မိသားစုများဂျူဘီလီနှင့် အဖိုးအဖွားများပွဲနေ့ကိုကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ စိန့်ဂျိုးဇက်သာသနာစီရင်စု စိန့်ဂျိုးဇက်ဘုရားကျောင်း(လဖိန်း) ၌ မန္တလေးသာသနာလုံးဆိုင်ရာ မိသားစုများဂျူဘီလီနှင့် ပဥ္စမအကြိမ်းမြောက် ကမ္ဘာ့အဖိုးအဖွားများနှင့် သက်ကြီးသူများပွဲနေ့ကို (၂၆၊၇၊၂၀၂၅) စနေနေ့ မနက်၇:၀၀ အချိန်၌ မန္တလေး သာသနာပိုင် ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ မစ္ဆားတရားဦးဆောင် ပူဇော်ပေးခဲ့ပါသည်။

မစ္ဆားတရား၌ ဆရာတော်မိန့်ကြားသည်မှာ

“မိမိ၏မျှော်လင့်ချက်ကို မစွန့်လွတ်သူသည် မင်္ဂလာရှိသူဖြစ်တယ် မျှော်လင့်တယ်ဆိုတာက လောကထဲ မှာ သစ္စာမဲ့တဲ့တရားတွေ၊ ပျက်စီးယိုယွင်းနေတဲ့ စိတ်နေစိတ်ထားတွေ ပျောက်ကွယ်သွားတဲ့ စိတ်ထား စိတ်မြတ်တွေ ဘုရား၌ကျွန်ုပ်တို့ ထားတဲ့မျှော်လင့်ချက်ဖြစ်တယ်။

အသက်ကြီးသူတွေကို ဆုတောင်းပေးရမယ် ကူညီထောက်ပံ့ပေးရမယ် ပြီးရင်မိမိတို့အဖိုးအဖွားတွေ ကိုယ်၌ကလည်း စိတ်နဲ့ကိုယ်တစ်ခြားဖြစ်နေတော့ တစ်ခါတလေ သားသမီးတွေ မြေးမြစ်တွေရှေ့မှာ မကောင်းတဲ့ပုံသက်သေတွေ ဖြစ်သွားတတ်တယ်။ စိန်ဂျော်ကင်းနှင့် စိန်အန်နားတို့လို သူတို့ရဲ့ပါရမီ ကျင့် ကြံမှုတွေ ယုံကြည်မှုတွေကို မာရီးယားကိုပေးခဲ့သလို ပုံသက်သေကောင်းပြနိုင်ဖို့ ကြိုးစားရမယ်။ မာရီယားသည် အဖေနှင့်အမေဆီက ရတဲ့ကျေးဇူးတော်ကြောင့်သခင်ယေဇူးကိုလည်း ငယ်ငယ် က တည်းက အဲဒီလိုသင်ပေးခဲ့တယ် ဒါကြောင့် ပုံသက်သေမှားတွေ မပြမိရန်သတိထားရမည်” ဟု ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ မိန်းကြားခဲ့ပါသည်။

မိသားစုများဂျူဘီလီနှင့် ကမ္ဘာ့အဖိုးအဖွားများပွဲကျင်းပခြင်းနှင့်ပတ်သက်ပြီး မန္တလေးသာသနာ၏ Laity and Family Commission (Director) ဆရာ ဦးစိုင်းနိုင်က ခုလိုပြောပြသည်။

ဒီပွဲတော်သည် မြန်မာပြည်မှာသာမက ကမ္ဘာနှင့်အဝန်းကျင်းပဖို့ ပျံလွန်တော်မူသွားတဲ့ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကနေပြီးတော့ ၂၀၂၁ မှာစတင်ခဲ့တာ ဒီနှစ်နှင့်ဆို ၅ကြိမ်မြောက်ရှိသွားပါပြီ။ သို့ပေမဲ့ မန္တလေးမှာ ကျင်းပတာက ဒီနှစ်နဲ့ဆိုသုံးကြိမ်ပဲရှိပါသေးတယ်။ ဒီမန္တလေးသာသနာကြီးတစ်ခုလုံးအနေနဲ့ ကျင်းပတာ ဖြစ်ပေမဲ့ ခေတ်အခါအခြေအနေအရ နေရာအကုန်လုံးမှာ မကျင်းပနိုင်တော့ အထိမ်းအမှတ်အနေနဲ့ပဲ မြို့ ပေါ်မှာကျင်းပတာဖြစ်တယ်။

မန္တလေးမြို့ပေါ်မှာရှိတဲ့ သာသနာ စီရင်စုတွေကိုတော့ ဖိတ်တယ် လာနိုင်တဲ့သူကတော့လာကြပါသည်။ ဒီကမ္ဘာ့အဖိုးအဖွားမျးပွဲနေ့က တကယ်တမ်းကျပါတယ်။ ဒါပေမဲ့မနက်ဖြန်က တနင်္ဂနွေဖြစ်တဲ့ အတွက် ကြောင့် သာသနာအုပ်စုတိုင်းမှာ တနင်္ဂနွေအစီအစဉ်တွေရှိကြတယ် ဘုန်းတော်ကြီးတွေလည်း မအားကြ ဘူး ဒါကြောင့် ကျွန်ုပ်တို့က ဒီကနေ့ ကျင်းပကြခြင်းဖြစ်ပါတယ်။

ဂျူဘီနှစ်ဖြစ်တဲ့အတွက် ဂျူဘီလီပွဲ တွေကို အလွှာလိုက်ကျင်းရမှာဖြစ်ပေမဲ့ ငလျင်ဒဏ်ကြောင့် မေလမှာကျင်းပရမည့် မိသားစု ဂျူဘီလီကိုလည်းမကျင်းပနိုင်ခဲ့တဲ့အတွက် ဒီနေ့မှာတော့ မိသားစုဂျူဘီ လီနှင့် အဖိုးအဖွားများပွဲနေ့ဆိုပြီး ပူတွဲကျင်းပခြင်းဖြစ်ပါတယ်။ ဟုပြောခဲ့သည်။

ဆက်လက်ပြီး မိသားစုများဆိုင်ရာ ဩဝါဒဟောကြားသော Fr. Paul သက်ခိုင်ပြောသည်မှာ

“ကိုယ်စိုက်ပျိုးတဲ့အရာ ကိုယ်ပြန်ရိတ်ရမယ်ဆိုရင် ဘယ်လိုအရာတွေရိတ်မှာလည်း ဘယ်လိုစိုက်မလဲ ဒါကြောင့်မိဘတွေက သားသမီးလေးတွေကို ပြုစုပျိုးထောင်တဲ့အချိန်မှာ သေချာဂရုစိုက်ပျိုးထောင်ရမည်။ ဒီလိုမှမဟုတ်ရင် ကိုယ်မလိုချင်တဲ့ အရာကို ရိတ်သိမ်းရနိုင်တယ်။ သားသမီးနေရာမှာရှိနေတဲ့ သူတွေအနေနဲ့လည်း နီးလွန်းတော့မမြင်ရဆိုသလိုမဖြစ်အောင် ကိုယ့်ရဲ့အနီးအနားမှာရှိနေတဲ့ မိဘတွေ အဖိုးအဖွားတွေ သူတို့ရဲ့ကျေးဇူးကို မြင်တတ်ရမယ်။

မိဘတွေအနေနဲ့လည်း လိမ္မာယဉ်ကျေးစွာနေမယ်ဘုရားတရားကိုင်းရှိုင်းမယ်ဆိုရင် သားသမီးတွေ ကလည်း ဘုရားတရားကိုင်းရှိုင်းလာမှာ ရာခိုင်နှုန်းကပိုများပါတယ်။ မိဘတွေကိုယ်၌က ဘုရားတရားမရှိရင် သားသမီးတွေကို ဘုရားတရား ကိုင်းရှိုင်းအောင်သွန်သင်ဖို့က ခက်ပါလိမ့်မယ်။ နောက်ပြီးအသက်ရှင်သန်ခွင့်ရတဲ့အချိန်မှာ မိမိပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့လည်း သဟဇာတရှအောင် လည်းနေထိုင်သွားကြရမှာဖြစ်တယ်။ တစ်ခါတလေမှာ မိဘတွေက သားသမီးတွေကို ဝလင်အောင် ကျွေးမွေးခဲ့ရပေမဲ့ တစ်ချို့သောသားသမီးတွေက ကျေးဇူးသိတတ်ပေမဲ့ တစ်ချို့သောသားသမီးတွေက ကျေးဇူးမသိတတ်ပဲ မိဘတွေကိုစွန့်ခွာပြီးတော့မှ မိဘကိုပစ်ထားတဲ့အချိန်မှာ မိဘတွေကအိမ်မှာ အလူးအလဲခံပြီးကျန်ခဲ့ရတယ်။

သားသမီးလေးငါးခြောက်ယောက်ကို မိဘတွေက ကောင်းကောင်း‌ကျွေးနိုင်ခဲ့ပေမဲ့ တစ်ခါတလေအဲ့ သားသမီးတွေက မိဘနှစ်ပါးကိုပြန်ပြီးစောင့်ရှောက်ဖို့ ငြင်းဆန်နေကြတာလဲရှိတယ်။ ဒါကြောင့်ဘိုးဘွားရိပ်သာတွေရောက်သွားတာ အများကြီးပါ။ ဒါကြောင့်မိဘတွေရဲ့ကျေးဇူးကို မမေ့ဖို့ လိုအပ်တယ် မိဘနေရာမှာရှိနေတဲ့ မိဘတွေကလည်း မိမိရဲ့သားသမီးလေးတွေအတွက် ခွန်အားပေး တတ်တဲ့မိဘတွေဖြစ်ပါစေ သားသမီးတွေကို သွန်သင်ဆုံးမတဲ့ အခါမှာလည်း ဖျင်းလိုက်တာ၊ ညံလိုက်တာ၊ အလိုက်တာ၊ တုံးလိုက်တာ ဆိုပြီးဘယ်တော့ခါမှ မပြောလိုက်ပါနဲ့ အဲလိုပြောလိုက်ရင် ကလေးတွေပိုဆိုးသွားတတ်တယ်။ ဘာဖြစ််လို့လဲဆိုတော့ အဲ့လိုပြောဆိုခြင်းက ကလေးရဲ့ခေါင်းထဲကို အဆိပ်ခတ်လိုက်သလိုပါပဲ။

သားသမီးတွေအနေနဲ့လည်း မိမိတို့ရဲ့ မိအိုဖအိုတို့နဲ့အတူလမ်းလျှောက်တဲ့အချိန်မှာ နှေးကွေးရင်အပြစ် မတင်ပါနဲ့ ကိုယ်ငယ်ငယ်တုန်းက ရပ်နိုင်ပြီ ရပ်နိုင်ပြီ ဆိုပြီးတော့ လက်ခုပ်တွေတီးပြီး လမ်းလျှောက် သင်ပေးခဲ့တဲ့ မိဘတွေကို သတိရလိုက်ပါ ဒါကြောင့် မိဘများကို အကောင်းဆုံးကျေးဇူးဆပ်နိုင်ကြပါစေ” ဟု Fr. Paul သက်ခိုင်မှ ပြောကြားခဲ့ပါသည်။

မစ္ဆားတရားအပြီးတွင် နံနက်စာသုံးဆောင်ပြီး မိသားစုဆိုင်ရာ ဩဝါဒတရားများကို Fr. Paul သက်ခိုင်နှင့် Fr. Augustine တင်မောင်ထွန်းတို့မှ ဟောကြားပြီး ပုပ်ရဟန်းမင်းကြီး၏ကမ္ဘာ့အဖို့အဖွားများအတွက် စာချွန်တော်ဖတ်ကြားခြင်း၊ အသက်၇ဝ အထက်ရှိသော အဖိုးအဖွားများသားသမီးများမှ ဂါရဝပြု ကန်တော့ခြင်း လက်ဆောင်ပစ္စည်းများပေးအခြင်းကို ၉:ဝဝ မှ နေ့လည် ၁၂:ဝဝထိကျင်းပခဲ့ပါသည်။

News& Photo -Paul

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *