
သေခြင်းတရားကို လွန်ဆန်လို့မရ ရှင်သန်ခြင်းတရားမှာ အစေခံခြင်းဖြင့် ထာရအသက်ကို ရယူကြရမယ်။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာ (အန်ဂျေလူး) ရွတ်ဆိုခြင်းကို ဒီတပတ်မှာတော့ နွေရာသီ ရဟန်းမင်းကြီးအနားယူနေသော Castel Gandalfo မှာပြုလုပ်ခဲ့ပါသည်။
လွတ်လပ်ရေးရင်ပြင်တွင် ရဟန်းမင်းကြီးနှင့်အတူ နေ့ခင်းမေတ္တာရွတ်ဆိုရန် ရောမမြို့အနီးတောင်ပေါ်ဒေသမှ ဘုရားဖူးသူတော်စင်များနှင့် စုရုံးရောက်ရှိနေသော လူထုပရိသတ်ကြီးအား ရဟန်းမင်းကြီးလီယို ၁၄ က ဧဝံဂေလိကျမ်းပိုဒ် “အရှင်ဘုရား ထာဝရအသက်ကိုအမွေခံရဖို့ ဘာလုပ်ရမလဲ” ဆိုသည့် ကျမ်း ပိုဒ်လေးကိုခြေခံပြီး လူထုပရိသတ်အားဟောကြားခဲ့ပါသည်။
ရဟန်းမင်းကြီးလီယို့က ဒီမေးခွန်းထဲမှာ ဒီလူရဲ့နက်ရှိုင်းတဲ့ နှလုံးသားထဲကနေ သေခြင်း၊မကောင်းမှု နှင့် ကျရှုံးခြင်း မှ လွတ်မြောက်ပြီးထာဝရတည်ရှိခြင်း ဆိုသည့်ရလိုသည့် အလိုဆန္ဒတစ်ခုကို ထုတ်ဖော်ပြ နေခြင်းပါ။
ထာဝရအသက်ကို အတင်းအဓမ္မလုပ်ယူခြင်း၊ ညှိနှိုင်းဆွေးနွေးရယူခြင်း ဒီနည်းလမ်းများဖြင့် ဘယ်တော့ အခါမှမရ၊ အမွေခံခြင်းဖြင့်သာရနိုင်တယ်။ ထာဝရအသက်ဆိုတာ မိဘကသားသမီးကိုအမွေပေးသလို ဘဘုရားသခင်တစ်ဦးတည်းကသာပေးနိုင်သောအရာ၊ ဘုရားကကျွန်တော်တို့ကိုပေးထားသောအမွေ ဖြစ်တယ်။
သူပေးတဲ့အမွေကိုရဖို့ သူ့ရဲ့အလိုဆန္ဒကိုလိုက်နာလုပ်ဆောင်ရမယ် သူ့ရဲ့အလိုဆန္ဒကတော့ စိတ်နှလုံး အကြွင်းမဲ့ဘုရားကိုချစ်ဖို့၊ မိမိကိုယ်ကိုယ်ချစ်သကဲ့သို့တစ်ပါးသူကိုချစ်ဖို့ပဲဖြစ်တယ်။ဒီအရာတွေ ကိုလုပ် ဆောင်ခြင်းကဘုရားကကျွန်တော်တို့ကိုပေးတဲ့ချစ်ခြင်းမေတ္တာကိုပြန်လည်တုံ့ပြန်ခြင်းမှာပဲ။၊
ဘုရားရှင်သည်ထာဝရရှင်သန်သလို၊ သူ၏အလိုဆန္ဒသည်လည်း ရှင်သန်ခြင်းအလိုဆန္ဒဖြစ်တယ်၊ ကျွန် တော်တို့လူသားတွေထာဝရရှင်သန်ဖို့ သူ့ရဲ့တပါးတည်းသောသားတော်ကို စေလွှတ်ကယ်တင်စေခြင်း အားဖြင့် သူ့ရဲ့အဆုံးအစမဲ့ ချစ်ခြင်းမေတ္တာကိုဖော်ပြခြင်းဖြစ်တယ်။
သခင်ခရစ်တော်၏အသက်တာသည် ချစ်ခြင်းမေတ္တာ၏အတိမ်အနက်ကိုအပြည့်အဝ ဖော်ပြသော အသက် တာဖြစ်သည်။ ချစ်ခြင်းမေတ္တာဟာ ရက်ရောစွာပေးဆပ်တယ်၊ အမြဲတမ်းခွင့်လွှတ်တယ်၊ တန်ဖိုးလည်း ကြီးသလို ကျွန်ုပ်တို့ထံမှာလည်းဘယ်သောအခါမှခွဲခွာမသွားဘူး။
သခင်ခရစ်တော်အားဖြင့် လူသားများကိုဘုရားနှင့်နီးစပ်အောင်ဆွဲယူခဲ့သလို၊ ကျွန်တော်တို့ အားလုံးသည် လည်း ပတ်ဝန်းကျင်မှာရှိသောသူများကို ဂရုတစိုက်ချစ်ခြင်းမေတ္တာဝေမျှရမယ်။ ကမ္ဘာတစ်ခုလုံး ရဲ့ကယ် တင်ရှင် သခင်ခရစ်တော် ပြောခဲ့သလို စိတ်ပျက်အားငယ်နေသူတွေ၊ စိတ်ဓာတ်ကျညိုးငယ်နေသူတွေ ဒီလူတွေအတွက် နှစ်သိမ့်အားပေးခြင်းနဲ့မျှော်လင့်ခြင်းကို ဝေမျှပေးဖို့ကျွန်ုပ်တို့သည်ခေါ် ခံထားရသူတွေ ဖြစ်တယ်။
“ထာဝရ အသက်ရဖို့ သေခြင်းတရားကိုလိမ်ညာရှောင်လွှဲရုံဖြင့်မရနိုင်ပါ တစ်ပါးသူအား ချစ်ခြင်းမေတ္တာ၊ အနစ်နာခံဂရုတစိုက်အစေခံခြင်းအားဖြင့်သာ ထာဝရအသက်ကိုရနိုင်မယ်။ လူထုတွေ့ဆုံခြင်းမှာ ဟော ကြားခဲ့ပါသည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org

