လူသားတွေဟာ သဘာဝတရားရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်သလား?

https://youtu.be/7sTmbYtc53s

အားလုံးပဲ မင်္ဂလာပါ။

ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ “သဘာဝတရား၏ စွမ်းအားများ” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ငလျင်လှုပ်ခတ်မှုတွေ၊ မီးတောင်ပေါက်ကွဲမှုတွေ၊ မိုးအသည်းအသန်ရွာသွန်းမှုတွေကြောင့် ရေကြီးတာတွေစတဲ့ ဒုက္ခအမျိုးမျိုးကို ကိုယ်တိုင်ကြုံတွေ့ရသလို၊ လူမှု့မီဒီယာစာမျက်နှာတွေမှာလည်း များစွာတွေ့လာရပါတယ်။

မိတ်ဆွေတို့အားလုံး သိကြတဲ့အတိုင်း ကျွန်ုပ်တို့ ကမ္ဘာကြီးနဲ့ လူသားတွေဟာ ရခင်ကထက် ပိုပြီး တိုးတက်လာတာကို သိကြမှာပါ။ ထိုသို့ တိုးတက်လာတာနဲ့အမျှ လူသားတွေရဲ့ လုပ်ဆောင်နိုင်မှုစွမ်းအားတွေဟာ ပိုမိုများပြားလာပါတယ်။

တစ်ခါတုန်းက လူသားတွေဟာ တိရစ္ဆာန်တွေကို ကြောက်ရွံ့ရတဲ့ သတ္တဝါတွေဖြစ်ပေမယ့်၊ ယခုအခါ ထိုတိရစ္ဆာန်တွေကိုပင် လိုသလို အသုံးချနိုင်လောက်တဲ့အဆင့်ထိ ရောက်ရှိနေပါပြီ။

ထိုသို့ ပါဝါ ကြီးမားလှတဲ့ လူသားတွေဟာ သဘာဝတရားကြီးကိုကော ထိန်းချုပ်နိုင်လောက်တဲ့အထိ စွမ်းအားရှိပါ့မလား ဆိုတာကို ဒီ ဗီဒီယိုလေးထဲမှာ တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။

တင်ဆက် – ဇော်နိုင်ဦး
တည်းဖြတ် – စတီဗင်

rvamyanmar
rvamyanmar
Articles: 3977

Leave a Reply

Your email address will not be published. Required fields are marked *