စစ်ပွဲတွေမှာဆာလောင်ငတ်မွတ်ခြင်းကို လက်နက်သဖွယ်အသုံးမချကြဖို့ ရဟန်းမင်းကြီးမိန့်ကြား။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့အစည်း FAO ၏ ၄၄ ကြိမ်မြောက်ညီလာခံကို ဇွန်လ၂၈ ရက် နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ရောမ မြို့တွင်ကျင်းပနေပါသည်။ စားနပ်ရိက္ခာမလုံလောက်မှုနှင့် အာဟာ ရချို့တဲ့မှုကိုတိုက်ဖျက်ရန် FAO တည်ထောင်ခြင်းနှစ် ၈၀ ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်ပွဲသို့ တက် ရောက်လာသူများထံသို့ ရဟန်းမင်းကြီးလီယို ၁၄ က သဝန်းလွှာပေးပို့ခဲ့ပါသည်။

သူ၏သဝဏ်လွှာတွင်ရဟန်းမင်းကြီးက သခင်ခရစ်တော်က သူ့ထံလာရောက်နားထောင်သူ လူအုပ်ကြီး ကို ဂရုတစိုက်ကျွေးမွေးခဲ့သလို “အမြင်မသင့်တော်သည့် ကမ္ဘာလုံးဆိုင်ရာငတ်မွတ်ခေါင်းပါးမှုကို တိုက် ဖျက်နေသော သာသနာတော်၏ ကြိုးပမ်းမှုအားလုံးကို ထောက်ခံအားပေးကြောင်း၊ သခင်ခရစ်တော် ပြည့်မြောက်ပြည့် စစ်မှန်တဲ့တန်ခိုးလက္ခဏာဆိုတာ လောဘကြီးစွာစုဆောင်းခြင်းထက် ပေးကမ်းဝေမျှ ခြင်းမှာတည်ရှိနေသော ငတ်မွတ်ခေါင်းပါးခြင်းကိုချေမှုန်း‌နေသော သော့ချက်ဖြစ်တယ် ဆိုတာကို သတိ ရကြရမယ်။

ကမ္ဘာ့နေရာချို့တို့တွင်ပိုလျှံနသည့် ထုတ်လုပ်မှုများရှိနေသော်လည်း၊ ငတ်မွတ်ခေါင်းပါးမှုများနှင့် အာဟာ ရချို့တဲ့မှုများ ဆက်လက်ရှိနေပြီး၊ လူများစွာတို့သည် ငတ်မွတ်မှုဒဏ်ကို ကြမ်းတမ်းစွာခံစားနေရဆဲ ဖြစ် ပြီး ၎င်းတို့၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် တောင့်တနေကြဆဲဖြစ်ကြောင်း၊ ငါတို့ဝမ်းနည်းစွာ နဲ့မြင်တွေ့နေရတာကတော့ လူမဆန်တဲ့လုပ်ရပ်ဖြစ်တဲ့ စစ်ပွဲတွေမှာဆာလောင်ငတ်မွတ်ခြင်းကို လက် နက်သဖွယ်အသုံးချ နေကြခြင်းပါပဲ၊ အရပ်သားလူထုကိုငတ်မွတ်အောင်ထားပြီး စစ်တိုက်ခြင်းသည် အလွန်စျေးပေါသောနည်းလမ်းဖြစ်သည် ဟူ၍လည်းကောင်း၊ ယနေ့ခေတ်ပဠိပက္ခ အများစုသည်၊ ပုံမှန် စစ်တပ်များအချင်းချင်းတိုက် ခိုက်တာမဟုတ်ဘဲ၊ လက်နက်ကိုင်အရပ်သားအဖွဲ့များ ဖြင့်တိုက်ခိုက် နေကြပြီး ၊ ကောက်ပဲသီးနှံများကိုမီးရှို့ခြင်းနှင့် လူသားချင်းစာနာမှုအထောက်ထား များပိတ်ဆို့ခြင်းကဲ့သို့ သော နည်းဗျူဟာများသည်အကာအကွယ်မဲ့အရပ်သားများပေါ်ဆိုးကျိုးကြီးမားစွာတက်ရောက်မှုရှိကြောင်း ရဟန်းမင်းကြီးကထောက်ပြ ကာစစ်ပွဲပဋိပက္ခများပေါ်ပေါက်လာသောအခါ လယ်သမားများသည် ၎င်း တို့၏ထုတ်ကုန်များကိုမရောင်းချနိုင်ခြင်း နင့် ငွေကြေးဖေါင်းပွမှုတို့ကြောင့် သန်းနှင့်ချီသောပြည်သူများ ကို အငတ်ဘေးနှင့် စားနပ်ရိက္ခာမလုံလောက်မှုများကို ဖြစ်ပေါ်စေကြကြောင်း ပြောကြားပြီး နိုင်ငံတကာ အဖွဲ့အစည်းများအနေနဲ့ ကျူးလွန်သူများကိုအရေးယူဖို့၊ ထိုကဲ့သို့ရက်စက်စွာကျူးလွန်သူများကို လူ့ အသိုင်းအဝိုင်း ကနယ်နိမိတ်သတ်မှတ်ကာ ဖယ်ကျဉ်ထားဖို့၊ နိုင်ငံရေးအကြပ်တည်းများ၊ လက်နက် ကိုင်ပဋိပက္ခများနှင့် စီးပွားရေးကိုနှောက်ယှက်စေသောအထိခိုက်များသည်၊ စားနပ်ရိက္ခာအကြပ် အတည်းကို ပိုမိုစိုးရွာလာစေရန် အဓိကအခန်းကဏ္ဍကပါဝင်လုပ်ဆောင်နေတယ် ဆိုတာကိုသတိရကြ ရမယ်။

အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုနှောက်ယှက်ပိတ်ပင်သော လုပ်ရပ်များ၊ ဒေသထွက်ကုန် ထုတ်လုပ်မှုများကိုထိခိုက်စေခြင်းသည် ပြည်သူလူထုကို စားနပ်ရိက္ခာလက်လှမ်းမမှီရုံ တင်သာမက ဂုဏ်သိက္ခာနှင့်အညီအသက်ရှင်ခွင့်ကိုပါ ဆုံးရှုံးနေစေတယ် ဆိုတာကိုသတိထားကြပါ။

နိုင်ငံ၏ငြိမ်းချမ်းမှုနှင့်တည်ငြိမ်အေးချမ်းခြင်းသည် စိုက်ပျိုးစားနပ်ရိက္ခာစနစ်များ တည်ဆောက်နိုင်စေ သောကြောင့် တကိုယ်ကောင်းဆန်ခြင်းလစ်လျူရှုခြင်းတို့ကို ဘေးဖယ်ထားပြီးတော့၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ အပြန် အလှန်နားလည်မှုတို့ကိုတည်ဆောက်ကြဖို့၊ သဘာဝဘေးအန္တရာယ်နှင့် ဇီဝမျိုးကွဲများဆုံးရှုံးခြင်း သည် လူမှုရေးမမျှတမှုများဖြစ်ပေါ်စေခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့်လူတို့ကိုအခြေခံသော သမ မျှတသည့် ဂေဟာစနစ်အသစ်တစ်ခုဖန်တီးဖို့ လိုအပ်ကြောင်း၊ ဝမ်းနည်းစရာကောင်းသည်က ငွေကြေး အရင်းအမြစ်များနှင့် ဆန်းသစ်သောနည်းပညာဖန်တီးမှုများကို လက်နက်ထုတ်လုပ်ရေးနှင့် လက်နက် ရောင်း ဝယ်ရေးတို့ဆီသို့လမ်းကြောင်းပြောင်းအသုံးချနေကြခြင်းဖြစ်တယ်။

လူ့အသိုင်းအဝိုင်းမှာ မေးခွန်းထုတ်စရာအတွေးအခေါ်တွေကို မြှင့်တင်နေကြခြင်းဟာ ဖွဲ့စည်းအတွင်းမှာ လူတို့၏ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေခြင်း၊ ညီအစ်ကိုရင်းစိတ်ဓာတ်များကို အဝေးသို့ဖယ်ထုတ် သကဲ့သို့ဖြစ်နေခြင်း၊ အေးစက်သောဆက်ဆံရေးများကိုကြီးထွားလာစေချင်းဆိုင် စည်းလုံးခြင်းကို ယို ယွင်းပျက်စီးလာစေခြင်း စသည့်အကျိုးရလဒ်များသာဖြစ်ပေါ်စေသည်။ နိဂုံးချုပ်အနေဖြင့် ရဟန်းမင်း ကြီးလီယိုက အများအကျိုးအတွက်လူတိုင်းသည် ငြိမ်းချမ်းရေးဗိသုကာ ပညာရှင်များဖြစ်ကြဖို့၊ ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ခိုင်မာသောနိုင်ငံရေးဆန္ဒဖြင့်ဖြေရှင်းကြဖို့ ဖိတ်ခေါ်ခဲ့ပါသည်။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *