ကျွန်ုပ်တို့ရဲ့ပြောဆိုဆက်ဆံရေးသည် တစ်ဦးကို တစ်ဦးကူညီကုသပေး‌သောအရာသာ ဖြစ်ရမယ် ဒုက္ခ ပေးတာမဖြစ်ရ။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာ Angelus ရွတ်ဆိုခြင်းတွင် ရဟန်းမင်း ကြီးလီယို ၁၄ က သင့်လျှော်သောစကားများကိုအသုံးပြုခြင်း နှင့် ကိုယ်ပြောလိုက်သော စကားသည် တစ်ဖက်လူအတွက် နာကျင်စရာမဖြစ်စေဘဲ၊ ကုသပေးသောအရာသာဖြစ်ရမည် ဟု အားပေးခဲ့ပါသည်။

စိန့်ပီတာရင်ပြင်တွင် စုရုံး ရောက်ရှိနေသောဘုရားဖူးသူတော်စင်များအား သခင်ယေဇူး တရားလှည့် လည်ဟောစဉ်ကာလက သူနှင့်တွေ့ကြုံရသူများ၊ ပုံဥပမာများ နှင့် ကုသပေးခြင်းများကိုအခြေခံပြီး ကျွန်ုပ်တို့ရဲ့နေ့စဉ်ရှင်သန်နေမှုမှာ ကုသမှုတွေခံယူဖို့လိုအပ်‌နေကြောင်း၊ ယနေ့ကမ္ဘာလောကကြီးဟာ လူ့ဂုဏ်သိက္ခာကိုနက်ရှိုင်းစွာဒဏ်ရာရစေသော မုန်းတီးမှုတွေ ရက်စက်ကြမ်းကြုတ်မှု တွေရဲ့ဖုံးအုပ်မှုခံရ သောကာလအဖြစ်နဲ့ သတ်မှတ်ကြရမည်ဖြစ်ကြာင်းကျွန်ုပ်တို့လူအဖွဲ့အစည်းကြီးဟာ လစ်လျှူရှုခံရခြင်း ကြောင့်မဟုတ်ဘဲ မနိုင်ဝန်ပိခြင်း ကြောင့် ဖျားနာနေရတယ်။

ကျွန်ုပ်တို့ဟာ တစ်ခါတစ်ရံမှားယွင်းသော၊ ပုံပျက်ပန်းပျက်ဖြစ်နေသော ပုံရိပ်တွေနဲ့ ပုံတွေ ရဲ့ ချိတ်ဆက် လွှမ်းမိုးမှုကို လွန်စွာမှခံနေကြရတယ်။ ဆိုရှယ်မီဒီယာမှရရှိသော အလွန်အင်မတန်များပြားလှသည့် သတင်းအချက်အလက်များ၏လွှမ်းမိုးမှုကြောင့် ကျွန်ုပ်တို့ဟာ ရှုပ်ထွေးခြင်းမောပန်းနွမ်းနယ်ခြင်းတွေ ကတစ်ဆင့် ကြောက်ရွံ့သောစိတ်ခံစားမှုဝေဒနာတစ်ခုကိုထုတ်ပေးတယ်ဆိုတာ သတိထားရမယ်။

သတင်းအချက်အလက်တွေရဲ့ကြီးမားစွာ လွမ်းမိုးခံနေရမှုထဲကနေ ပိတ်ချပစ်ချင်စိတ်တွေ၊ ရပ်ပစ်ချင် စိတ်တွေ ဖြစ်လာရတယ်။ ဘာဆိုဘာမှမလိုချင်တောဘူး ဆိုသော စိတ်များ နှင့် ကြားရသော စကားလုံး များသည်ပင်လျှင်အဓိပ္ပါယ်မယ့်သလိုခံစားလာရသည်။

ရှင်မာကု ဧဝံဂေလိကျမ်းထဲးက နားမကြား၊ စကားမပြောနိုင်သော လူတစ်ယာက်ကို သခင်ခရစ်တော် ကုသပေးသည့်အကြောင်းကိုခြေခံပြီး ဟောကြားရာမှာ၊ ဒီနားမကြားစွမ်းအ သူဟာ ကုသပေးခြင်းခံရဖို့ သူကိုယ်တိုင်ရှာဖွေခြင်းမဟုတ်၊သူကုသခံရဖို့တခြားသူတွေကလည်းသူ့ကို ခရစ်တော် ထံခေါ် လာခြင်း ဖြစ်တယ်၊ ဒီအချက်က သာသနာတော်ရဲ့တည်ရှိခြင်းကိုရောင်းပြန်ဟပ်စေတယ်၊ သာသနာတော်ဟာ အသံမထွက်နိုင်တဲ့သူတွေရဲ့အသံ၊ ဒုက္ခရောက်သူတွေကိုနားထောင်ပေးသောနား ဒုက္ခရောက် နေသူတွေ ကိုခေါ်ဆောင်ကူညီပေးသောနေရာဖြစ်တယ်။

သခင်ခရစ်တော် နှင့်ထိတွေ့ ကုသခံရသူဟာ စွန့်အ သူကနေစကားပြောနိုင်သူဖြစ်လာတယ် ၊ နက်နဲတဲ့ အမှန်တရားတစ်ခုကိုထုတ်ဖော်ပြသလိုက်ခြင်းပါပဲ။ ပြောခွင့်မရသူ၊ အသံထွက်ခွင့်မရသူရဲ့ဘဝကနေ ပြောဆိုခွင့်ရသူဘဝကိုရောက်လာတယ်။ ငါတို့ရဲ့ဘဝမှာလည်း နားလည်မှုတွေလွဲကြတဲ့အချိန်မှာ ပြောဆို ခြင်းနေရပ်တန့်တတ်ကြတာမကြာခဏပါပဲ။

စစ်မှန်တဲ့ဆက်သွယ်ပြောဆိုဆက်ဆံရေးဟာထိရောက်မှုသက်သက်မဟုတ်၊တစ်ပါးသူကို ကူညီကုသပေးခြင်းနှင့် မိမိ၏စကားလုံးများဖြင့် တစ်ပါးသူကိုနာကြင်မှုမဖြစ်စေခြင်း တွေလည်း ပါဝင် တယ်။မှန်ကန်စွာပြောဆိုခြင်းကပေါင်းသင်းဆက်ဆံရေးရဲ့အစပြုခရီးပါပဲ။ ဒီခရီးစဉ်က သခင်ခရစ်တော် ဆီကိုကျွန်ုပ်တို့ကိုခေါ်ဆောင်သွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ပေါင်းသင်းဆက်ဆံရေးကိုကုသပေးတော်မူပါ။ ကျွန်ုပ်တို့၏ပေါင်းသင်းဆက်ဆံရေး ကောင်း မွန်ခြင်းကြောင့် သာသနာတော်သည်ကယ်တင်ခြင်းသတင်းကောင်းကိုသယ်ဆောင်လာပေးသူ၊ တစ်ပါး သူကိုကုသပေးသူ၊ မကြားနိုင်သူတို့၏ကြားနိုင်သောနေရာ၊ လူတိုင်းသခင်ခရစ်တော်၏ နှုတ်ကပတ်တော် ကိုကြားနိုင်သောနေရာမှာအဖြစ်တည်ရှိရန်ဘုရားရှင်ထံအတူတကွဆုတောင်းကြပါစို့ဟုလတိုက်တွန်းဆုံးသတ်ခဲ့ပါသည်။

Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *