ရဟန်းမင်းကြီးလီယို (၁၄) အီတလီ၀န်ကြီးချုပ်အားလက္ခံတွေ့ဆုံ။

ရဟန်းမင်းကြီးလီယို (၁၄) သည် ယမန်နေ့ (ဗုဒ္ဓဟူး) နံနက်ပိုင်း၌ အီတလီ၀န်းကြီးချုပ် Giorgia Meloni အားရဟန်းမင်းကြီး၏ ရုံးတော်တွင်လက္ခံတွေ့ဆုံခဲ့သည်။ ယခုတွေ့ဆုံခြင်းသည် အီတလီ ၀န်ကြီးချုပ်အဖြစ် တရား၀င်တွေ့ဆုံခြင်းဖြစ်သည်။ ၀န်ကြီးချုပ်သည် ဇွန်လ (၂၄-၂၅) ရက်နေ့အထိ The Hague မြို့၌ကျင်းပခဲ့သော နေတိုးအစည်းအ‌ဝေးမှပြန်ရောက်နေခြင်းဖြစ်သည်။ အဆိုပါအစည်းအ‌ဝေး၌ စစ်ရေးအသုံးစရိတ်များကိစ္စအ ကြောင်းဇောင်းပေးဆွေးနွေးခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့သည်လည်း ရဟန်းမင်းကြီးအတွက်အလွန်အစီအစဉ်များသော နေ့တစ်နေ့ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးသည် ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌ တွေ့ဆုံဆုတောင်း၊ ဩ၀ါဒချီးမြှင့်လေ့ရှိသည်။ ထိုနေ့၌ ရဟန်းမင်းကြီးသည် ကာဒီနယ်များ၏အရေး ဆောင်ရွက်ရသောကော်မရှင်တာ၀န်ခံ ကာဒီနယ် Luis Antonio Tagle၊ ယူကရိန်းဂရိကက်သလစ်သာ သနာ၏ဆီးနော့ဆိုင်ရာဆရာတော်များအဖွဲ့၏တာ၀န်ခံ Paul Emil Tscherrig၊ တူရကီနိုင်ငံသမ္မတ၏ဇနီး Emine Erdoğan တို့နှင့်လည်းတွေ့ဆုံခဲ့သည်။

ဗာတီကန်၏သတင်းပြန်ကြားရေးရုံမှထုတ်ပြန်ချက်အရ အီတလီ၀န်ကြီးသည် ရဟန်းမင်း ကြီးနှင့် တွေ့ဆုံပြီးနောက် ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Piero Parolin ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့်နိုင်ငံ တကာအဖွဲ့အစည်းများဆိုင်ရာရုံးတာ၀န် ဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher တို့နှင့်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ်၌ ဗာတီကန်နှင့်အီတလီနိုင်ငံအကြားရှင်သန်နေသော ကောင်းမွန်သည့် ဆက်ဆံ ရေးအကြောင်း၊ ယူကရိန်းနှင့်အရှေ့အလယ်ပိုင်း၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပူးတွဲလုပ်ဆောင် နိုင်မှုအကြောင်း၊ ဂါဇာ ၌လူသားချင်းစာနာသောအကူအညီများပေးပို့နိုင်ခြင်း စသောအကြောင်းအရာ များကိုဆွေးနွေးပြောဆိုခဲ့ကြောင်းနှင့်နှစ်ပြည်ထောင်ကြားဆက်လက်၍ပူးတွဲလုပ်ဆောင်နိုင်မည့်အကြောင်းအရာများ၊ ဘာသာရေးနှင့်အီတလီလူမှုအသိုင်းအ၀ိုင်း အကြောင်းများကို ဆွေးနွေးခဲ့ကြသည် ဟုသိရပါသည်။

ဘာသာပြန်- Fr. Clement Angelo Ate

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *