ်သင်တန်း လုပ်တာဖြစ်တဲ့အတွက် အားနည်းချက်တွေရှိပေမဲ့လည်း လူငယ်တွေ စိတ်အားထက်သန်စွာ ပါဝင်တာတွေ့ရတော့အရမ်းဝမ်းသာပါတယ်။ ပြည်ပရောက်လူငယ်တွေအတွက် ခုလိုသင်တန်းလုပ်ပေးခြင်းအားဖြင့် လူငယ်တွေမှာ ဘာသာတရားပဲဖြစ်ဖြစ်၊ ဘာသာတရားနဲ့ပတ်သက် တဲ့ အသိပညာ ဗဟုသုတတွေ အများကြီးရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။

John Sowarni (မလေးရှားမှ လူငယ်)

ခုလိုကျွန်ုပ်တို့ မလေးရှားကလူငယ်တွေနဲ့ ဒီစင်ကာပူမှာရှိတဲ့လူငယ်တွေ အတူတကွ လူငယ်သင်တန်း တက်ခွင့်ရတဲ့အတွက် အတိုင်းမသိပျော်ပါတယ်။ အမှတ်တရတွေလည်းအများကြီးရှိခဲ့ပါတယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *