ဖာသာရ် . Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၇)ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ဩဝါဒ ၃၀၊ ၇၊ ၂၀၂၅

Daily Reflection 30 July 2025 Matt 13:44-46
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်မာတဦး ကျမ်း ၁၃:၄၄-၄၆ မှာ တန်းဖိုးကြီးတဲ့ ထာဝရအသက် ဘယ်မှာရှိတယ်။ ကေားကင်နိုင်ငံကို ဘယ်လို ရယူရမယ် ဆိုတဲ့ပုံဥပမာကို သခင်ခရစ်တော်ဟေားကြားခဲ့တယ်။ တန်ဖိုကြီးတဲ့ရတနာ ဘယ်မှာရှိလဲး သိမှ ရမယ်သိပြီးရင် ရယူဖို့အတွက် အရင်းအနှီး‌ ပေးဆပ်ရမယ်။ ဒီကနေ့ကျမ်းစာထဲကတန်ဖိုးကြီးတဲ့ပုလဲရတနာကဘာကိုကိုစားပြုတာလဲ၊ ကောင်းကင်နိုင်ငံ၊ ထာဝရအသက်၊ ဘုရားနဲ့အတူနရခြင်း၊ ပြီးပြည်စုံးသောဘဝ၊ အဆုံးအစမဲ့ ပျော်ရွှင်ရခြင်း၊ ကျနော်တို့ယုံကြည်သူကက်သလစ်ဘာသာဝင်တွေ ဘာအတွက်ဘုရားကျောင်းသွားကြတာလည်း။ ဘာအတွက်စုတောင်းကြတာလဲ၊ ဘာအတွက်ကရုဏာလုပ်ငန်းတွေလုပ်ကြတာလည်း။ ဘာအတွက်ပေးကမ်းစွန့်ကြဲခြင်းတွေ၊ အစာရှောင်၊ဝါရှောင်၊ အနစ်နာခံမှုတွေကိုလုပ်နေကြတာလည်း။ ဂရုဏာတရားတွေပြကြ၊ မေတ္တာတရားတွေပြကြ၊ ခွင့်လွှတ်ခြင်းတရားတွေကျင့်ကြ၊ ဒါတွေအားလုံးကဘာရည်ရွယ်ချက်အတွက်လုပ်ကြတာလည်း။ အလွယ်ဖြေရရင် သေရင်ကောင်းကင်နိုင်ငံသွားဖို့ ဒီရည်ရွယ်ချက်အတွက်လုပ်နေကြတာပါပဲ။ ကောင်းကင်နိုင်ငံကိုလိုချင်တယ်ဆိုရင်၊ ထာဝရအသက်ကိုလိုခြင်ရင်၊ အရင်းနှီးကတော့ပေးဆပ်ရမှာပဲ။ ထာဝရအသက်တော်ရခြင်းတယ်၊ ကောင်းကင်နိုင်ငံရောက်ချင်တယ်၊ ဆင်းရဲဒုက္ခငတ်မွတ်ခေါင်းပါခြင်းတွေ၊ ကင်းတဲ့နေရာရောက်ချင်တယ်။ ဘုရားနဲ့ပေါင်းစပ်ရတဲ့ဘဝရောက်ချင်တယ်။၊ ငရဲမှာထာဝရဒုက္ခမခံချင်ဘူး။ သို့သော်တစ်ဖက်မှာလည်း အနစ်နာမခံချင်ဘူး၊ အပင်ပန်းမခံချင်ဘူး၊ ကိုယ့်ဘဝကိုမပြောင်းလဲချင်ဘူး။၊ အပြစ်ရဲ့သာယာမှုထဲကမရုန်းထွက်ချင်ဘူး။၊ ခွင့်လွှတ်ခြင်းအမှုတွေမပြုနိုင်ဘူး၊ နှိမ့်ချခြင်းအမှုတွေမပြုနိုင်ဘူး။ မိမိဘဝထဲကဖဲ့ပေးရမယ့်အရာတွေအဆုံးရှုံးမခံချင်ဘူး။ တကယ်ရင်းနှီးပေးဆပ်ရမယ့်အရာတွေ၊ မပေးဆပ်နိုင်ဘူး၊ အဲ့လိုဆိုရင်ဘယ်လိုလုပ်ကောင်းကင်နိုင်ငံသွားမလည်း။ တန်ဖိုးကြီးတဲ့ရတနာ၊ ကောင်းကင်နိုင်ငံထာဝရအသက်ကိုတော့သိတယ်။၊ သွားလည်းသွားခြင်တယ်၊ ပေးဆပ်အနစ်နာခံဖို့မလုပ်ချင်ရင်တော့တန်ဖိုးကြီးတဲ့ရတနာဟာ မြေကြီးထဲမှာပဲဆက်ရှိနေဦးမှာပါပဲ။
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *