
ရဟန်းမင်းကြီးမှ သင်တို့၏အသံသည်ကမ္ဘာမြေကြီးဆုံးတိုင်ကြားစေသားဟုဆုတောင်းပေးခဲ့။

ရဟန်းမင်းကြီးလေအို (၁၄) သည် အင်္ဂါနေ့ညက ကမ္ဘာ့လူငယ်များ၏ဂျူဗလီမစ္ဆားကိုမွန်ဆီညှော် Rino Fisichella မှဦးဆောင်ပူဇော်အပြီးရောမမြို့၌ရောက်ရှိနေသောလူငယ်များအားလှိုက်လှဲစွာကြိုဆိုခဲ့သည်။ ကမ္ဘာ့လူငယ် များ၏ဂျူဗလီမစ္ဆားကို စိန့်ပီတာရင်ပြင်၌ပင်ပူဇော်ခဲ့သည်။ မွန်ဆီညှော် Rino Fisichella သည် ဧ၀ံဂေလိပြန့်ပွားရေးရုံး၏ တာ၀န်ခံလည်းဖြစ်သည်။ ရဟန်းမင်းကြီးသည် သူ၏စီးတော် ယာဉ်ဖြင့်ကွင်းထဲပြည့်လျှံနေသောလူငယ်များအားကြည့်ရူပြီး ရင်းနှီးစွာနှုတ်ဆက်ခဲ့သည်။
ရဟန်းမင်းကြီးက ဘုရားဖူးဂျူဗလီခရီးပြုရန်ရောက်ရှိနေကြသောကမ္ဘာ့လူငယ်များအား သင်တို့သည် လောက၏ဆား၊ သင်တို့သည် လောက၏အလင်းဖြစ်ကြသည်ကိုမမေ့ရန်၊ ယနေ့သင်တို့၏အသံများ၊ သင်တို့၏တက်ကြွမှုများ၊ သင်တို့၏အော်သံများ စသော စသောအရာအားလုံးသည် ယေဇူးခရစ္စတူး အတွက်ဖြစ်စေပါ။ ကမ္ဘာဆုံးထိတိုင်ကြားရ စေသားဟုသတိပေး၊ အသိပေးမိန့်ကြားခဲ့သည်။
ဆက်လက်၍ ယနေ့မှစရက်အနည်းခရီးပြုကြမည်။ ထိုခရီးသည်မျှော်လင့်ခြင်း၏ဂျူဗလီ ခရီးဖြစ် သည်။ ကမ္ဘာကြီးသည် မျှော်လင့်ခြင်းသတင်းစကားကိုလိုအပ်နေသည်။ သင်တို့သည်ထိုသတင်း စကား များဖြစ်ကြသည်။ သင်တို့ သည်ထိုသတင်းကိုလူတိုင်းဆီအရောက်ဆက်လက်သယ်ဆောင်ပေးရမည်။
သင်တို့သည်ကမ္ဘာကြီးအတွက်မျှော်လင့်ခြင်းအမှတ်သက်ေတများဖြစ်ကြမည်ဟုမျှော်လင့်ပါသည်။ ယ နေ့သည်ထိုခရီး၏အစဖြစ်ပါသည်။ နောက်ရက်များ၌ ဘုရားသခင်၏ကျေးဇူးတော်၊ မျှော်လင့် ခြင်း သတင်း၊ အလင်းတန်း ကိုရောမမြို့အားလည်းကောင်း၊ အီတလီတစ်နိုင်ငံလုံးအားလည်းကောင်း၊ ၄င်းနောက်ကမ္ဘာတစ်၀ှမ်းလုံးအားလည်းကောင်းသယ်ဆောင်သောအင်အားများဖြစ်ရန်အခွင့်အရေးရကြမည်။
ကျွန်ုပ်တို့အားလုံးယေဇူးခရစ္စတူးသခင်၌ယုံကြည်ရင်းအတူကွလျှောက်လှမ်းကြစို့။ ကျွန်ုပ်တို့၏အော်သံ များသည်လည်း ကမ္ဘာကြီး၏ငြိမ်းချမ်းရေးအတွက်ဖြစ်စေရမည်။ ကျွန်ုပ်တို့ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး ကိုလိုလားသည်။ ငြိမ်း ချမ်းရေးအတွက်ဆုတောင်းကြစို့ … ‘ ဟုအားလုံးအတူကွကြွေးကြော်ကြစို့။
ငြိမ်းချမ်းရေးအတွက်ဆုတောင်းကြစို့။ ယေဇူးခရစ္စတူးသခင်ပေးသော၊ လောကပေးသည်နှင့်မတူသော ငြိမ်းချမ်း၊ ရင်ကြားစေ့ရေးကိုသက်သေခံသူများဖြစ်ကြပါစို့။ ဤကမ္ဘာအလင်းမျိုးကို ကျွန်ုပ်တို့စောင့် စားရှာဖွေနေကြသည်ဟု ရဟန်းမင်းကြီးမိန့်ကြားခဲ့သည်။
ရဟန်းမင်းကြီးသည် လူငယ်တို့အားကောင်းချီးပေးပြီးနောက် ရောမမြို့၌အကျိုးရှိမည့်တစ်ပတ်တာ ဖြစ် ပါ စေဟုဆန္ဒပြုဆုတောင်းပေးရင်း၊ လာမည့် ဩဂုတ်လ (၂ -၃) ရက်နေ့ ကမ္ဘာ့လူငယ်များ၏ ဂျူဗလီ မစ္ဆားကို TorVergata ကွင်းပြင်၌ထပ်မံဆုံဆည်းကြမည်ဟုမိန့်ကြားနှုတ်ဆက်ခဲ့သည်။
ဂိုဏ်းချုပ်ဆရာတော် Rino Fisichella ၏ဩဝါဒ။
ဂိုဏ်းချုပ်ဆရာတော် Rino Fisichella ၏လူငယ်များအားဟောကြားသောဩ၀ါဒကား ‘ရှင်ပြန်ထ မြောက်သောခရစ္စတူးသခင်၏သက်သေခံများဖြစ်ကြလော့’ ဟုဖြစ်သည်။ ဂိုဏ်းချုပ်ဆရာတော် သည်ရ ဟန်းမင်းကြီးကြွ ရောက်မလာမီ ထိုနေ့ကဖတ်ကြားသည့်ဧ၀ံဂေလိကျမ်းစာကိုထောက်ရူခဲ့သည်။ ကျမ်း ရေးသူကကျွန်ုပ်တို့အား ယုံကြည်ခြင်း သည်တွေ့ဆုံရင်ဆိုင်ခြင်းဖြစ်သည်။ သို့သော် ကျွန်ုပ်အင်အား ဖြင့်တွေ့ဆုံရင်ဆိုင်ခြင်းမဟုတ်။ ထို့ကြောင့်ရှင်ပြန်ထမြောက် သောခရစ္စတူးသခင်၏ သက်သေခံဖြစ်ရန် မကြောက်နှင့်။ ဤအချက်သည်ကျွန်ုပ်တို့အားယုံကြည်သူခရစ်ယာန်များဖြစ်စေ သည်။ ခရစ္စတူးသခင် ရှင်ပြန်ထမြောက်ပြီ။ ကျွန်ုပ်တို့သူ့ကိုမြင်တွေ့ခဲ့ရပြီ။ သူ့ကိုယုံကြည်သည်။ ဤယုံကြည်ခြင်းသည်အ သက်၀င်လာရမည်။ ဂိုဏ်းချုပ်ဆရာတော်သည် သူ၏ဩ၀ါဒအဆုံးသတ်၌ (၁၆) ကြိမ်မြောက် သာမန် တနင်္ဂနွေနေ့ကရဟန်း မင်းကြီးလေအို (၁၄) ၏မိန့်ကြားချက်ဖြစ်သော ‘ခရစ္စတူးနှင့်တွေ့ဆုံပါ။ ထို့ကြောင့် ကျွန်ုပ်ဤနေရာ၌စောင့်နေပါသည်။ ခရစ္စ တူးနှင့်တွေ့ဆုံ၍ယုံကြည်ခြင်းနှင့်သမာဓိ၌သူ့အားဆက်ကပ်နိုင်ရန် သူ၏အားပေးမှုကိုခံယူပါ’ ဟုတိုက် တွန်းအားပေးခဲ့ သည်။
ဘာသာပြန်- Fr. Clement Ate
News- Vatican News
Website: rvamyanmar.org

