
ဩဂုတ်လ (၁၄) ရက်နေ့၊ ငြိမ်းချမ်းရေးအတွက်၀ါရှောင် ဆုတောင်းကြရန် သူတော်စင်များအဖွဲ့ အကြီးအကဲကြေညာ။

ကမ္ဘာ့အစိတ်ပိုင်းများစွာ၌စစ်မက်များဆက်လက်ဖြစ်ပွားလျှက်ရှိသကဲ့သို့ လူသားများစွာသည်လည်း ထိုဆိုးကျိုးကိုခါးစီးခံစားဖြတ်သန်းနေကြရသည်။ အထူးသဖြင့် ဂါဇာ၊ ဆူဒန်၊ ယူကရိန်း၊ မြန်မာ၊ ဟေတီ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဆီးရီးယားနိုင်ငံများ၌စစ်မီးတောက်လောင်လျှက်ရှိသည်။
ထို့ကြောင့် (UISG) ဟုခေါ်သော the International Union of Superiors General (သူတော်စင်အသင်းအသီးသီး၏ ဂိုဏ်းချုပ် အကြီးအကဲများအဖွဲ့) မှ ဩဂုတ်လ (၁၄) နေ့၌ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ၀ါရှောင်ဆုတောင်းကြရန် အရေး ပေါ်ကြေညာချက်ထုတ်ပြန်ပန်ကြား ထား သည်။ ထိုနေ့သည်ကား အမိမယ်တော်ကောင်းကင်ဘုံသို့ဘုန်း တော်ဂုဏ်တော်နှင့်ပင့်ဆောင်ခံရသော ပွဲနေ့ကြီး၏အကြိုနေ့လည်းဖြစ်သည်။
အမိမယ်တော်သည် ငြိမ်းချမ်းရေး၏အမျိုးသမီးဖြစ်သည်။ ကမ္ဘာ့ဆင်ခြေဖုံးဒေသ၌နေထိုင် သူဖြစ် သော်လည်း ကမ္ဘာ့လူသားထု၏ဒုက္ခဝေဒနာကိုနှစ်နှစ်ကားကားမျှဝေခံထမ်းသူဖြစ်သည်ကြောင်း၊ ကျွန်ုပ် တို့၏အရေးပေါ်တောင်းဆိုမှု၊ စိတ်ပေါင်းစည်းမှု၊ ဆုတောင်းခြင်းနှင့်လက်တွေ့ဖော်ဆောင်ခြင်းများ ကိုပြု လုပ်ရန်ခံစားရကြောင်းဖော်ပြထားသည်။ ဆုတောင်းခြင်းနှင့်ထပ်တူခံစား၍ရပ်တည်တောင်းဆိုပေးမှု သည် စစ်ကြောင့်တစ်ကမ္ဘာလုံးနှင့်ဆိုင်သောဝေဒနာကိုလည်းကောင်း၊ ရွေ့ပြောင်းဒုက္ခသည်များအတွက် လည်းကောင်း၊ တရားမျှတမှုကင်းမဲ့သည့်အခြေအနေမျိုး၌ သူတော်စင်အသင်းအသီးသီးမှ လည်း ကောင်း၊ စိတ်ကောင်းနှလုံးကောင်းရှိသောသူတို့မှအင်နှင့်အားနှင့် တုန့်ပြန်ရာ၌ပါ၀င်ကြရန် ဖိတ်ခေါ် လိုက်ရကြောင်း၊ အခြားနေရာဒေသများစွာ၌လည်း နာကြင်မှုဒဏ်ရာ ဒဏ်ချက်များဖြင့်ပြည့်နက် နေ သောမျက်နှာများကိုသာ မြင်တွေ့နေရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အိမ်များမီးရှို့၊ ဖျက်ဆီး၊ ပစ္စည်း များခိုးယူခံရခြင်း၊ လူ့အဖွဲ့ အစည်းသည်ကွဲပြားနေကြကြောင်း၊ အမျိုးသမီးများနှင့်ကလေးများသည် များသောအားဖြင့်ပဋိပက္ခတို့၏ သားကောင်များ ဖြစ်ကြကြောင်း ကြေညာချက် ထဲ၌ဖော်ပြ ထား သည်။
ဆက်လက်၍ ဤအခြေအနေမျိုးကိုကိုင်တွယ်ဖြေရှင်းရန်အတွက် အောက်ပါအချက် (၃) ချက်၏ လမ်းညွှန်မှုကိုခံယူလျှက် လက်တွေ့ကျ၊ ထိရောက်သောလုပ်ဆောင်မှုမျိုးကိုလုပ်ဆောင်ရန်ချမှတ် ထား ပါသည်။
(၁) အတူတကွဆုတောင်းခြင်းနှင့် ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ ဘုရားသခင်၏နှုတ်တော် ထွက်တရား လမ်း ညွှန်ချက်ကိုထောက်ရှု့ခြင်းဖြစ်ပါသည်။ ဤသို့ထောက်ရှု့ရာတွင် လက်ရှိစစ်၏ အကျိုးဆက် ကြောင့်လူသားထု တစ်ရပ်လုံးခံစားကြုံတွေ့နေရသော အနိဌာရုံများကိုရှင်းလင်းမှန်ကန်စွာ ထင်ဟပ်ပေါ် လွင်စေရန်။
(၂)တရားမျှတခြင်းနှင့်ရင်ကြားစေ့ရေးကိုတောင်းဆိုကြရန်၊ ဤအချက်ကိုဖော်ဆောင်ရာ၌ အရပ်ဖက် အဖွဲ့ အစည်းနှင့်ဘာသာရေးအဖွဲ့အစည်းများမှ စစ်မှန်ပြီးအဓွန့်ရှည်သော၊ လက်နက်စွန့်လွတ်သော၊ လူ့အခွင့်အ ရေးကိုထိန်းသိမ်းစောင့်ရှောက်သောငြိမ်းချမ်းရေးလမ်းစဉ်ကိုတောင်းဆိုဖော်ဆောင်ကြရန်။
(၃)အတိဒုက္ခရောက်နေသူများနှင့်ထပ်တူမျှဝေခံစားရင်း ၄င်းတို့၏လေလံလှသော ၀န်ထုပ်ကြီးအား ပေါ့ပါး သွားစေရန် ထိုသို့ကြုံတွေ့ဖြတ်သန်းခဲ့ရသောသူတို့အား ချိတ်ဆက်ကြိုဆိုကာ လူသားချင်းစာနာ သောအကူ အညီများကိုထိရောက်စွာပံ့ပိုးကူပေးကြရန်တို့ဖြစ်သည်။
ယခုထက်ဆိုးရွားသော အခြေအနေသို့ရောက်ရှိမသွားစေရေး တစ်ခုခုလုပ်ရန်စောင့်စိုင်းမနေ နိုင်တော့ ပါ။ ငြိမ်းချမ်းရေးကိုတည်ဆောက်မှရတော့မည်။ သို့သော် အတူတကွတည်ဆောက်ရမည်’ ဟုအသ နားခံတိုက်တွန်းထားသည်။
အကြမ်းဖက်မှုများဖြင့်ပြည့်နက်နေသည်ဟုမှတ်ချက်ပြုရမည့်ကမ္ဘာကြီးသည်ဧ၀ံဂေလိတရားတော်အလင်း၊ တရားမျှတခြင်းနှင့်ညီအစ်ကိုရင်းစိတ်များဆက်လက်ထွန်းလင်းနိုင်စေရမည် ဟုကြေညာချက်၌ အတိအလင်းဖော်ပြတိုက်တွန်းနှိုးဆော်ထားပါသည်။
ဘာသာပြန်- Fr. Clement Ate
News- Vatican News
Website: rvamyanmar.org

