ရဟန်းမင်းကြီးလီယို (၁၄) မှ ‘ဟီရိုရှီးမားငြိမ်းချမ်းရေးပြယုဂ်ဖြစ်ပါစေသား’ ဟုဆန္ဒပြုဆုတောင်း။

‘နူးကလီးယားလက်နက်သည် ကျွန်ုပ်တို့ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သော လူသားဖြစ်ခွင့်ကို ဖျက် ဆီးသည်။ ဖန်ဆင်းခံတို့၏ဂုဏ်သိက္ခာကိုလှည့်စားသည်’ ဟုရဟန်းမင်းကြီးလီယို (၁၄) ကဂျပန်နိုင်ငံ၊ ဟီရိုရှီးမားဆရာတော် Alexis Shirama ထံပေးပို့သောသ၀ဏ်လွှာ၌မိန့်ကြားထားသည်။ အဆိုပါသ၀ဏ် လွှာကိုဂျပန်နိုင်ငံ၏ ရဟန်းမင်းကြီးကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော် Francisco Escalante Molina ကဟီရိုရှီးမားနိုင်ငံ၌အနုမြူဗုံးဖောက်ခွဲခံရသည့်နှစ်ပတ်လည်နေ့မစ္ဆားပူဇော်စဉ်၌ဖတ်ကြားခဲ့သည်။

ယခုနှစ်သည် ဒုတိယကမ္ဘာစစ်ကာလက အမေရိကန်စစ်တပ်မှဟီရိုရှီးမားနှင့်နာဂါဆာကီမြို့ တို့အားအနု မြူဗုံးဖောက်ခွဲခဲ့သည့်နှစ် (၈၀) ပြည့်နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ ထိုအနုမြူဗုံးကြောင့် ဂျ ပန်ပြည် သူ (၁၅၀၀၀၀) မှ (၂၄၆၀၀၀) အထိသေဆုံးခဲ့ကြရသည်။ ရဟန်းမင်းကြီးက နျူးကလီးယားဗုံးပစ်ခံရ သောအဆိုပါမြို့နှစ်မြို့သည်ထိုဗုံးကြောင့်အဘယ်မျှကြောက်ရွံ့ထိတ်လန့်ဖွယ်ဖြစ်ပျက်ခဲ့သည်ကိုခံစားသိရှိ နိုင်သည့်သက်သေများအဖြစ်ကျန်ရှိနေပါသည်။

အဆိုပါအဖြစ်ဆိုးမှလွတ်မြောက်ပြီး အသက်ရှင်ကျန်ရစ်သောသူများအားရဟန်းမင်းကြီးက လေးစား ဂုဏ်ပြုကြောင်း၊ ၄င်းတို့ကြုံတွေ့ဖြတ်သန်းခဲ့ရသောအနိဌာရုံမြင်ကွင်းများအားလုံးနှင့်၄င်းတို့အား လုံးသည် ကျွန်ုပ်တို့၏ကမ္ဘာကြီးအားအဘယ်သို့ကာကွယ်စောင့်ရှောက်ရမည်။ ငြိမ်းချမ်းရေး ကိုအဘယ် သို့ အားပေးအားမြောက်ပြုရမည့်အကြောင်းကို ယနေ့မျက်မှောက်ခေတ်အတွက်သက်သေ ဖြစ် ကြောင်း၊ ရဟန်းမင်းကြီးလီယို (၁၄) က ရဟန်းမင်းကြီးဖရန်စစ်၏ပန်ကြားချက်ဖြစ်သော ‘စစ်သည်လူ သားထုအ တွက်အရှုံးသာဖြစ်သည်’ ဟုမိန့်ကြားခဲ့သည်ကိုပြန်လည်ကိုးကားပြီး အဓွန့်ရှည်ပြီး စစ်မှန် သောငြိမ်းချမ်းရေး သည် ‘လက်နက်အားကိုးဖြင့်မငြိမ်မသက်မှုအမျိုးမျိုးကို ဖန်တီးလုပ်ဆောင်နေ သော သူများအနေဖြင့်မိမိတို့အားကိုးအားထားပြုသောလက်နက်များကိုချထား၀ံ့သောသတ္တိရှိရန်လိုအပ်ကြောင်း’ မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်၏မိန့်ကြားချက်ကိုပြန်လည်ကိုးကား၍ ‘လက်ရှိ၌ကမ္ဘာတစ်၀ှမ်း၌ ဖြစ်ပျက်နေ သောပဋိပက္ခနှင့်ရန်ဆောင်တင်းမာနေမှုများကိုဖြေလျော့ရမည့်အချိန်ဖြစ်ကြောင်း၊ ဟီရိုရှီးမား နှင့်နာဂါ ဆာကီတို့သည် ငြိမ်းချမ်းရေးကိုပေးသယောင်ယောင်နှင့်ပျက်စီးခြင်း၏အကြောင်းတရားကိုငြင်းပယ် ရန်အသိ၀င်စေ၊ သတိရှိစေသောအမှတ်တရများဖြစ်ကြောင်း၊ တရားမျှတခြင်း၊ ညီအစ်ကိုရင်း စိတ် ဓာတ်ရှိ ခြင်း၊ ဘုံပိုင်ဥစ္စာများအပေါ်အခြေခံသောကမ္ဘာ့လမ်းစဉ် (ကျင့်၀တ်) များကိုဖောက်လျှောက် ရမည်ဖြစ် ကြောင်းမိန့်ကြားခဲ့သည်။

ကမ္ဘာ့အဖွဲ့အစည်းများသို့ပန်ကြားချက်

ရဟန်းမင်းကြီးလီယို (၁၄) က ဟီရိုရှီးမားနှင့်နာဂါဆာကီအား အနုမြူဗုံးကြဲခဲ့သည့် နှစ် (၈၀) ပြည့်နှစ် ပတ်လည်အချိန်အခါသမယသည် ကမ္ဘာ့အဖွဲ့အစည်းများအား လူသားမိသားစုတစ်ခုလုံးအ တွက် မိမိတို့ တာ၀န်ယူထားသည့်အတိုင်း အဓွန့်ရှည်သောစစ်မှန်သည့်ငြိမ်းချမ်းရေးကိုဖော်ဆောင်ရယူနိုင်ရန် ဟူသည့် မိမိတို့၏ရည်မှန်းချက်များကိုပြန်လည်ဆန်းစစ်၊ ဆန်းသစ်ရန်တိုက်တွန်းဖိတ်ခေါ်နေသောအချိန်ခါ ကောင်းဖြစ်သောကြောင့် ‘လက်နက်အားကိုးသောငြိမ်းချမ်းမျိုးမဟုတ်ဘဲ၊ လက်နက်မဲ့သော ငြိမ်းချမ်း ရေးကို တည်ဆောက်ကြရန်’ တိုက်တွန်းခဲ့ပါသည်။

ဘာသာပြန်- Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalayFr.

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *