ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၄)ကြိမ်မြောက်သာမန်ကာလ စနေနေ့ဩဝါဒ ၁၂၊ ၇၊ ၂၀၂၅

Daily Reflection Matt 10:24-33 12 July 2025
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်မာတေးဦး ဧဝံဂေလိကျမ်း ၁၀: ၂၈-၂၉ မှာ ကိုခန္ဓာကိုယ်ကို သတ်ပြီး ဝိညာဉ်ကိုမသတ်နိုင်သောသူကို မကြောက်ကြနှင့် ငရဲ၌ဝိညာဥ် နှင့် ခန္ဓာနှစ်ခုလုံးကို ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကျလော။
ဒီကျမ်းချက်ကလေးကိုကျွန်တော်နဲ့အတူထောက်ရှုကြည့်ကြပါစို့။ ဒီကျမ်းချက်က သခင်ခရစ်တော်သူ့ရဲ့နောက်လိုက်တွေအားလုံးကို တိုက်ရိုက်သတိပေးထားတဲ့စကားဖြစ်တယ်။ သခင်ခရစ်တော်ရဲ့သတိပေးချက်ထဲမှာ သေချာထောက်ရှုကြည့်ရင် နောင်ဘဝဆိုတဲ့အချက်လည်းပါတယ်။ ထာဝရပျော်ရွှင်ခြင်းနဲ့၊ ထာဝရငရဲအပြစ်ဒဏ်ပေးခံရခြင်းဆိုတဲ့အချက်တွေလည်းပါတယ်။ ဘုရားရှင်တစ်ဦးသာလျှင် လူတို့၏ဝိညာဉ်ကိုပိုင်ဆိုင်သော တန်ခိုးတော်ရှင်ဖြစ်တယ်။ ဘုရားရှင်သာလျှင် ဝိညာဉ်ရောခန္ဓာကိုယ်နှစ်ခုလုံးကိုပါ ဖျက်ဆီးနိုင်သူဖြစ်တယ်။ သာသနာပြုလုပ်ငန်းလုပ်ဆောင်ကြသူတွေ အထူးသဖြင့်ကက်သလစ် ခရစ်ယာန်တွေ သခင်ခရစ်တော်အကြောင်းဟောကြားကြတဲ့အခါ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဒုက္ခတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ ထောင်တွင်းအကျဉ်းချခံရမှု၊ အသက်ခံရမှုတွေတွေ့ကြုံကြရမယ်။ ဒီလိုဒုက္ခတွေကို ဘယ်လိုပြန်ပြီးတုံ့ပြန်ရမယ်ဆိုတာကို သခင်ခရစ်တော်သတိပေးသင်ကြားနေခြင်းဖြစ်တယ်။ ခရစ်တော်ကိုယုံကြည်လက်ခံလာသော ရှေးဦးခရစ်ယာန်တွေ၊ တမန်တော်ကြီးတွေ၊ ခရစ်တော်ကိုယုံကြည်သက်ဝင်ခဲ့လို့၊ ခရစ်တော်အကြောင်းကိုဟောပြောကြလို့ တစ်ချို့ခြင်သေ့စာကျွေးသတ်ခံရတယ်၊ ကားတိုင်တင်မီးရှို့သတ်ခံရတယ်၊ ခေါင်းဖြတ်သတ်ခံရတယ်၊ လေးမျှားနဲ့ပစ်သတ်ခံရတယ်၊ အရေးခွန် ခွာ မီးရှို့သတ်ခံရတယ်။ သို့သော်လည်းသူတို့တတွေ ခရစ်တော်ကိုငြင်းပယ်မယ့်အစား ခရစ်တော်အတွက်အသက်အသေခံသွားကြတယ်။ သခင်ခရစ်တော်ကအသက်ရဲ့အရှင်သခင်၊ ဝိညာဉ်ရဲ့အရှင်သခင်၊ ထာဝရအသက်ကိုပေးနိုင်သောသူ၊ ဒါကိုယုံကြည်ခဲ့ကြလို့ ခန္ဓာကိုယ်သတ်သောသူတွေကိုမကြောက်ဘဲ ဘုရားကိုသာယုံကြည်ခဲ့ကြတယ်။ ယနေ့ကျွန်တော်တို့ခေတ်မှာတော့ ဘာသာရေးလွတ်လပ်ခွင့်တွေရှိတယ်။ ဘာသာရေးကြောင့်ညှဉ်းပန်းနှိပ်စက်မှုတွေဆိုတာလဲ နိုင်ငံတော်တော်များများမှာ မရှိကြတော့ပါဘူး။ ဒါပေမဲ့ဒီနေ့ခေတ်ကြီးမှာဆက်လက်ရှိနေတာကဘာသာရေးကိုတော့လွတ်လပ်ခွင့်ပေးတယ်၊ သို့သော် အမှန်တရားအကြောင်းမပြောရဘူး၊ တရားမျှတမှုအကြောင်းမပြောရ၊ ကိုကျင့်တရားပိုင်းဆိုင်ရာ ၊ လုပ်ဆောင်မှုများအပေါ်မဝေဖန်ရ၊ အကျင့်ပျက်ခြစားမှုတွေကိုမဖော်ထုတ်ရ၊ မတရားနိုင်ကျင့်မှုတွေကို အဖော်ထုတ်ရဘူး။၊ လူသားအချင်းချင်းခေတ်သစ်ကျွန်းပြုခြင်းပေါ် မဝေဖန်ရ၊ ဒီအရာတွေကိုပြောရင်၊ လုပ်ရင် ထောင်သွင်းအကျဉ်းချခံရမယ်၊ ညင်ပါနှိပ်စက်ခံရမယ်။၊ အသက်ပါးသတ်ဖြတ်ခြင်းခံရမယ်၊ သို့သော်လည်းယုံကြည်သူခရစ်ယာန်တွေအနေနဲ့ ဘယ်သူ့ကိုပိုပြီးကြောက်ရမလဲ၊ ခန္ဓာအသက်ကိုပဲသတ်နိုင်သူ ပဲ ကြောက်ပြီး အမှန်တရား၊ တရားမျှတမှု၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာတွေ ထုတ်ဖော်ချင်းအလုပ်တွေကို ရပ်တန့်ပစ်လိုက်မှာလား။ ဝိညာဉ်ရောခန္ဓာပါတယ် ဖျက်ဆီးနိုင်သောဘုရားကို ကြောက်ရွံသောကြောင့် အမှန်တရား၊ တရားမျှတမှု၊ ကိုယ်ကျင့်တရားပျက်စီး‌နေမှုတွေကို ရဲဝင့်စွာထုတ်ဖော်ပြောဆိုမလား။ မိမိကိုယ်တိုင်ပဲစဉ်းစားဆင်ခြင်ရမယ်။ ဓမ္မမိတ်ဆွေပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *