(၂၀၂၅) ကမ္ဘာ့လူငယ်များ၏ဂျူဘီလီအထင်ကရအကြောင်းအရာများ။

အားလုံးသိကြသည့်အတိုင်း (၂၀၂၅) ဂျူဗလီနှစ်လူငယ်ဂျူဗလီပွဲတော်ကို ဇူလိုင် (၂၈) မှ ဩဂုတ် (၃) ရက် နေ့အထိအီတလီနိုင်ငံ၏မြို့တော်ရောမမြို့၌ခြိမ့်ခြိမ့်သည်းဆင်နွှဲခဲ့ပါသည်။

ဂျူဘီလီပွဲမစ္ဆားတရားကို ရောမမြို့၏အပြင်ဘက်ကျသော Tor Vergata ကွင်းပြင်၌ရဟန်း မင်းကြီး လီယို (၁၄) ဦးဆောင်ပူဇော်ခဲ့သည်။ ဤကွင်းပြင်၌ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) လည်း ကမ္ဘာ့ လူငယ် များနေ့ကိုကျင်းပခဲ့ဖူးသည်။

ကမ္ဘာ့နိုင်ငံပေါင်း (၁၄၅) နိုင်ငံမှလူငယ်များသည် ဇူလိုင် (၂၈) ရက်နေ့ကရောမမြို့သို့ရောက် ရှိလာခဲ့ကြ သည်။ဇူလိုင် (၂၉) ရက်နေ့ညပိုင်း (၇) နာရီအချိန်၌ ရောမသို့ရောက်ရှိနေသောလူငယ်များအားကြို ဆို သောမစ္ဆားတရားကို ကာဒီနယ် Rino Fisichella မှဦးဆောင်ပူဇော်ခဲ့သည်။

ဇူလိုင် (၃၀ – ၃၁) ရက်များ၌ ၄င်းတို့တည်းခိုသော သာသနာအုပ်စုအတွင်းရှိဘာသာတူများ ထံရင်းနှီး သိကျွမ်းမှုရှိစေရန်သွားရောက်လည်ပတ်၊ ကြည့်ရူခြင်းများကိုပြုခဲ့ကြသည်။

ဩဂုတ် (၁) ရက်နေ့၌ အာပတ်ဖြေခြင်းစက္ကရမင်တူးကိုပြင်ဆင်ခံယူစေခဲ့သည်။ အာပတ်ဖြေခြင်းကို ရောမမြို့ဟောင်း၏ Circus Maximus (ရောမခေတ်မြင်းပြိုင်ကွင်း) ၌ပြုလုပ်ခဲ့သည်။

ဩဂုတ် (၂) ရက်နေ့ပိုင်း၌ ရဟန်းမင်းကြီးနှင့်အတူ Tor Vergata ကွင်းပြင်၌ပင် လူငယ်ဂျူဘီလီအကြိုည ဆုတောင်းပွဲကိုကျင်းပခဲ့သည်။

ဩဂုတ် (၃) ရက်နေ့သည် ဂျူဘီလီပွဲနေ့၊ လူငယ်ဂျူဘီလီမစ္ဆားတရားကိုရဟန်းမင်းကြီးကိုယ် တိုင်ဦး ဆောင်ပူဇော်ခဲ့သည်။

ဤမစ္ဆားတရားပူဇော်ခြင်း၌ ရဟန်းမင်းကြီးနှင့်အတူမစ္ဆားပါ၀င်ပူဇော်သောဆရာတော်စုစု ပေါင်း (၄၅၀) ပါး၊ ရဟန်းတော်အပါး (၇) ထောင်ဖြစ်ပြီး၊ လူငယ်တစ်သန်းကျော်ပါ၀င်ခဲ့သည်။

ယခုတစ်ကြိမ်ကျင်းပသောလူငယ့်ဂျူဘီလီပွဲသည် ရဟန်းမင်းကြီးလီယို (၁၄) အတွက် ကမ္ဘာ့လူငယ် ထုနှင့်ပထမဦးဆုံးအကြိမ်ဆုံဆည်းခြင်းဖြစ်သည်။

လူအုပ်လွန်စွာထူထပ်များပြားသောကြောင့် လုံခြုံရေး၊ ကျန်းမားရေးစသောအရေးပေါ်အကူ အညီများ ပေးနိုင်ရန်အတွက် ကြက်ခြေနီအင်အား (၁၂၀၀) အသုံးပြုခဲ့ရသည်။ များသောအားဖြင့်ကူညီခဲ့ရ သော အရေးပေါ်အကူအညီများမှာ အပူလွန်ကဲခြင်း၊ အဖျားကြီးခြင်း၊ အနာတရာများရရှိခြင်း၊ နေလောင်ခြင်း၊ မဆိုစလောက်ဖြစ်သည်ကိုစိုးရိမ်လွန်ကဲ့ခြင်းတို့ဖြစ်သည်။

ရဟန်းမင်းကြီးက သူ၏မစ္ဆားတရားအတွင်းမှဩ၀ါဒ၌ ရဟန်းမင်းကြီးဖရန်စစ်နှင့်စိန့်ဂျွန် ပေါလ် (၂)၏ သွန်သင်ချက်များကိုကိုးကားခြင်း၊ လာမည့်စက်တင်ဘာလ (၇) ရက်နေ့၌ရဟန္တာအဖြစ်တင် မြောက်ခံ ရမည့် လူငယ်သူတော်မြတ် (၂) ပါးဖြစ်သောကားရ်လိုအကူးတစ်နှင့် Pier Giorgio Frassati တို့အ ကြောင်းကိုလည်းထည့်သွင်းဟောကြားခဲ့သည်။

မစ္ဆားတရား၏အဆုံး၌ ရဟန်းမင်းကြီးသည် လာမည့် (ဩဂုတ် ၃-၈၊ ၂၀၂၇) တောင်ကိုးရီး ယားမြို့တော်၊ ဆိုးလ်၌ကျင်းပမည့် ကမ္ဘာ့လူငယ်များနေ့၌ပြန်လည်ဆုံဆည်းကြရန်ကိုလည်းဖိတ်ခေါ်ခဲ့သည်။

မစ္ဆားတရားပူဇော်ပြီးဆုံးပြီးနောက် သယ်ယူပို့ဆောင်ရေးမြန်ဆန်လွယ်ကူစေရန် ရထားကို(၃) မိနစ် လျှင် တစ်စီးနှုန်းဖြင့်ပြေးဆွဲရန်စီစဉ်ထားပေးသည်။

ဂျူဗလီပွဲတော်အတွင်း အီဂျစ်မှလူငယ်အမျိုးသမီးတစ်ဦးသည် နှလုံးဖောက်၍သေဆုံးခဲ့ရသည်။ ထို့ အတူ စပိန်နိုင်ငံမှလူငယ်အမျိုးသမီးတစ်ဦးလည်း မာဒရစ်မှရောမသို့ခရီးပြုနေစဉ်လမ်းခုလပ်၌ ပင်သေ ဆုံးသွားခဲ့သည်။ သူသည် အစကပင်ကျန်းမာသန်စွမ်းလှသူမဟုတ်ပေ။ လူငယ်ဂျူဘီလီလည်းဖြစ်၊ ဂျူဘီလီနှစ်လည်းဖြစ်၍ဘုရားဖူးရင်းပါ၀င်ဆင်နွှဲရန်အားမွေးရောက်လာခဲ့ခြင်းဖြစ်သည်။

ယခုဂျူဗလီပွဲကိုကျင်းပနိုင်ရန်အတွက် အချိန် (၂) နှစ်ယူ၍ လူအင်အား (၂) သောင်းဖြင့်ပြင်ဆင်ခဲ့ ရသည်။

ယခုဂျူဗလီသို့ပါ၀င်သောလူငယ်များ၏ (၆8) ရာခိုင်နှုန်းမှာ ဥရောပနိုင်ငံများမှဖြစ်သည်။ စစ်ကြောင့် နိုင်ငံမငြိမ်မသက်ဖြစ်နေသောနိုင်ငံများဖြစ်သည့် လက်ဘနွန်၊ အီရန်၊ မြန်မာ၊ ယူကရိန်း၊ ဆီးရီးယား၊ တောင်ဆူဒန်နိုင်ငံတို့မှလည်း လူငယ်ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။

ဘာသာပြန်- Fr. Clement Ate

News- ZENI TNews/Rome

Website: rvamyanmar.org

#rvamyanmar#ZENITNew# #2025YouthJubilee#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *