ရဟန်းတော်များဆိုင်ရာ ရဟန်းမင်းကြီး၏ရုံးတော်မှရဟန်းလောင်းကိုရင်များအားပြုပြင်ပုံ

ရဟန်းတော်များဆိုင်ရာရဟန်းမင်းကြီး၏ရုံးတော် 
                        ရဟန်းတော်များဆိုင်ရာ ရဟန်းမင်းကြီး၏ရုံးတော်မှ
ရဟန်းလောင်းကိုရင်များအားပြုပြင်ပုံ
သွင်းခြင်းဆိုင်ရာနှင့်စပ်လျင်း၍လိုက်နာရမည့်လမ်းညွှန်ချက်များကိုချမှတ်လိုက်ပြီဖြစ်ပါသည်။
သာသနာပိုင် ဆရာတော်များအနေဖြင့်
မိမိတို့၏သာသနာအတွင်းမှရဟန်းလောင်းကိုရင်များအား ရဟန်းဘောင်သို့တက်
လှမ်းရန်လမ်းညွှန်ပြင်ဆင်ပေးရာ၌ လူမှုရေး၊ ၀ိညာဉ်ရေး၊ ပညာရေးနှင့်
တမန်တော်လုပ်ငန်းပိုင်းဆိုင်ရာအ ရေးများ၌ လုံလောက်သောကျစ်လစ်ခိုင်မာသည် အုတ်မြစ်ကို
ချပေးနိုင်စေရန် ရဟန်းမင်းကြီး၏ရဟန်းတော်
များဆိုင်ရာရုံးတော်မှအကူအညီပေးသွားမည်ဖြစ်သည်။ ထိုရုံးတော်၏တာ၀န်ခံမှာ
ကာဒီနယ် Lazzaro You Heung sik ဖြစ်ပြီး၊ အတွင်းရေးမှူးမှာ မွန်ဆီညှော် Andrés Gabriel Ferrada
Moreira ဖြစ်သည်။      
 
သမိုင်း၀င်မှတ်စု
                        ဤရုံးတော်၏သမိုင်းကြောင်းကိုပြန်လှန်ကြည့်မည်ဆိုပါက Sacra Congregatio
Cardinalium Concilii Tridentini interpretum အဖွဲ့အစည်းကိုပြန်လည်ညွှန်းဆိုရမည်ဖြစ်သည်။
ဤအဖွဲ့ ကို ရဟန်းမင်းကြီးပီအုစ် (၄) က (ဩဂုတ် ၂၊ ၁၅၆၄)
သူ၏ရဟန်းမင်းကြီးစာချွန်တော် Alias Nos ထဲ၌ဖော် ပြ၍တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ရည်ရွယ်ချက်မှာ ထရင့်ကောင်စီ (the Council of Trent) ၏ချမှတ်ချက်
များကိုမှန်ကန်စွာသိရှိနားလည်ပြီး၊ လက်တွေ့ကျကျလိုက်နာလုပ်ဆောင်နိုင်ရန်ဖြစ်သည်။
ဤအဖွဲ့သည် သမိုင်းစာမျက်နှာ၌ Sacred Congregation of the Council ဟု (ဒီဇင်ဘာ ၃၁၊
၁၉၆၇) အထိတည်ရှိနေခဲ့ သည်။ ထိုမှ Congregation for the
Clergy အမည်သို့ပြောင်းလဲလာခဲ့သည်။ တဖန်  Praedicate Evangelium  စာချွန်တော်အားဖြင့်
ယနေ့သုံးနှုန်းနေသော the Dicastery for the Clergy အမည်သို့ ပြောင်းလဲလာခဲ့သည်။         
 

စွမ်းဆောင်နိုင်မှု၊
                        ရဟန်းမင်းကြီး၏စီမံအုပ်ချုပ်ရေးရုံးတော် (the Roman Curia)
၏ကြေညာချက်စာတမ်းအရ ရဟန်းတော်များဆိုင်ရာရုံးတော်၏တာ၀န်မှာ
အရေးကြီးသောအပိုင်းဖြစ်သည့် သင်တန်းကျောင်းများ၏၀ယ
မစိုက်ထုတ်လုပ်ဆောင်မှုများသည်
ရဟန်းတစ်ပါးဖြစ်ရေးအတွက်လိုအပ်သောပြုပြင်လမ်းညွှန်မှုများနှင့်တစ် ထပ်တည်းကျခြင်း၊
မကျခြင်းတို့ကိုကြပ်မတ်စစ်ဆေးရန်ဖြစ်သည်။ ထို့အတူ သင်တန်းကျောင်း၏တာ၀န်ခံ များ၊
ပညာသင်ကြားပေးသူများအနေဖြင့်လည်း အနာဂါတ်ရဟန်းတစ်ပါး၏ကိုယ်ကျင့်သီလ၊ နေထိုင်၊
ပြော ဆို၊ ဆင်ယင်တတ်မှု စသည်တို့ကို ၄င်းတို့၏ပုံသက်သေကောင်းများ၊
ဧ၀ံဂေလိတရားတော်၏ သွန်သင်ချက် နှင့်ညီလျှော်စွာသင်ကြားလမ်းညွှန်ပေးရမည်ဖြစ်သည်။
ရုံးတော်၏နောက်ထပ်တာ၀န်မှာ
အနာဂါတ်ရဟန်းတော်များဖြစ်လာကြမည့်သူများအတွက် the Ratio fundamentalis institutionis
sacerdotalis နှင့် the Ratio fundamentalis institutionis diaconorum
permanentium တို့၌လည်းကောင်း၊ သက်ဆိုင်ရာဆရာတော်ကြီးများအဖွဲ့ချုပ်မှပြဌာန်းသည့်
အခြားသောလမ်းညွှန်ချက်များ၌လည်းကောင်း
ရဟန်းဘောင်သို့လျှောက်လှမ်းမည်သူများအားပြုပြင်လမ်း
ညွှန်မှုဆိုင်ရာလမ်းညွှန်ချက်များကိုလည်း
သင်တန်းကျောင်းများ၌သိရှိလိုက်နာရန်တွန်းအားပေးနှိုးဆော်ရ မည့်တာ၀န်လည်းရှိသည်။
ထို့အတူ ဂိုဏ်းချုပ်သာသနာအတွင်းရှိသာသနာများစုပေါင်းဖွင့်လှစ်သည့် ရဟန်း
ဖြစ်တက္ကသိုလ်များဖွင့်လှစ်နိုင်ရန်
စီစစ်လေ့လာအတည်ပြုပေးခြင်းများကိုလည်းလုပ်ဆောင်ရသည်။
ရဟန်းတော်ဆိုင်ရာရုံးတော်၏ဌာနခွဲများ၊
                        ရုံးတော်အတွင်း ဆိုင်ရာဌာနခွဲ (၄) ခုရှိပါသည်။ ၄င်းတို့မှာ
(၁) ရဟန်းတော်များဆိုင်ရာဌာန၊

(၂) ရဟန်းတော်များလူထွက်သွားပြီးနောက်
ရဟန်းတော်အမှုတော်အားလုံးကိုတရား၀င်ရပ်ဆိုင်းကာ သာ
မန်ဘာသာတူတစ်ဦးအဖြစ်နေထိုင်ခွင့်တောင်းခံရာဌာန (ကာနွန်ဥပဒေ ၁၁၆(၂))၊
(၃) သာသနာ၏ပိုင်ဆိုင်မှု ဆိုင်ရာစီမံအုပ်ချုပ်ရေးဆိုင်ရာဌာန၊
(၄) ရဟန်းဘောင်သို့တက်လှမ်းမည်သူများနှင့်ရဟန်းဘောင်၌လျှောက်
လှမ်းနေသူများအားဆက်လက်ထိန်းကျောင်းဖေးမလမ်းညွှန်ပေးသောဌာန (Seminaries Office)
ဟုလည်း ခေါ်သောဌာနဖြစ်ပါသည်။
ဤဌာန (၄) ခုအား သက်ဆိုင်ရာတွဲဖက်တာ၀န်များအားလွှဲအပ်ထားသည်။ ၄င်း တို့သည်
မိမိတို့တာ၀န်ယူထားသောဌာနတစ်ခုစီ၏ဖော်ဆောင်နေမှုများအပေါ်ကြပ်မတ်စီစစ်ရသည်။
                        (၂၀၂၂) ခုနှစ်မှစ၍ ဤရုံးတော်မှ
နိုင်ငံအလိုက်ရဟန်းဘောင်သို့လျှောက်လှမ်းမည့်သူများ
နှင့်ရဟန်းဘောင်၌လျှောက်လှမ်းနေသောရဟန်းများအား
ပြုပြင်လမ်းညွှန်သောဒေသအဖွဲ့အစည်းများဖွဲ့ စည်းစေ၍
၄င်းတို့နှင့်ချိပ်ဆက်ကာပုံမှန်စစ်ဆေးမှုများ၊ မွမ်းမံမှုများ၊ နည်းလမ်းများကိုအသိပေးပို့ချပေး
မှုများ၊ ၄င်းတို့နှင့်ဆွေးနွေးဖလှယ်မှုများကိုလုပ်ဆောင်သည့်အစီအစဉ်ဖြစ်သည်။
                        ဤရုံးတော်သည် ရဟန်းတော်များ၊
ရဟန်းလောင်းကိုရင်တို့၏အချက်အလက်များကို ကောက်ယူခြင်း၊ အကြံပေးခြင်း၊
သန့်ရှင်းသောဘ၀အသက်တာ၊ ပညာရေးအသက်တာ၊ တမန်တော်လုပ်
ငန်းများနှင့်ဆိုင်သောသိမှတ်ဖွယ်ရာများကို
ခေတ်ကာလနှင့်တစ်ပြေးညီအသိပေး‌ေ၀မျှပေးပါသည်။ ရဟန်း
လောင်းကျောင်းတိုင်းကိုလည်းတာ၀န်ယူပေးရသည်။
                        အုပ်ချုပ်မှုဌာန၏အပိုင်းကား
အဖွဲ့အစည်းနှင့်သာသနာနှင့်ဆိုင်သောပိုင်ဆိုင်မှုများကို နိုင်ငံ
သားနှင့်ဆိုင်သောဥပဒေနှင့်အညီဖြစ်စေရန်ကြပ်မတ်လုပ်ဆောင်ရသည့်တာ၀န်ဖြစ်သည်။

                        လူထွက်သွားသောရဟန်းတော်များနှင့်စပ်လျင်း၍
ကာနွန်ဥပဒေရှိသည့်အတိုင်းကြပ်မတ် လုပ်ဆောင်၍ ရဟန်းတော်၊
ဥပဥ္စင်းနှင့်ဆိုင်သောအမှုတော်များအားလုံးကိုရပ်ဆိုင်းကြောင်း ကြေညာ
ရသည်။ကောင်းသောဆာမာရီတန်နှင့်စိန့်ဂျွန်မာရီဗီအားနေတို့၏ခြေရာအတိုင်းလိုက်လျှောက်ကြ

                        ရဟန်းတစ်ပါးဖြစ်လာရန်လမ်းညွှန်ထိန်းကျောင်းသည့်လုပ်ငန်းစဉ်သည်
ဘုရားသခင်၏ အမှု တော်ဆောင်တစ်ဦးဖြစ်စေရေး ဘက်ပေါင်းစုံမှပံ့ပိုးလုပ်ဆောင်ပေးသည်။
ရဟန်းတော်များဆိုင်ရာ ရုံးတော်၏ ဦးတည်ချက်ကား
သာသနာတော်ကြီးကိုအစေခံရန်ဖြစ်သည်။ သို့မှသာ သာသနာက အကောင်းဆုံး ဆွေးနွေး
ဆုံးဖြတ်ခဲ့သောအတွေးအခေါ်နှင့်လုပ်ဆောင်ချက်များအားလုံးသည် ကမ္ဘာ
တစ်၀ှမ်း၌ပြန်လည်ရှင်သန်လာ မည်။ ကောင်းသောဆာမာရီတန်၏ပုံရိပ်များကိုမြင်တွေ့ ရမည်။
ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ သနားခြင်း၊ ဧ၀ံဂေလိတရားတော်နှင့်ညီလျှော်သော
ချစ်ခြင်းသည် ထွန်းလင်းယှက်ဖြာမည်ဖြစ်သည်။
                       
သာသနာပိုင်ရဟန်းတော်တို့အားမှိုင်းမသောစိန့်ဂျွန်မာရီဗီအားနေမှ‘ရဟန်းတော်သည်မည်
သူဖြစ်သည်ကိုကောင်းစွာသိရှိနားလည်လျှင် ကျွန်ုပ်တို့အသက်ရှင်ကျန်ရစ်နိုင်မည်မဟုတ်။
အသက်သေရ ခြင်းမှာကြောက်စိတ်ကြောင့်မဟုတ်။ ဘုရားသခင်၏ချစ်ခြင်းကြောင့်ဖြစ်သည်’
ဟုပြောကြားခဲ့သည်။
                        ရဟန်းတော်များဆိုင်ရာရုံးတော်တာ၀န်ခံ ကာဒီနယ် Lazzaro You Heung sik က
စိန့်ဂျွန် မာရီဗီအားနေ၏သန့်ရှင်းခြင်းသည်
လူအထင်ကြီးလောက်သောဘ၀နေထိုင်မှုမှရရှိခဲ့ခြင်းမဟုတ်ဘဲ ဆု တောင်းခြင်း၊
ကိုယ်တော်မြတ်နှင့်အာပတ်ဖြေပေးခြင်းတို့သည် သန့်ရှင်း ခြင်းကိုရရှိစေသောအကောင်း
ဆုံးပုံသက်သေဖြစ်ကြောင်း၊ ထိုသန့်ရှင်းခြင်းသည်
သိုးထိန်းတစ်ပါး၏နှလုံးသားဖြင့်နားထောင်ခြင်း၊ ချစ်
ခြင်းဖြင့်ဘာသာတူတို့အားလမ်းညွှန်ပေးခြင်းမှရရှိခဲ့ကြောင်း၊ သူသည်

အခြားသောရာစုနှစ်များစွာက ထက် လက်ရှိရာစု၏ရဟန်းတော်များအတွက်
အကောင်းဆုံးစံပြရဟန်းတော်ဖြစ်ကြောင်း ပြောကြားခဲ့သည်။   (Dicastery for the Clergy/
Vatican news)
Fr. Clement Angelo Ate

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *