ဓမ္မဆရာ၊ဆရာမများ မိမိတို့၏သာသနာပြုချင်သောစိတ်ဆန္ဒကို ပြန်လည်ဆန်းသစ်ကျဖို့ ရဟန်းမင်းကြီး လီယို ၁၄ အားပး

လက်တင်အမေရိကန် ဓမ္မဆရာဆရာမများ၏ ၁၃ကြိမ်မြောက် အတူတကွတွေ့ဆုံကြခြင်းနှင့်၊ ၁၀ရက်တာ မွန်းမံသင်တန်းတွင် ရဟန်းမင်းကြီးလီယို က ပါဝင်သူများနှင့် ပွဲစီစဉ်သူများအား နွေးထွေးပြူငှါစွာ နှုတ်ဆက်ခဲ့ပြီး၊ ဘာသာတရားသင်ကြားခြင်း၏ အဓိကနှင့်ပန်းတိုင်ဖြစ်သော နာဇရက်မြို့သားယေဇူး၏ ဘဝကိုအဓိကအချက်အဖြစ် ထောက်ရှုလေ့လာကြဖို့မျှော်လင့်ကြောင်း။

သင်တို့သိထားကြသော နှစ်လိုဖွယ်ရာကောင်းသည့်သခင်ခရစ်တော်၏အကြောင်းများကို မိမိတို့၏ ဘဝ များတွင်ပြန်လည်ဆန်းသစ်ခြင်းအားဖြင့် သခင်ခရစ်တော်အကြောင်းကိုဟောပြောလိုခြင်း၊ သာသနာပြု စိတ်များတိုးပွားလာစေခြင်း၊ တစ်ပါးသူများအား ဘုရားရှင်နှစ်လိုဖွယ်ရာတည်ရှိခြင်း၊ ယုံကြည်ခြင်းကို အစေခံနိုင်ရန်ဦးဆောင်ပေးခြင်း၊ အမှုတော်များကိုဆောင်ရွက်ကြရန်အားပေးခဲ့ကြောင်းကို ဖော်ပြထား ပါသည်။။

လက်တင် အမေရိက နေရာအသီးသီးမှ ဓမ္မဆရာ ဆရာမများအပေါ် ကြည့်ရှုစောင့်ရှောက်ရန် နှင့် ဓမ္မဆရာ ဆရာမတို့၏အကူအညီဖြင့် လက်တင်အမေရိကရှိ သာသနာတော်အား သာသနာပြုခြင်း၌ အထောက်အကူဖြစ်ရန် SCALA ကို ၁၉၉၅ ခုနှစ်တွင် ပညာရှင်များ၊ စာတမ်းပြုစုသူများနှင့် ဖွဲ့စည်းတည် ထောင်ခဲ့ပါသည်။

ယခုနှစ် ဇူလိုင်လ ၇-၁၁ ထိ ကျင်းပသောညီလာခံတွင် Brazil, Ecuador, Peru, Bolivia, Chile, Honduras, Uruguay, Venezuela, Costa Rica, Argentina, and Mexico တို့မှပညာရှင်များတက်ရောက်ခဲ့ကြပြီး၊ ရဟန်းမင်းကြ ဖရန်စစ် အရှင်သူမြတ်အစပြုခဲ့သော Synode ဆိုင်သောအရာများကိုအာရုံပြုရန်နှင့် ဓမ္မဆရာ ဆရာမများအတွက် ဓမ္မသင်္ဂြိုဟ်ပညာရပ်ဆိုင်ရာ၊ အတွေးအမြင်များနှင့် လမ်းညွှန်မှုများပေးရန် မျှော်လင့်ထားကြောင်းကိုလည်း ဗာတီကန် သတင်းတွင်ဖော်ပြထားပါသည်။။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *