
ကိုရီးယား ဓမ္မအာဇာနည်များအား သူတော်စဥ်အဖြစ်တင်မြောက်ခြင်း နှစ်၁၀၀ပြည့်အခမ်းအနားကျင်းပ။

ကိုရီးယားနိုင်ငံ Gihae (၁၈၃၉) နှင့် Byeong-O (၁၈၄၆) နှစ်များ အတွင် တရားတာ်အတွက် ညှဉ်းပန်းနှိပ် စက်သတ်ဖြတ်ခံခဲ့ရသည့် ဓမ္မအာဇာနည် ၇၉ ဦးအား သူတော်စင်အဖြစ်တင်မြှောက်ခြင်း နှစ် ၁ဝဝ ပြည့် အခမ်းအနားကို ဇူလိုင်လ ၅ ရက် နေ့က ကိုရီးယားနိုင်ငံ Seoul ဂိုဏ်းချုပ်သာသနာတွင် နှစ်တစ်ရာ ဂျူဘီလီ မစ္ဆား တရား ဟေားကြားခြင်း၊ သမိုင်းအဖြစ်အပျက်များဖော် ထုတ်ပြသခြင်း များကို ပြု လုပ်ခဲ့ပါသည်။
ကိုရီးယားနိုင်ငံ Gihae (၁၈၃၉) နှင့် Byeong-O (၁၈၄၆) နှစ်များ အတွင် တရားတာ်အတွက် ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည့် ဓမ္မအာဇာနည် ၇၉ ဦးအား ၁၉၂၅ခုဇူလိုင်လ၅ရက်နေ့တွင် ရဟန်းမင်းကြီး ၁၁ ပါးမြောက် ပါရပ်စ် Pope Pius XI က သူတော်စင်များအဖြစ် တင်မြှောက်ခဲ့ပြီး၊ ကျန်သော၂၄ပါးကို ရဟန်းမင်းကြီး ၆ ပါးမြောက် ပေါလ် Paul VI က သူတော်စင်များအဖြစ်တင်မြောက်ပေးကာ စုစုပေါင်း သူတော်စင် ၁၀၃ ပါးကို ရဟန်းမင်းကြီး John Paul II က ၁၉၈၄ခုနှစ်တွင် ရဟန္တာများ အဖြစ် တင်မြှောက် ခဲ့ပါသည်။
ရင်အခမ်းအနားကို သူတော်စင် ၇၉ပါးထဲမှာ ၄၁ပါးအသက်ပေးလှူခဲ့သည့် Seoul မြို့ ရှိ Soesomun သမိုင်းပြတိုက်တွင် ဘာသာဝင်တစ်ထောင် ကေျာ်ဖြင့် စနေနေ့ကကျင်းပခဲ့ပါသည်။ သမိုင်း နောက်ခံ အရ ကိုရီးယားနိုင်ငံတွင် ၁၈၉၅ ခုနှစ်ထိတိုင်အောင် ကက်သလစ်ခရစ်ယာန်များ လွတ်လပ်စွာ ကိုးကွယ် ခွင့် မရရှိခဲ့ပါ။ ၁၉ရာစုနှစ်အတွင်းတွင် ကက်သလစ်ခရစ်ယာန် စုစုပေါင်း ၁၆၀၀၀ တရားတော်အတွက် သတ်ဖြတ်ခံခဲ့ရပါသည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org

