
ဘုရားသခင်၏ဖန်ဆင်းခြင်းသည် စစ်တလင်းပြင်မဟုတ်။ ရှင်သန်ရန်အရင်းအမြစ်ဖြစ်သည်။
လာမည့်စက်တင်ဘာလ (၁) ရက်နေ့၌ အမိကက်သလစ်သာသနာတော်ကြီးသည် ‘(၁၀) ကြိမ်မြောက် ဖန်ဆင်းခြင်းအားကာကွယ်စောင့်လျှောက်ရေး ဆုတောင်းပေးသောနေ့’ ကိုကျင်းပရန် ပြင်ဆင်နေပါ သည်။ ထိုနေ့အတွက် ရဟန်းမင်းကြီးလီယို(၁၄) ကခရစ်ယာန်များနှင့်ဖန်ဆင်းခံကိုချစ်သောစိတ် ကောင်း နှလုံးကောင်းရှိသူတို့အားအောက်ပါအတိုင်း တိုက်တွန်းမိန့်ကြားထားပါသည်။ လူ့အသိုင်းအ၀ိုင်းသည် ပတ်၀န်းကျင်နှင့်လူမှု့တရားမျှတမှုကို အရေးတကြီးလိုအပ်ချက်ကိုသိရှိရန်လိုအပ်သည်။ လူ့အသိုင်း အ၀ိုင်းသည် ရာသီဥတုပြောင်းလဲခြင်း၊ သဘာ၀ဘေးဒဏ်များဖြစ်ပေါ်စေခြင်းနှင့်တန်းတူညီမျှမှုမရှိခြင်း စသော ကြောက်စရာဖြစ်ရပ်များသည်တိုးပွါးဖြစ်ပေါ်လျှက်ရှိကြောင်း။
ဇူလိုင် (၂) ရက်နေ့ကဖြန့်ဖြူးခဲ့သည့် ရဟန်းမင်းကြီးမိန့်ကြားသော ဩ၀ါဒ၏ခေါင်းစဉ်ကို ‘ငြိမ်းချမ်းခြင်း နှင့်မျှော်လင့်ခြင်း၏မျိုးစေ့’ ဟုအမည်ပေးထားပြီး၊ ဤဩ၀ါဒသည်လည်း ဂျူဘီလီနှစ်၏သတင်း စကားကိုဆက်လက်ကြားသိစေရန်၊ ဘာသာတူများအား ၄င်းတို့သည် မျှော်လင့်ခြင်းနှင့်ခရီး သွားနေ သောဘုရားဖူးများဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဖန်ဆင်းခြင်းလုပ်ငန်းစဉ်များကိုထိန်း သိမ်းစောင့်လျှောက်ရသောဘဏ္ဏာစိုးများဖြစ်ကြသည်ကိုလည်းသိရှိနားလည်စေလိုခြင်းဖြစ်ပါသည်။
ဒဏ်ရာဒဏ်ချက်နှင့်ဖြစ်နေသော တရားမျှတခြင်းကမ္ဘာ
ရဟန်းမင်းကြီးက သွေ့ခြောက်ပပ်ကြားအက်နေသောယနေ့ကန္တာရကမ္ဘာကြီးအားပြန် လည်စိမ်းလန်းစို ပြေ၍သီးနှံပေါကြွယ်သောလွင်ပြင်အဖြစ် ပြန်လည်အသက်သွင်းကြရန် ပရောဖက်အိုက်ဇေယ၏ ဟော ချက်ကိုကိုးကား၍ ကမ္ဘာ့အဖွဲ့အစည်းများအားတိုက်တွန်းထားပါသည်။ ဤသမ္မာကျမ်းထွက်စကားသည် ကြားကောင်းစေရန်သက်သက်မျှသီကုံးရေးသားထားခြင်းမဟုတ်။ သဘာ၀တရားပျက်စီးမှုများကြောင့် လူ သားတို့တွေ့ကြုံခံစားနေရသည့်ကပ်ဆိုက်ရောက်မှုကိုသတိပေး၊ အသိပေးထားခြင်းဖြစ်ပါတယ်။
ဘုရားသခင်ပြန်လည်သိမ်းပိုက်သွားပြီဖြစ်သော ရဟန်းမင်းကြီးဖရန်စစ်၏စာချွန်တော် ‘Laudato si’’ (၁၀) နှစ်ပြည့်နှစ်ပတ်လည်၌လည်း ရဟန်းမင်းကြီးလီယို (၁၄) က ‘မတရားမှု၊ အကြမ်း ဖက်မှု၊ လူ့အခွင့် အရေးနှင့်စပ်လျင်း၍နိုင်ငံတကာ၏ဥပဒေများ၊ တန်းတူညီမျှမှုဆိုး၀ါးစွာကွာဟမှုများ၊ လောဘဇော တက်နေခြင်းသည် သစ်တောပြုန်းတီးရေး၊ လေထုညစ်ငြမ်းမှု၊ ဇီ၀မျိုးစိပ်များကိုမျိုးပြုန်းဆိတ်သုန်း သွားစေသည့်ကပ်ဘေးကိုဆိုက်ရောက်နေစေကြောင်း၊ သဘာ၀ပတ်၀န်းကျင်ပျက်စီးခြင်းနှင့်စပ်လျင်း၍ ချို့တဲ့ နွမ်းပါးသူများ၊ လစ်လျှူရူခံရသူများအပေါ်အမြတ်ထုတ်ခေါင်းပုံဖြတ်ခြင်း၊ ဌာနေတိုင်းရင်းသား များ၏အခွင့် အရေးဆုံးရှုံးမှုများ၊ ဆင်းရဲချမ်းသာကွာဟမှုများပိုမိုကျယ်ပြန့်လာခြင်းများသည် သဘာ၀ သံယံဇာတအားဘုံ ပိုင်ပစ္စည်းအဖြစ်သဘောမထားကြတော့ဘဲ စျေးကွက်ထုတ်ကုန်သဖွယ် သဘော ထားလာကြကြောင်းမိန့် ကြားခဲ့သည်။
သဘာဝသည်စစ်တလင်းနှယ်ဖြစ်နေခြင်း၊
ဆက်လက်၍ရဟန်းမင်းကြီးက သဘာ၀ရင်ပြင်ကြီးကို စစ်တလင်းအဖြစ်ပြောင်းလဲနေကြ ကြောင်း၊ တန်ဖိုးချခံနေရကြောင်း၊ နိုင်ငံကချမှတ်သောမူ၀ါဒများအတိုင်း လူသားအတွက်၊ ကမ္ဘာဂြိုလ်အ တွက် ထက် လူတစ်စု၊ တစ်ဖွဲ့၏အကျိုးအမြတ်အတွက်ဦးစားပေးအသုံးချနေကြကြောင်း၊ ရေပြင်၊ သံယံဇာ တဆိုင်ရာအငြင်းပွားမှုမှသည် ဒေသမငြိမ်မသက်ဖြစ်စေသောပဋိပက္ခများအကြောင်း၊ စိုက်ပျိုးမြေယာ မှသည် မြေမြှုပ်မိုင်းများမြှုပ်နှံသည့်မြေရာအဖြစ်ပြောင်းလဲဖန်တီးနေကြောင်း၊ ထို့ကြောင့် ဖန်ဆင်းခံ နေရာများသည် နိုင်ငံရေးဩဇာတန်ခိုးကြီးထွားထိန်းချုပ်နိုင်ရန်အတွက် စစ်တလင်းအဖြစ် ပြောင်းလဲ အသုံး ပြုနေကြကြောင်း၊ ဤဒဏ်ရာဒဏ်ချက်များသည် ကျမ်းစာလာအကြောင်းအရာဖြစ်သည့် ဖန်ဆင်း ခြင်းကို ကြီးဆိုးလွှမ်းမိုးရန်မကြိုးစားနှင့်၊ တူးဆွလုပ်ကိုင်စားသောက်ထိန်းသိမ်းကြလော့ ဟူသော ပညတ်ချက်ကိုဆန့် ကျင်သောအပြစ်၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်ကြောင်းမိန့်ကြားခဲ့ပါသည်။
သဘာ၀ပတ်၀န်းကျင်အပေါ်တရားမျှတစွာထိန်းသိမ်းစောင့်ရှောက်ခြင်းသည်မဖြစ်မနေလုပ်ရမည့်အမှု့တစ်ခုဖြစ်သည်။

