
ကိုယ်နဲ့ မဆိုင်သလို ပဲနေတော့ မှာလား ?
အားလုံးပဲ မင်္ဂလာပါ။
ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ “မဆိုင်သလို မနေပါနဲ့” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ သဘာဝတရားကိုတော့ လူတိုင်းသတိပြုမိကြမှာပါ၊ သတိမပြုလို့လည်း မရပါဘူး။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ဟာ ထိုသဘာဝတရားကြီးရဲ့ ဖောက်ပြန်မှုကို ကြုံတွေ့နေကြရလို့ပါပဲ။ ကျွန်တော်တို့တွေက ထိုသဘာဝတရားရဲ့ ဖောက်ပြန်မှုကို ဘယ်သူမှ မခံစားခြင်ကြတာတော့ အမှန်ပါ။ သို့သော် ထိုအရာကို ပြန်လည်ကောင်းမွန်အောင်၊ ပို၍မဆိုးလာဖို့ ထိန်းသိမ်းမယ့်နည်းလမ်းတွေကို လေ့လာတဲ့လူတွေဟာ အလွန်ကိုရှားပါတယ်။ လူအများစုဟာ ထိုသဘာဝတရားဆိုတဲ့အရာကို ကိုယ်နဲ့မဆိုင်သလို နေထိုင်နေကြပါတယ်။
ထိုကြောင့် ဒီဗီဒီယိုလေးထဲမှာ “ကိုယ်နဲ့မသက်ဆိုင်ဘူး” လို့ထင်တဲ့သူတွေကို ပြန်လည်သတိပေးရင်း သဘာဝတရား၏ ဖောက်ပြန်မှုကို ဘယ်လိုကာကွယ် ထိန်းသိမ်းကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။
တင်ဆက် – ဇော်နိုင်ဦး
တည်းဖြတ် – စတီဗင်“

