
ရဟန်းမင်းကြီးလေအို (၁၄) မှသက်တော် (၉၈) နှစ်ရှိကာဒီနယ် Dri ပျံလွန်ခြင်းအတွက် ဆုတောင်း၀မ်း နည်း သ၀တ်လွှာပေးပို့။

ကာဒီနယ် Luis Pascual Dri သည် ပျံလွန်ချိန်၌ သက်တော် (၉၈) နှစ်ရှိပြီဖြစ်သည်။ သူသည် ကာပူချင်း ဖရန်စ္စစကင်အသင်း၀င်သူတော်စင်တစ်ပါးဖြစ်သည်။ သူသည် ဇွန်လ (၃၀) ရက်နေ့ ကပျံလွန်သွားခဲ့ သည်။ သူ့အား များမကြာမီကပျံလွန်သွားသောရဟန်းမင်းကြီးဖရန်စစ်မှ (၂၀၂၃) တွင်ကာ ဒီနယ်အဖြစ် တင်မြောက်ခဲ့သည်။
ဇူလိုင် (၂) ရက်နေ့၊ ဗုဒ္ဓဟူးနေ့၌ ရဟန်းမင်းကြီးလေအို (၁၄) သည် ကာဒီနယ်၏ပျံလွန်သွား ခြင်းသတင်း ကြောင့်စိတ်ညှိုးငယ်ရကြောင်း၊ဘုရားသခင်သည်သူ့အား ထာ၀ရမကွယ်ပျောက် နိုင်သောသ ရဖူကို ဆောင်းပေးပါစေကြောင်း၊ သူအတွက်စိတ်ညှိုးငယ်နေကြသော သူ၏မိသားစု၀င်များ၊ သူတော်စင်မိ သားစု၀င်များအတွက်နှစ်သိမ့်ခြင်းကောင်းချီးခံစားရရန် ဆုတောင်းပေးမည်ဖြစ်ကြောင်းကို ဗာတီကန် ၏အ တွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin မှတဆင့် Buenos Aires ၏ဂိုဏ်းချုပ်ဆ ရာတော် Jorge Ignacio García Cuerva ထံသို့ သံကြိုးစာပေးပို့ခဲ့သည်။
ကာဒီနယ် Dri သည် ကိုယ်ကျိုးမငဲ့သူ၊ ရဟန်းမင်းကြီးဖရန်စစ်လွန်စွာကြည်ညိုရသူ၊ နှစ် ပေါင်းများစွာ အာပတ်ဖြေပေးသူနှင့်၀ိညာဉ်ရေးလမ်းညွှန်သူ၊ ဆွေးနွေးတိုင်ပင်သူအဖြစ်သာသနာအတွက် ဆက်ကပ် အပ်နှံခဲ့သူဖြစ်သည်ဟုထည့်သွင်းဖော်ပြထားသည်။
ကာဒီနယ်သည် သနားခြင်းကိုရှင်သန်ပြသသူဖြစ်ကြောင်း၊ အာပတ်ဖြေခြင်းစက္ကရာမင်တူး ကိုမမော မပမ်းနားထောင်ပေးတတ်သူဖြစ်ကြောင်း၊ အချိန်ကြာမြင့်စွာအာပတ်ဖြေပေးပြီးနောက် ကာဒီနယ် သည် ယေဇူးသခင်အားတိုင်တည်ဆုတောင်းလေ့ရှိသည်မှာ ‘အိုသခင်၊ အကယ်၍တပည့်တော် သနားလွန် ခဲ့ပါလျှင် တပည့်တော်ကိုခွင့်လွတ်တော်မူပါ။ ဤသို့ဖြစ်ရခြင်းမှာ ကိုယ်တော်ပြသခဲ့သော မကောင်း သည့်ပုံ သက်သေကြောင့်ဖြစ်ပါသည်’ ဟုဆုတောင်းလေ့ရှိသည်။ ဆိုလိုသည်မှာ ယေဇူးသခင်သည် အပြစ်သား တစ်ဦးအား အပြစ်မည်မျှကြီးသည်။ အပြစ်မည်မျှရှိသည်။ မည်သည့်အပြစ်ကို ကျူးလွန် သည်။ အကြိမ်ရေ မည်မျှကျူးလွန်သည်ကိုစစ်ဆေးမေးမြန်းမနေ။ နောင်တဖြင့်၀န်ချတောင်း ပန်လာ လျှင် ချက်ချင်းပင်ခွင့် လွှတ်ပေးလေ့ရှိသည်ကိုဆိုလိုသည်။
ကာဒီနယ်အား အာဂျင်တီးနားနိုင်ငံ၊ Federación မြို့၌ (ဧပြီ ၁၇၊ ၁၉၂၇) တွင်မွေးဖွားခဲ့ သည်။ မိသား စုသည် ဘုရားတရားလွန်စွာကိုင်းရှိုင်းသောမိသားစုဖြစ်သည်။ မောင်နှမ (၉) ဦးအနက် (၈) ဦးသည်သူ တော်စင်ခေါ်တော်မူခြင်းလမ်းစဉ်ကိုလိုက်ခဲ့ကြသည်။ သူသည် သာသနာပြုအဖြစ်လည်း ကောင်း၊ ၀ိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီးအဖြစ်လည်းကောင်း အစေခံခဲ့သည်။ ဘ၀တူ သူတော်စင် များအနက် သူစံထားရသောပုဂ္ဂိုလ်များမှာ စိန့်ပါဒရယ်ပီးအိုနှင့်စိန့် Leopold Mandić တို့ဖြစ်ကြသည်။
ကာဒီနယ်၏အသက်တာကိုပြန်လည်ဆန်းစစ်လိုက်သောအခါ တစ်ခါက ‘ကျွန်တော့်မှာ ဘာဘွဲ့ထူး ဂုဏ် ထူးမှမရှိဘူး။ ဒါပေမယ့်ဘ၀ကကျွန်တော့်ကိုအများကြီးသင်ကြားပေးခဲ့တယ်။ ချို့ချို့တဲ့တဲ့ မွေးဖွား လာ သလို ဘယ်သူ့ကိုမဆိုသနားဖို့၊ ကူညီဖို့၊ ရင်းနှီးဖို့ခေါ်တော်မူခြင်းခံရတယ်။ ဘယ်သူကိုမှ သူတို့ ကိုနား လည်မပေးနိုင်ကြဘူး။ လက်မခံကြဘူး။ မကြိုဆိုကြဘူးလို့မခံစားစေချင်ဘူး’ ဟုပြောဆိုခဲ့ကြောင်း ပြန်လည်အမှတ်ရမိကြောင်းမှတ်ချက်ပြုထားပါသည်။

