မြစ်ကြီးနားသာသနာတွက် ရဟန်းတော်အသစ်(၄)ပါး ထပ်မံရရှိ။

မြစ်ကြီးနားသာသနာမှ ဦးပဥ္စင်းကြီး (၄)ပါး၏ ထာဝရရဟန်းသိက္ခာခံယူခြင်းမစ္ဆားတရားတော်မြတ်ကို မြစ်ကြီးနားသာသနာ၊ ဧဒင် စိန့်လုကာ ဓမ္မကော်လိပ်ကျောင်း၌ (၆၊၈၊၂၀၂၅)နေ့ နံနက်၉:ဝဝ နာရီအချိန်၌ ဆရာတော်ကြီး John Mung Ngawn La Sam ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။

ထာဝရ ရဟန်းသိက္ခာခံယူမည့် ဦးပဥ္စင်းကြီးများမှာ မြစ်ကြီးနားသာသနာ၊ ဝိုင်မော်သာသနာစီရင်စုမှ ဦးပဥ္စင်းကြီး Clement Labang Hkawng Ze ၊ မိုးကောင်းသာသနာစီရင်စုမှ ဦးပဥ္စင်းကြီး Lucas Hpau Re La Awng ၊ ဖားကန့်သာသနာစီရင်စုမှ ဦးပဥ္စင်းကြီး Patrick Langa Tu Hkawng နှင့် ကကျီးထူ သာသနာစီရင်စုမှ ဦးပဥ္စင်းကြီး Tomas Salaw Brang Awng တို့သည် မြစ်ကြီးနားဂိုဏ်းအုပ် သာသနာပိုင် ဆရာတော်ကြီး John Mung Ngawn La Sam ၏ လက်တော်မှ ထာဝရရဟန်း သိက္ခာကို ခံယူရရှိခဲ့ပါသည်။

ဤရဟန်းသိက္ခာတင်ပွဲအခမ်းအနားသည် ဆရာတော်ကြီး John Mung Ngawn La Sam အတွက် ပထမဆုံးသော ရဟန်းသိက္ခာ တင်ပေးခြင်းလည်းဖြစ်ပါသည်။

ထာဝရ ရဟန်းသိက္ခာခံပွဲအခမ်းအနားသို့ သာသနာစီရင်စု အသီးသီးမှ ဘုန်းတော်ကြီးများ၊ ကိုယ်ရင်များ၊ သီလရှင်များ၊ ဘာသာဝင်များ စုစုပေါင်း (၅၀၀၀) ကျော် လာရောက်ဂုဏ်ပြုပါဝင် ဆုတောင်းပေးခဲ့ကြပါ သည်။ မစ္ဆားတရားအပြီးတွင် ရဟန်းတော်အသစ်များအား ဂုဏ်ပြုခြင်းအခမ်းအနား အစီအစဉ်များကိုလည်း ဆက်လက်ပြီးကျင်းခဲ့ပါသည်။

ဘာသာပြန်- Paul (rva-Myanmar)

News&Photo- RVA Kachin

Website: rvamyanmar.org

#rvamyanmar#LocalNews#Ordination#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *