ဘုရားကျောင်း၌ကိုယ်တော်မြတ်ဖူးနေသော ဘာသာတူများသေနတ်ဖြင့်ပစ်သတ်ခံရ။

ဘုရားကျောင်းအတွင်း၌ ကိုယ်တော်မြတ်ဖူးနေစဉ်ပစ်သတ်ခံရသော ဓမ္မအာဇာနည်များ၏သွေးသည် ငြိမ်း ချမ်းရေး၊ ရင်ကြားစေ့ရေး၊ညီအစ်ကိုရင်းစိတ်ဓာတ်နှင့် မိမိတို့ပြည်သူကိုချစ်သောစိတ်များ တိုးပွား စေမည့် မျိုးစေ့များဖြစ်ကြပါစေသားဟု ရဟန်းမင်းကြီးလေအို (၁၄) သည် ကွန်ဂိုသမ္မတနိုင်ငံအတွင်းရှိ Komanda ကက်သလစ်ဘုရားကျောင်း၌ ပစ်သတ်ခံရသူတို့နှင့်စပ်လျင်း၍ ကြေကွဲ၀မ်းနည်းစွာ ဆုတောင်းပေးခဲ့သည်။

ပြီးခဲ့သောတနဂ်နွေနေ့က အရှေ့ကွန်ဂို၊ Ituri ခရိုင်၌ ကိုယ်တော်မြတ်ဖူးဆုတောင်းနေသောကက်သလစ် ဘာသာတူ (၄၀) ခန့်အခင်းဖြစ်ပွားသည့်နေရာ၌ပစ်သတ်ခံခဲ့ရသည်။ သူပုန်တို့သည်၀တ်ပြုဆုတောင်းနေသောဘုရား ကျောင်းထဲသို့၀င်‌ရောက်လာပြီး ၀တ်ပြုနေသူတို့အပေါ်ကျည်မိုးရွာသွန်းပါတော့သည်။ အမျိုးသမီး၊ ကလေးသူငယ်များအပါ အ၀င်အနည်းဆုံး (၃၈) ဦးသည်

၀တ်ပြုနေသောဘုရားကျောင်း၌ပင် အသက်ဆုံးရှုံးခဲ့ကြောင်း၊ အခြား (၅) ဦးမှာရွာနီးချုပ်စပ်၌ပစ်သတ်ခံရသည်ဟုအတည်ပြုနိုင်ခဲ့သည်။

အခင်းဖြစ်ပွားသည့်အပေါ် ရဟန်းမင်းကြီးကိုယ်စားဗာတီကန်၏အတွင်းရေးမှူးကာဒီနယ် PietroParolin မှကွန်ဂိုကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဂိုဏ်းချုပ် ဆရာ တော် Mugalu ထံ ကြေးနန်းစာပေးပို့ ၍ ရဟန်းမင်းကြီးလေအို (၁၄) သည်ကွန်ဂို၌လူအသေအပျောက်များစေခဲ့သော ဘုရားကျောင်းအတွင်း၀တ်ပြုစဉ်သေနတ်ပစ်ဖောက်သည့်အခင်းကိုကြားသိရ၍ ထိတ်လန့်သွားရပြီး၊ များစွာစိတ်ထိခိုက်ခံစားရကြောင်း၊ယခုအခင်းဖြစ်ပွားမှုသည် တရားတော်အတွက် အသေခံအသက်စွန့် နေသော ထိုမလုံခြုံသည့်ဒေသမှပြည်သူတို့၏လုံခြုံရေး၊ဘက်စုံလွှမ်းခြုံ သောအ ရေးတကြီးလုပ် ဆောင် မှုလိုအပ်ကြောင်းကိုပြသနေကြောင်း၊ ရဟန်းမင်းကြီးမှထိုအခင်းဖြစ်ပွားသော သူတော် မြတ် Anuarite သာသနာနယ်အတွင်းရှိဘာသာတူများ၊ပူဆွေး၀မ်းနည်းနာကြင်နေရသောမိသားစု၀င်များ၊ ဘာသာတူများနှင့်ဤသတင်းကြောင့်ထိတ်လန့်နေကြသော ကွန်ဂိုပြည်သူသမ္မတနိုင်ငံ တစ်၀ှမ်းမှ ပြည်သူများအားသူ၏ကောင်းချီးပေးနှစ်သိမ့် လိုက်ကြောင်းရေးသားပေးပို့ခဲ့သည်။

အစွန်းရောက်စစ်သွေးကြွများ

ကွန်ဂိုအာဏာပိုင်တို့၏ပြောဆိုချက်အရ Komanda မြို့ရှိသူတော်မြတ် Anuarite သာသနာအုပ်စု၌ ဖြစ်ပွားခဲ့သည့်အခင်းသည်

ပဋိပက္ခဖြစ်ပွားနေသောဒေသတစ်လည်းဖြစ်ပြီး၊ ဒီမိုကရေစီညွှန်ပေါင်းတပ်နှင့်အီစ္စလာမ်ပြည်နယ်ထူထောင်ရေးအဖွဲ့၏အားပေးထောက်ခံမှုကိုရယူထားသောသူပုန်အဖွဲ့တို့ကြားဖြစ်ပွားခြင်းဖြစ်ကြောင်း၊ဤပွတ်တိုက်မှု များ၌ အရှေ့ကွန်ဂိုနှင့်ယူဂန်န္ဓာနယ်စပ်မှပြည်သူများသည်မြေစာပင်ဖြစ်နေကြရကြောင်း၊ဒီမိုကရေစီညွှန်ပေါင်းတပ်သည် ယူဂန်န္ဓာ၌အခြေချလာခဲ့သည်မှာ (၁၉၉၀) ကတည်းကပင်ဖြစ်သည်။

နှစ်ပေါင်းရှည်ကြာခဲ့သော အာဏာရှင်စနစ်ကိုဖြိုချပြီး နောက်ပိုင်း ညွှန်ပေါင်းတော်လှန်ရေးအဖွဲ့သည်ယူဂန်န္ဓာအစိုးရသစ်ဖြစ်သော သမ္မတ Yoweri Museveni အားမွတ်စလင် မလိုလားသူဟုမြင်ကြပြီး၊ထိုအချိန်မှစ၍ တော်လှန်ရေးအင်အားစုများသည် တစ်စတစ်စကြီးထွားအားကောင်းလာခဲ့သည်။ သို့သော်ယူဂန်န္ဓာ၌အခြေမချနိုင်အောင် နိုင်ငံ၏နယ်နိမိတ်ပြင်ပသို့နင်ထုတ်ထားခဲ့သည်။ ယခုအခါနယ်စပ်ဒေသဖြစ်သော ယူဂန်န္ဓာနှင့်ကွန်ဂိုနယ်စပ်၌အခြေချကာလမ်းပမ်းဆက်သွယ်ရေး ခက်ခဲသော ဒေသရှိပြည်သူများကိုပစ်မှတ်ထားသတ်ဖြတ်မှုများကျူးလွန်လာခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ဘာသာပြန်- Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *