တိုးတက်ဖွံ့ဖြိုးနေတဲ့ လူဦးရေအခြေအနေနဲ့ မြေနေရာတွေကို ဘယ်လိုအကျိုးရှိရှိ အသုံးချမလဲ?

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့… “တိုးတက်ဖွံ့ဖြိုးနေတဲ့ လူဦးရေအခြေအနေနဲ့ မြေအသုံးချမှုပုံစံများ” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ကမ္ဘာကြီးဟာ အရင်ကထက် ပိုပြီး တိုးတက်ပြောင်းလဲလာနေတာကို ကျွန်ုပ်တို့ကိုယ်တိုင် ကြုံတွေ့နေရပါတယ်။ ထိုကဲ့သို့ တိုးတက်ပြောင်းလဲလာတာနဲ့အတူ ကျွန်ုပ်တို့ လူသားတွေရဲ့ နေထိုင်မှုဘဝဟာလည်း ပိုမိုပြီး ထူထပ်လာပါတယ်။

ကျွန်ုပ်တို့ ဖွံ့ဖြိုးတိုးတက်ပြီးသား မြို့ကြီးတွေမှာ ဆိုရင် လူဦးရေတစ်ဖြည်းဖြည်း မြင့်တကျဆင်းလာပြီး  ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ ဆိုရင် လူဦးရေ တိုးတက်မှုဟာ အမြဲရှိနေဆဲပဲ ဖြစ်ပါတယ်။

ဒီလို လူဦးရေ တိုးတက်လာမှုနဲ့အတူ လူသားတို့ရဲ့ မြေအသုံးချမှုဟာ ပိုမိုများပြားလာခဲ့ပါတယ်။ ကျွန်ုပ်တို့ လူသားတွေဟာ ဘုရားသခင်ဖန်ဆင်းပေးထားတဲ့ မြေတွေကို လိုအပ်တာထက် ပိုမိုသုံးစွဲနေတာကို တွေ့ရပါတယ်။

ဒီဗီဒီယိုလေးမှာ လူသားတွေက ထိုမြေနေရာတွေကို ဘာအတွက် အသုံးပြုပြီး၊ ကျွန်ုပ်တို့ ဘုရားသခင်ဖန်ဆင်းပေးထားတဲ့ ထိုမြေနေရာတွေကို ဘယ်လိုမျိုး အကျိုးရှိရှိ အသုံးပြုကြမလဲ ဆိုတာကို ဗဟုသုတအနေနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

တင်ဆက် – ဇော်နိုင်ဦး
တည်းဖြတ် – စတီဗင်

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *