
ရဟန်းမင်းကြီးလီယို (၁၄) ၏ရှေ့လုပ်ငန်းစဉ်များအသိပေးလာ။

ရဟန်းမင်းကြီးလီယို (၁၄)သည် (မေလ ၈၊ ၂၀၂၅) ၌ဘုရားသခင်ပြန်လည်သိမ်းပိုက်သွားသော ရဟန်းမင်းကြီးဖရန်စစ်၏အရိုက်အရာကိုဆက်ခံသော (၂၆၇) ပါးမြောက်ရဟန်းမင်းကြီးဖြစ်လာခဲ့သည်မှာ ဇူလိုင် (၈) ရက်နေ့ဆိုလျှင် (၂) လတင်းတင်းပြည့်ပြီဖြစ်ပါသည်။
ရဟန်းမင်းကြီးလီယို (၁၄) သည် ရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်းဆောင်သည့် (၂) လပြည့်ခါနီး၌ သူ၏ဩဂုတ်လနှင့်စက်တင်ဘာလ၏ရှေးလုပ်ငန်းစဉ်ကို ရဟန်းမင်းကြီး၏၀တ်ပြုခြင်းဆိုင်ရာ တာ၀န်ခံရုံးတော်မှ တရား၀င်ချပြလာပါသည်။ ဇူလိုင်လ ဇူလိုင် (၆) ရက်နေ့ – ရဟန်းမင်းကြီးလီယို (၁၄) သည် ရဟန်းမင်းကြီးတို့၏နွေရာသီစံအိမ်ဟုလူ သိများသော Castel Gandolfo သို့သွားရောက်၍ အနားယူ မည်ဖြစ်ပါသည်။
ဩဂုတ်လ (၃) ရက်နေ့နံနက် – တစ်လတာအနားယူပြီးနောက် လူငယ်ဂျူဘီလီပွဲ မစ္ဆားကိုဦးဆောင်ပူဇော် ၍ အမှုတော်ကိုပြန်လည်စတင်မည်ဖြစ်ပါသည်။ လူငယ်ဂျူဘီလီပွဲမစ္ဆားကို ရောမမြို့ပြင်ရှိ Tor Vergata တွင်ပူဇော်မည်ဖြစ်သည်။ ဤနေရာ၌လူငယ်ဂျူဘီလီပွဲမစ္ဆားပူဇော်ရခြင်းမှာ နှစ် (၂၀၀၀) မဟာဂျူဘီလီနှစ်၌ စိန့်ဂျွန်ပေါလ် (၂) လည်းပူဇော်ခဲ့သည်ကိုပြန်လည်အမှတ်ရစေရန်လည်းဖြစ်ပါသည်။
ဩဂုတ်လ (၁၅) ရက်နေ့နံနက် – အမိမယ်တော်ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော ပွဲနေ့ကြီးမစ္ဆား တရား ကို Castel Gandolfo ရှိ Saint Thomas of Villanovaသာသနာအုပ်စု၌ပူဇော်မည်ဖြစ်သည်။
စက်တင်ဘာလ (၇) ရက်နေ့နံနက် – လူငယ်သူတော်မြတ် (၂) ပါးဖြစ်သော Blessed Pier Giorgio Frassati နှင့် Blessed Carlo Acutis တို့အားရဟန္တာအဖြစ်တင်မြောက်သည့်မစ္ဆားကို စိန့်ပီတာရင်ပြင်၌ ပူဇော်မည်။
စက်တင်ဘာလ (၁၄) ရက်နေ့မွန်းလွှဲပိုင်း – စိန့်ပေါလ်ဘာစီးလီကာ၌ ခရစ်ယာန်များစည်းလုံးညီညွှတ် ခြင်းနှင့် စပ်လျင်းသောအစည်းအဝေးကိုဦးဆောင်ပါ၀င်မည်။ စက်တင်ဘာလ (၂၈) ရက်နေ့နံနက် – ဓမ္မဆရာ၊ ဆရာမတို့၏ဂျူဗလီမစ္ဆားကိုပူဇော်မည်ဖြစ်သည်။
ဘာသာပြန်- Fr. Clement Angelo Ate
News- Vatican News
Website: rvamyanmar.org

