ထိန်းချူပ်ချင်စိတ်

ထိန်းချုပ်ချင်တဲ့စိတ်ဟာ မျှော်လင့်ချက်ကြောင့်ဖြစ်လာတတ်တယ် ။ ကိုယ်ပေးတဲ့အတိုင်း ပြန်ရရမယ်
ငါတွေးထားသလို ဖြစ်လာရမယ် ငါပြောသလို ပြန်ပြောလိမ့်မယ် ငါကောင်းသလို ပြန်ကောင်းပေးမယ်
ကိုယ်ချစ်ရသလောက် ပြန်ချစ်လိမ့်မယ် ငါသစ္စာထားသလို သစ္စာရှိလိမ့်မယ်
စသဖြင့် ကိုယ်ခင်တွယ်မိသူ ချစ်မြတ်နိုးမိသူတွေကို မျှော်လင့်စိတ်နဲ့ ထိန်းချုပ်ချင်လို့ ဖြစ်လာရတာ ။
ဒါကလည်း ကိုယ့်အလွန်တော့ မဟုတ်ဘူး … ဘာလို့ဆို ကိုယ်က ကောင်းပေးခဲ့ရ ၊ ကြိုးစားပေးခဲ့ရတာကိုး ။ ဒါမို့လည်း ပြန်မျှော်လင့်မိတာမို့လား ။ ဒါပေမဲ့လည်း သူဟာ ကိုယ်မှ မဟုတ်ပဲ ။
ကိုယ်တွေးသလို တွေးနိုင်ချင်မှတွေးနိုင်လိမ့်မယ် ၊ ကိုယ်ပေးသလို ပြန်ပေးရကောင်းမှန်း သိချင်မှသိလိမ့်မယ်။ စာနာစိတ်လည်း ကြွယ်ဝချင်မှ ကြွယ်ဝမယ် ၊၊ ကိုယ့်အတွက် Serious ဖြစ်စရာက သူ့အတွက် ပေါ့ပေါ့ပျက်ပျက် အရာတစ်ခုသာလို့ သဘောထားချင်လည်း ထားနေမှာပဲ ။ အဲလိုလူကို မျှော်လင့်ပြီး ကိုယ့်အပေါ် ဆက်ဆံမဲ့ သူ့ပုံစံ ၊ သူ့အပြုမူကို ထိန်းချုပ်
ချင်လို့မရဘူး ။ ကိုယ်ကူညီခဲ့သလို ပြန်ကူညီပေးဖို့ မမျှော်လင့်နဲ့
အချိန်ပေးဖို့ … အလိုက်သိဖို့ … အလေးထားဖို့
မတောင်းဆိုနဲ့ … သစ္စာရှိပေးဖို့ မခယနဲ့ … ချစ်ပေးပါလို့ သတိမပေးနဲ့ ၊ အဲတာတွေက ကိုယ်လုပ်ယူရမဲ့အရာမဟုတ်ဘူး ။ ကိုယ့်အတွက် အလိုလိုဖြစ်တည်လာတဲ့ သူ့စေတနာကိုပဲ မက်မောပါ ။ ကြည်ဖြူသလောက်ပဲ လက်ခံပါ ။
ထိန်းချုပ်ချင်ရင် ကိုယ်တတ်နိုင်တာတစ်ခုပဲရှိမယ် ။ အဲတာ ကိုယ်တိုင်ပဲ ။ ကိုယ့်ကိုကိုယ်သာ ထိန်းချုပ် ။
မျှော်လင့်နေတာတွေ လျော့ဖို့ ကိုယ်တိုင်ထိန်းချုပ် ..
ကိုယ့်ကို အနာတရဖြစ်စေတဲ့အရာတွေကနေ ဝေးဝေးနေနိုင်ဖို့ ကိုယ်တိုင်ထိန်းချုပ် …
အဲဒီလူက ကိုယ့်အတွက် မကောင်းဘူးဆိုရင် ကိုယ်တိုင်က အဲဒီလူအပေါ်ထားတဲ့ အတိုင်းတာကို ကိုယ်တိုင်ထိန်းချုပ် …
ကိုယ်တတ်နိုင်တာဟာ self control ပဲ ။ ကိုယ်ပြောင်းလဲစေချင်သူက မပြောင်းလဲရင် ကိုယ်ကပဲ ပြောင်းလဲလိုက်ပါ ။ ကိုယ်တောင်းဆိုနေတဲ့အရာက ရလဒ်မထွက်ရင် ကိုယ်ကပဲရပ်လိုက်ပါ ။ ကိုယ့်ရဲ့ သစ္စာ ၊ မေတ္တာ ၊ အချစ် နှင့် မျှော်လင့်ချက်တွေကို ကိုယ်တိုင်သာ control လုပ်ပါ ။
Self control သာ မကောင်းရင် ဘဝမှာ တွေ့သမျှ လူတိုင်းဟာ စိတ်ကင်ဆာပေးတဲ့လူတွေလို ဖြစ်နေလိမ့်မယ် ။ ဖြစ်သမျှ ပြဿနာတိုင်းကလည်း စိတ်ဒဏ်ရာတွေ အဖြစ်ကိုယ့်ဆီကျန်နေရစ်လိမ့်မယ် ။
နေ့စဉ်ဘဝမှာ အခြားသူကို ထိန်းချုပ်ချင်စိတ်တွေ ဝင်လာတိုင်း … ငါလွှမ်းမိုးသက်ရောက်နိုင်တဲ့ အရာမဟုတ်ဘူးလို့ သတိပြန်ပေးရင်း စိတ်ကင်ဆာတွေကနေ ကြိုတင်ကာကွယ်ပါ ။ ငါဟာ အခြားသူတွေကို ထိန်းချုပ်ချင်လို့မရဘူးဆိုတဲ့ အသိဟာ လွတ်လပ်တဲ့ အသိဖြစ်တယ် ။ အဲဒီအသိရှိမှပဲ အရာရာကို healing လုပ်နိုင်မှာပဲဖြစ်တယ် ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *