ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၇)ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့ဩဝါဒ ၃၁၊ ၇၊ ၂၀၂၅

Daily Reflection 31 July 2025 Matthew 13: 47-53
ဓမ္မမိတ်ဆွေတို့ သခင်ခရစ်တော် သူ့ရဲ့တရားတွေဟောကြားလှည့်လည်တဲ့နေရာတွေဟာ ဂါလေးယာ ပင်လယ်ကမ်းခြေတလျောက်မှာဖြစ်ပြီး၊ ငါးဖမ်းသမားတွေရဲ့နေ့စဉ်ဘဝတွေ၊ သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေနဲ့ရှင်ပြီးတော့မှ သူ့ရဲ့တရားကိုနေ့စဉ်အဖြစ်အပျက်တွေကိုအခြေခံပြီး ပုံဥပမာအနေနဲ့အတူဟောလေ့ရှိတယ်။ ဒီကနေ့ကျမ်းစာမှာလည်း ကောင်းကင်နိုင်ငံတော်ဟာပိုက်ကွန်နဲ့တူတယ် ပင်လယ်ထဲမှာရှိတဲ့အရာအားလုံးကိုဆွဲယူတယ်။ ဒီအချက်ကဘာကိုဆိုလိုသလဲဆိုရင် ကောင်းကင်နိုင်ငံတော်ဟာလူတိုင်းအတွက်ဖြစ်တယ်။ ကောင်းတဲ့သူမကောင်းတဲ့သူ၊ ဆိုယူတဲ့သူမဆိုးယုတ်တဲ့သူ၊ အရက်သမား၊ ဖဲသမား၊ မိန်းမလိုက်စားသူ၊ လောင်းကစားလုပ်သူ၊ လူသားသမား၊ လူသတ်လက်နှက်ရောင်းချသူ၊ လူသတ်ဆေးဝါးရောင်းချသူ၊ ကိုယ်ဝန်ဖျက်ချသည့်ဆရာဝန်၊ ဘုန်းတော်ကြီး၊ မယ်သီလ၊ သာမန်လူဝတ်ကြောင်၊ ဒီထဲမှာအားလုံးပါတယ်။ ကောင်းကင်နိုင်ငံတော်ကလူတိုင်အတွက် လူတိုင်ပါဝင်လို့ရတယ်။ သို့သော်လည်းထိုက်တန်သူသာလျှင် ရွေးချယ်ခံရလိမ့်မယ်။ ကောင်းတဲ့ငါးတွေကို တောင်ထဲမှာထည့်ဆုသိန်းပြီး မကောင်းတဲ့ငါးတွေကို အဝေးကိုလွင့်ပစ်လိုက်တယ်။ ဒီအချက်ကဘာကိုဆိုလိုတာလည်း။ ဘုရားရွးယူမည့် ကောင်းတဲ့ငါးတွေဆိုတာကဘယ်လိုဟာတွေလည်း။ အဝေးကိုလွင့်ပစ်မယ့်ငါးတွေဆိုတာကဘယ်လိုဟာတွေလည်း။ ဘုရားကကောင်းမြတ်ခြင်းဖြစ်တယ်။ ဒါကြောင့်ကောင်းမြတ်တဲ့အရာကိုပဲရွေးချယ်မယ်။ ဘုရားကချစ်ခြင်းမေတ္တာဖြစ်တယ်။ ချစ်ခြင်းမေတ္တာရှိတဲ့သူကိုပဲရွေးချယ်မယ်။ ဘုရားကသူ့ကိုယုံကြည်သူကို ယုံကြည်အားကိုးသူ၊ အရာရာထက်သူ့ကိုချစ်မြတ်နိုးသူ။ ဘုရားကခွင့်လွတ်ခြင်းဖြစ်တယ်။ ခွင့်လွှတ်တတ်သူကိုပဲရွေးချယ်မယ်။ ဘုရားကငြိမ်းချမ်းမှုဖြစ်တယ် ငြိမ်းချမ်းသောနှလုံးသားပိုင်ရှင်တွေကိုသာဘုရားကရွေးချယ်မယ်။ ဘုရားကအတ္တမာနကင်းတဲ့သူ သာရွေးချယ်မယ်။ မိဘတို့ကိုရိုသေတဲ့သူ၊ သဘာဝပတ်ဝန်းကျင်ကိုကောင်းကျိုးပြုသူ၊ ဒုက္ခရောက်သူကိုကူညီသောသူ၊ အဲ့လိုလူတွကို ကောင်းကင်နိုင်ငံ အတွက် စုသိမ်းမယ်ဘုရားကဆိုးယုတ်သူ၊ အတ္တမာနကြီးတဲ့သူ၊ ယုတ်မာရိုင်းဆိုင်တဲ့သူ၊ လောဘယမက်ကြီး၊ အဲလိုလူတွေကိုမရွေးချယ်ဘူး အဝေးကိုလွှင့်ပစ်မယ်။ ဘုရားဆီကဝေးကွာသောအရပ်မှာ ပူလောင်ခြင်း၊ ဒုက္ခခံရခြင်း၊ မေတ္တာတရားနှင့်ကင်းကွာရခြင်း၊ ညှင်ပန်းနှိပ်စက်ခံရခြင်းနေတာကြုံတွေ့ကြရမယ်။ မိတ်ဆွေသင်ရော ရွေးချယ်ခံရတဲ့သူအစုထဲမှာရှိနေသလားသို့မဟုတ်အဝေးကိုလွှင့်ပစ်ခံရမယ့်အစုထဲမှာရှိနေသလား။ ဓမ္မမိတ်ဆွေပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော့မူကြပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *