
ဆယ်ကျော်သက်အရွယ်ကနေ အောင်မြင်တဲ့ အရွယ်ရောက်ဖို့ မိဘတွေ ဘယ်လိုကူညီထောက်ပံ့နိုင်မလဲ။
To Become
ဒီနေ့မှာ ဆယ်ကျော်သက်အရွယ်ကနေ အောင်မြင်တဲ့ ကြီးကောင်ဝင်အရွယ်ရောက်ဖို့ မိဘ တွေ ရှာဖွေဖော်ထုတ်နိုင်မဲ့ နည်းလမ်းလေးတွေကို Sharing လုပ်ပေးသွားမှာပါ။
များသောအားဖြင့် ဆယ်ကျော်သက်ရွယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရတာက မလွယ်တဲ့ အကြောင်း မိဘတိုင်းသိကြပါတယ်။
မြေတောင်မြှောက်ရတာ အင်မတန်မှ ခက်ခဲတယ်လို့ ထင်ရပေမယ့် အကျိုးအကြောင်းလေး တွေကို သိရင်တော့ မိဘတွေအနေနဲ့ လွယ်ကူလာပါလိမ့်မယ်။
လူတစ်ယောက်က ရောဂါတစ်ခုရလာရင် ရောဂါနဲ့ ဆိုင်တဲ့ ကုထုံး treatment care ပြုစု စောင့်ရှောက်ပေးရသလို မိဘက မိမိဆယ်ကျော်သက်ရွယ် သားသမီးကို သင်ကြားကူညီပေးရမှာပါ။ တစ်ခါတစ်လေ ကွဲပြားခြားနားစွာနဲ့ တွေးတောပြီး ပြောပြပေးရမှာပါ။ မိဘနဲ့ သားသမီးဆက်ဆံရေး ပျက်စီးနေရင်လည်း ပြန်ကောင်းအောင် မိဘကိုယ်တိုင် ပြင်ဆင်ပေးရမှာပါ။ ဒါမှ လူလားမြောက်တဲ့ အရွယ်ရောက်လာတဲ့အခါ အဆင်သင့်ဖြစ်နေမှာပါ။ တချို့ဆယ်ကျော်သက်ရွယ်က ဖြစ်နိုင်ချေ ရှိပေ မယ့် စိတ်ခံစားချက်မှုဆိုင်ရာ ပြင်းထန်တဲ့ နောက်ခံမိသားစုက ဆင်းသက်လာခဲ့ရင် အခြားကလေး တွေနဲပ မတူပဲ လူမှုပေါင်းသင်းဆက်ဆံရေး လစ်ဟာတဲ့၊ ညံ့တဲ့ သူဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ လူလားမြောက်အရွယ်ကို ကူးပြောင်းဖို့ ခက်ခဲတတ်ပါတယ်။
မိဘအနေနဲ့ သားသမီး ဆယ်ကျော်သက်အရွယ် teen ရောက်လာပြီမို့ မိဘစကား အကုန် နားထောင်ရမယ်၊ မိဘက အကုန် Control လုပ်ဖို့တော့ မလိုတော့ပါဘူး။ အသေးစိတ် အချိန်ပြည့် ထိန်းသိမ်းကြည့်ရှု့စောက်ရှောက်ဖို့လည်း မလိုတော့ပါဘူး။ သူတို့အရွယ်က တိုးတက် ဖွံ့ဖြိုးတဲ့ အရွယ်ရောက်လာပါပြီ smart ဖြစ်လာပြီ သူတို့ပြဿနာကို သူတို့ကိုယ်တိုင် ဖြေရှင်းတတ်လာပြီး ကလေးဘဝကထက်စာရင် တချိန်လုံး မဟုတ်ပေမယ့် လွတ်လပ်မှု ပိုပြီး ပေးရမဲ့ အရွယ်ရောက်ပြီး တစ်ခါတစ်လေ သူတို့ဘာသာ ဖြေရှင်းကျရှုံးမှုလေးတွေရှိခဲ့ရင် မိဘအတွက်က သာမန်ကျရှုံးမှု လို့ ထင်ရပေမယ့် သူတို့အတွက်က အင်မတန်ကြီး ကျယ်တယ်လို့ ထင်မှတ်ပြီး နာကြင်မှုတွေရတာ တွေ့ရတဲ့အခါ မိဘက ကူညီဖို့ လိုပါသေးတယ်။ လုံးဝလွှတ်ထားလို့ မရသေးတဲ့အရွယ်ဖြစ်တယ် ဆိုတာ မိဘက သိသင့်ပါတယ်။ မိဘဆီက လုံခြုံမှုတွေ ပေးရပါအုံးမယ်။ သူတို့မှာ လိုအပ်တာတွေ ရှိသေးတယ်ဆိုတာ သူတို့ကိုယ်တိုင်သိသလို မိဘပါဝင်မှ အပြည့်အဝ အသေအချာ ပြီးမြောက်မယ် ဆိုတာလဲ သူတို့ကိုယ်တိုင် သိဖို့လိုအပ်သေးတယ်။
ဒီတော့ အပျိုဖော်၊ လူပျိုဖော် ဝင်လာတဲ့အခါ ဟော်မုန်းကမြင့်တက်လာပြီး ခန္ဓာကိုယ်၊ ဦးနှောက်၊ အရိုးအဆစ်၊ ကြွက်သားဖွံ့ဖြိုးလာပြီး စိတ်ခံစားချက်ကို ဦးဆောင်လိုက်ပါပြီမို့ မိဘနဲ့ သားသမီးပြဿနာလေးတွေဖြစ်တတ်လာပြီး မိဘက နောက်ပြန်ဆွဲနေလို့ ဒီလိုအဖြစ်အပျက်လေး တွေ ရှိတာပါလို့ ပညာရှင်တွေက ပြောဖူးပါတယ်။ မိဘကဆီကနေ ယုံကြည်မှုတွေ အများကြီးရတဲ့ ဆယ်ကျော်သက်ဆိုရင် မိမိကိုယ်မိမိ ပြန်ပြီး အုပ်ချုပ်တတ်တယ်။ မိဘကို ဝေဖန်တာတွေမရှိဘူး၊ သင့်လျော်တဲ့ သဘောမတူညီမှုလေးတွေတော့ ရှိတတ်တယ်။ မိဘအနေနဲ့ အပြုသဘောမဆောင်တဲ့ အကျိုးဆက်တွေကို တွေးနေတာထက် လက်ခံရမှာဖြစ်ပြီး ပြဿနာကို ဖြေရှင်းလို့ တွေးနေတာထက် လက်ခံရမှာဖြစ်ပြီး ပြဿနာကို ဖြေရှင်းလို့ ရနိုင်ပါတယ်။ သူတို့ကလည်း မိဘကို နားလည်တဲ့အမြင် တွေရှိလာပါလိမ့်မယ်။
အဲ့ဒါကြောင့် ၁၆ နှစ်၊ ၁၇ နှစ် အရွယ်ကစလို့ သင်ပေးရတော့မယ်ပြီးတော့ မှတ်သားထားဖို့ပါ မိဘရဲ့ လမ်းညွှန်မှုနဲပ Control လုပ်ပြီး သားသမီးက လက်မခံဘူးဆိုရင် မိဘဆီက feedback ပြန်မရနိုင်ဘူးဆိုတာ ပြောပြရင်းနဲ့ မိဘနဲ့သားသမီး relationship ဝေးကွာသွားနိုင်ဖို့ပဲ ရှိတယ်ဆို တာရယ်၊ သားသမီးက ရင့်ကျက်တဲ့ အရွယ်လာပြီဆိုတာ မိဘက ယုံကြည်တယ်၊ ဒါတွေကို လုပ်ရ မယ်ဆိုတာ သားသမီးကလည်း သိရမယ်။ မိဘဆီက trust freedom ကို ရချင်ကြတယ်။ သားသမီး ကလည်း မိဘရဲ့ ယုံကြည်မှုကို လိုချင်ကြတယ်။ အဲ့ဒီတော့ မိဘက သားသမီးလိုချင်တဲ့ ယုံကြည်မှုကို ပြပေးရမယ်။ မိဘက သားသမီးဆီက တောင်းဆိုချက်တွေ တောင်းမယ်။ Control လုပ်မယ်ဆိုရင် မိဘနဲ့ သားသမီး relationship ကပျက်သွားစေနိုင်ပါတယ်။
ဒါဆိုရင် ရှေ့ဆက်ရမယ့် teen တွေရဲ့ ဘဝ ပြောင်းလဲမှုတစ်ခုအတွက် မိဘအနေနဲ့ သားသမီး ကို ပြုပြင်ပုံသွင်းသွားဖို့ အချိန်ရနိုင်သလို အသွင်စရိုက်ကို ပြောင်းလဲစေဖို့အခွင့်အလမ်းတွေလည်း ရှိပါတယ်။ ဒါမှသာ teen က အရွယ်ရောက်လာတဲ့အချိန်မှာ သူကိုယ့်သူ control ထိန်းချုပ်တတ် လာ မယ်။
မိဘနဲ့ သားသမီး မကြာခဏ ဆွေးနွေးတိုင်ပင်ပါ။ သူတို့ရှေ့ဆက်ရမယ့် adult ဘဝရောက်ဖို့ အတွက် အသွင်စရိုက်ကို ပြောင်းလဲစေဖို့ အထောက်အကူတွေ မသိမသာ ရဖို့ လိုအပ်ပါတယ်။
မိဘတွေက အဲ့ဒီလိုပြုစုပျိုးထောင်ပေးမယ်။ သူတို့လိုအပ်တဲ့ အကြံဉာဏ်တွေကို ကူညီပေး မယ်ဆိုရင် တချိန်မှာ အောင်မြင်တဲ့ adult တစ်ယောက်ဖြစ်လာမယ်ဆိုတာ မိဘရဲ့ အတွေးထဲမှာ ရှိနေရပါမယ်။
မိမိရဲ့ ဆယ်ကျော်သက်သားသမီးက ဘာတွေမျှော်လင့်ချက်ရှိနေလဲ၊ သူတို့ရဲ့ မျှော်လင့်ချက် တွေက လွတ်လပ်မှုရှိနေစေရမယ်။ သူတို့လွတ်လပ်မှုအတွက် မိဘနဲ့ သားသမီး relationship ကို ပျက်ပြားစေတဲ့ လွတ်လပ်မှုမျိုးတော့ မဖြစ်စေရဘူး။
ဒါကြောင့် မိဘတွေရဲ့ ပထမခြေလှမ်းအနေနဲ့ အောင်မြင်တဲ့ ကြီးကောင်ဝင်အရွယ်ရောက်ဖို့ မိမိကိုယ်မိမိ တည်ငြိမ်မှုရှိနေရမယ်။ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်ရမယ်။ ဒီထက်ပိုမိုတဲ့ တည်ငြိမ်မှုရှိဖို့ ရှာဖွေဖော်ထုတ် အသုံးချနိုင်ရင်ဖြင့် ကြီးကောင်ဝင်ဘဝမှာ အောင်မြင်တဲ့ လူလားမြောက်တဲ့အရွယ် ရရှိပိုင်ဆိုင်သွားနိုင်မှာပါ။

