ဖာသာရ် Paschal Thi Ko Shin (SDB)(၁၄)ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့ဩဝါဒ ၁၀၊ ၇၊ ၂၀၂၅

ဒီနေ့ကျမ်းစာထဲ့မှာခရစ်တော်ဘုရားရှင်ကတပည့်တော်ကြီ၁၂ပါးကိုရွေးကောက်ပြီးတော့စေလွတ်တယ်ဆိုတဲ့အကြောင်းကိုကြာနာရပါတယ်။ သခင်ခရစ်တော်ကစေလွတ်တဲ့အခါမှာ ရည်ရွယ်ချက်တစ်ခုနဲ့ အခွင့်အာဏာတွေလည်းထည့်ပေးတယ်။ ဒါပေမဲ့ ပါဝါတော့ပါပေမဲ့ အသပြာတော့မပါရှာဘူး။ ဆင်ဆင်ရဲရဲပဲသွားရတယ်ဘုရားသခင်ရဲ့သီတင်းကောင်းကိုဟောပြောတဲ့အခါ စကားလုံပဲသုံးလို့မရတော့ပါဘူး။ နှလုံးသာပါဖိုလိုလာပါတယ်။ လွတ်လတ်တဲ့နှလုံးသား ကိုယ်ကြိုးမကြည့်တဲ့နှလုံးသား ‌မေတ္တာပြည့်နဲ့နှလုံးသားနဲ့ ဟောပြောဖို့ရန်လိုအပ်လာပါတယ်။ ကောင်းင်နိုင်ငံတော်အကြောင်းဟောပြောတဲ့အခါမှာ အေးအေးဆေးဆေးနဲ့အချိန်ဆွဲ့နေလို့မဖြစ်ဘူး။ အရေးတကြီးလိုအပ်နေတဲ့အရာဖြစ်တယ်။ ဘုရားသခင်ရဲ့နိုင်ငံတော်နည်းလာကြောင်းကိုကြေငြာခိုင်ပါတယ်။ အရေမရအဖတ်မရတွေနဲ့ ထိုင်ငြင်းနေဖို့မဟုတ်ဘူး။ စကားလုံးတွေဘဝပုံစံအားဖြင့်ပါဘုရားသခင်ရဲ့မေတ္တာဂရုဏာ ကောင်းမြတ်ခြင်းနိုင်ငံတော်အကြောင်းကိုဟောပြောဖို့ကပိုပြီတော်အရေးကြီလာပါတယ်။ လူတွေရဲ့အနာနာမှာဘုရားသခင်ရှိနေတယ်။ ဒါကိုသတိမူပြီး မိမိဘဝကိုဘုရားနဲ့လျှောက်လမ်းဖို့ပြောပြပေးလိုက်တာကလည်းနိုင်ငံတော်အကြောင်းကိုဟောပြောတာနဲ့အတူတူပဲဖြစ်ပါတယ်။ ဘုရားရဲ့အကြောင်းကိုတရားပဲဟောနေလို့မရဘူး။ လုပ်ရပ်တွေလည်းပါလာဖို့လိုတယ်။ လူနာတွေကိုပျောက်ကင်းစေကြ လူနာတွေကိုသန့်ရှင်စေပြီး နတ်ဆိုးတွေကိုနှင်ထုတ်ကြလိုမှာကြာတော်မူပါတယ်။ သီတင်းကောင်းကကြာသိရုံသက်သက်ဘဲ့မလုံလောက်ပါဘူး။ လက်တွေ့လုပ်ရပ်တွေလည်းပါမှပိုပြီထိရောက်မြန်ဆန်လာပါတယ်။ ဖာသာရ်တို့အားလုံးကိုလည်း ဘုရားသခင်ကခေါ်နေတာကသူရဲ့နောက်ကိုလိုက်ပြီးချုပ်နှောက်ခံရသူတွေကိုလွတ်မြောက်စေဖို့ ကူသပျောက်ကင်းစေဖိုရန်ပဲဖြစ်ပါတယ်။ သေတဲ့သူတွေတောင်ထမြောက်အောင်ခုအချိန်မလုပ်နိုင်ရင်တောင်စိတ်ဓါတ်တွေကျပြီးဝိညာဉ်ရေးရာမှာသေနေတဲ့သူတွေ နာကျင်ခံစာနေရတဲ့သူတွေကိုပြန်လည်ကူစားပြီးလက်တွဲခေါ်ဆောင်လို့တော့ရမှာပါ။ ဘုရားသခင်ရဲ့နိုင်ငံတော်ဟောပြောခြင်မှာ ဖာသာရ်တို့အားလုံးပါဝင်ရပါမယ်ပါဝင်ဖို့လည်းဝတ္တရားရှိပါတယ်။ ဘုရားကကိုယ့်ကိုမေတ္တာသက်သက်နဲ့ အလကားပေးခဲ့တယ်။ ခုအချိန်မှာရှုရှိတ်နေတဲ့လေ သောက်သုံးနေတဲ့ရေ ပိုင်ဆိုင်တဲ့အရည်အချင်း အသက် အချိန် ဉာဏ်ပညာ ဥစာကြွယ်ဝမှု့ အရာရာအားလုံးဟာ ကိုယ်ရှာဖွေခဲ့တာထက် ဘုရားသခင်ပေးခဲ့လိုရခဲ့ကြတာပါ။ အဖိုးအခမပေးပဲရခဲ့တဲ့အတွက် အဖိုးအခမပေးပဲပြန်ဝေမျှာ့ဖို့လည်းလိုပါတယ်။ တခါမှာဆရာဝန်ကြီးတစ်ယောက်ကခတ်ခဲ့တဲ့သာသနာနေရာတခုမှာ တာဝန်ထမ်းဆောင်ရပါတယ်။ နှစ်ပေါင်းများစွာ သူသာအက်ဒီဒေသအတွက်တစ်ဦးထဲ့သောဆရာဝန်ဖြစ်ခဲ့တယ်။ လူနာများစွာကိုဝေသနာပျောက်ကင်းစေခဲ့ပါတယ်။ သူအတွက်လစာဆိုတာမသေးခြာဘူး အာမခံချက်ကလည်းမရေရာဘူးပန့်ဖိုမူအနည်းငယ်နဲ့သာ သူဆေးရုံကိုဖွင့်ပြီးသူနာတွေကိုကြည့်ခဲ့တယ်။ ဘာမှမရပဲနဲ့နေနေတာလည်းလို့လူတွေကသူကိုမေးတဲ့အခါ ဆရာဝန်ကြီးကဘုရားကကျွန်တော်အတွက်အသေခံခဲ့တယ်။ ကျွန်တော်ကသူအတွက်အသက်ရှင်ရဲ့တယ် သူစီကနေမေတ္တာတရားတွေ အသိပညာတွေ ဆေးဗဟုသုတတွေ ဆေးပညာတွေအရာတွေအားလုံးကအလကာသက်သက်ရခဲ့တာလေး ဘာတွေကိုကျွန်တော်ကထပ်မျှော်လင့်ရအုံးမှာလည်းလိုပြန်ဖြေခဲ့ပါတယ်။ မှတ်သာစရာကောင်းလှပါတယ်။ ဒီကနေ့ကျွန်တော်တို့အားလုံး ဘုရားသခင်ရဲစေလွတ်ခြင်မှပါဝင်နေကျပါတယ်ဆိုတာဆက်လက်ပြီးတော်သတိရကြအောင်ပါ။ ကောင်းကင်နိုင်ငံတော်အကြောင်းကိုရိုးရှင်းစွာ သတ္တိရှိစွာ ကိုယ့်ဘဝနဲ့ရင်ပြီးကျနုပ်တို့တတွေသက်သေခံနေကြပြီးပြီလား။ သူတပါးကိုမျှော်လင့်ခြင်းတွေပေးနိုင်ကြသူတွေအဖြစ်အသက်ရှင်နေကြလား။ မေတ္တာသက်သက်နဲ့ရခဲ့တဲ့ အရာတွေကိုအဖိုးအခမယူပဲ့လွတ်လတ်ရက်ရောစွာပေးဝေနေကျပြီလားထောက်ရှု့ကြည့်ပါ။ ဓမ္မမိတ်ဆွေတို့ တပည့်တော်ကြီ၁၂ပါးလိုဘုရားကိုယုံကြည်မူနဲ့ ရက်ရောစွာမျှဝေပေးရင်သာသနာတော်ပြန့်ပွားရေးအတွက် တထောင့်တနေရာကနေကြိုးစာပါဝင်နိုင်ကြပါစေလို ဖာသာရ်အနေတဲ့ဆုတောင်မေတ္တာပို့သပေးလိုက်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *