ကာမဲလ်တောင်မယ်တော်သခင်မ

ကာမဲလ်တောင်မယ်တော်အကြောင်းကိုတက်ဆက်ပေးထားပါတယ်။ကာမဲလ်တောင်မယ်တော်ဆိုတာ အစ္စရေးနိုင်ငံမှာရှိတဲ့ မြေထဲပင်လယ်ကိုမျက်နှာမူထားတဲ့ လှပတဲ့အငူစွန်းမှာရှိတဲ့ ကာမဲလ်လိုက်ရသေ့ကျောင်းနဲ့ရသေ့တွေကိုစောင့်ရှောက်တဲ့မယ်တော်ဖြစ်ပါတယ်။ဘီစီ ၈၅၀ ပရောဖက်ဧလိယလက်ထက်ကနေစပြီး ကာမဲလ်တောင်ဟာသန့်ရှင်းတော်နေရာ ဘုရားသခင်အပေါ်လူတို့သစ္စာရှိသည့်အမှတ်လက္ခဏာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒီနေရာမှာပဲ ပရောဖက်ဧလိယဟာ ဘားဘုရားအပေါ်မှာ ထာဝရဘုရားသခင်ရဲ့တန်ခိုးအာဏာဆက်ရှိကြောင်းကို အီစရာအဲလ်လူမျိုးတွေကို စုဝေးစေပြီးပြသခဲ့တဲ့နေရာလဲဖြစ်ပါတယ်။သက္ကရာဇ်၁၁၅၀ခုနှစ်မှာ သံပရက်ထုဟာ ဘုရားမယ်တော်ရဲ့ကူညီစောင့်ရှောက်ခြင်းအောက်မှာ ကာမဲလ်လိုက်ဂိုဏ်းကိုတည်ထောင်ခဲ့ပါတယ်။ဆင်းရဲခြင်းပါရမီနဲ့ အစာရှောင်ခြင်း ဆိတ်ငြိမ်ခြင်း စတဲ့ တင်းကျပ်တဲ့ဉပဒေတွေကိုပြဌာန်းခဲ့ပါတယ်။ခရူးစိတ်စစ်ပွဲပြီးဆုံးပြီးတဲ့နောက်ပိုင်းမှာ သံစီမွန်စတော့ဟာ တမန်တော်လုပ်ငန်းတွေကိုလုပ်ကိုင်တဲ့နေရာမှာ ပိုပြီးလွယ်ကူချောမွေ့စေဖို့ရန်အတွက် ကာမဲလ်လိုက်ဂိုဏ်းကို တောင်းရမ်းစားတဲ့ ရဟန်းဂိုဏ်းအဖြစ်သို့ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့ပါတယ်။ကာမဲလ်တောင်စကာပြူလာကိုကြည်ညိုသဒ္ဒါပွားခြင်းဟာ မယ်တော်ပေးခဲ့တဲ့ဗျာဒိတ်တော်အပေါ်မှာ အခြေခံလျှက်ရှိပါတယ်။၁၂၅၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ မွန်မြတ်သောမယ်တော်ဟာ အင်္ဂလန်နိုင်ငံ ကန်းဘိတ်မှာရှိတဲ့ ကာမဲလ်လိုက်ဂိုဏ်းရဲ့အကြီးအကဲဖြစ်တဲ့ သံစီယန်စတော့ကို ထင်ရှားပြခဲ့ပါတယ်။မယ်တော်ဟာသူ့ကိုအညိုရောင်စကာပြူလာကိုပေးအပ်ခဲ့ပြီးဒီစကာပြူလာကိုဝတ်ဆင်တဲ့သူတိုင်းဟာအထူးစောင့်ရှောက်ခြင်းခံရသည်သာမကပဲ ကောင်းကင်နှင့်ဆိုင်တဲ့ကျေးဇူးတော်တွေကိုလဲ ရရှိလိမ့်လို့ဆိုခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာ ဒီသဒ္ဒါကြည်ညိုခြင်းဟာ ဥရောပတစ်ခွင်လုံးပြန့်နှံသွားခဲ့တာဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *