ဖာသာရ် Peter Kyi Maung (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ (၁၃)ကြိမ်မြောက် တနင်္လာနေ့ဩဝါဒ ၃၀၊ ၆၊ ၂၀၂၅


Matt 8:18-22
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာ‌တေးဦးဧဝံဂေလိကျမ်း ၈:၁၈-၂၂ မှာ သခင်ခရစ်တော်က လူအုပ်ကြီးကိုမြင်တဲ့အခါမှာ သူ့ရဲ့နောက်လိုက်တွေကို အခြားတစ်ဖက်ကိုသွားကြစို့ဆိုပြီးပြောခဲ့တယ်။ ဒီအချိန်မှာကျမ်းတတ်ဆရာတဦးက သခင်ခရစ်တော်ဆီကိုလာပြီး ဆရာသခင်ကိုယ်တော်ဘယ်ကိုသွားသွား နောက်တော်သို့လိုက်ပါရစေ ဆိုပြီးတောင်းဆိုခဲ့တယ်။ ဒီနေရာမှာသခင်ခရစ်တော်ပြန်ပြောလိုက်တာက မြေ ခွေး တွေမှာတွင်းရှိတယ်၊ ငှက်တွေမှာအသိုက်ရှိတယ်၊ သို့သော်လူသားမှာခေါင်းချစရာနေရာမရှိ။ ဆိုပြီးပြန်ပြောခဲ့တယ်။ ဒီကျမ်းပိုဒ်ကဘာကိုဆိုလိုတာလဲ လောကမှာ တိရစ္ဆာန်တွေတောင် နေစရာအသိုက်အမြုံ့ရှိတယ် ငါ့မှာဘာမှမရှိဘူး။ ဘာလို့ငါနောက်ကိုလိုက်ချင်ရတာလဲ၊ ငါနောက်ကိုလိုက်မယ်ဆိုရင် ငါဘာအာမခံချက်မှမပေးနိုင်ဘူးဆိုတဲ့သဘောကိုပြောလိုက်ခြင်းပါပဲ။ သခင်ခရစ်တော်ဆိုလိုတာက နောက်ကိုလိုက်မယ်ဆိုရင် လောကအရာတွေကိုငါဘာမှအားမခံဘူး။ နေစရာစားစရာရာထူးဂုဏ်ထူး ငါ့ဆီကဘာမှမမျှော်လင့်နဲ့လို့ပြောလိုက်ခြင်းပါပဲ။တစ်ခါနောက်တယောက်က သခင်၏နောက်ကိုလိုက်ပါရစေ။ သို့သော်ကျွန်တော်၏အဖေကိုဦးစွာပထမသွား၍သင်္ဂြိုလ်ပါရစေ။ ဆိုပြီးတောင်းဆိုခဲ့တယ်ဒီနေရာမှာလည်းသခင်ခရစ်တော်ပြန်ပြောလိုက်တာက သေသောသူတွေကိုသေသောသူတွေကသင်္ဂြိုဟ်ပါစေ။ သင်ကငါ့နောက်သို့လိုက်ခဲ့ပါ။ ဒီနေရာမှာသခင်ခရစ်တော်ဆိုလိုတာက လောကရာတွေကိုလောကနဲ့ဆိုင်တဲ့သူတွေလုပ်ပါစေ။ ဘုရားနဲ့ဆိုင်တာကိုလုပ်ချင်ရင်ဘုရားနောက်ကိုလိုက်ခဲ့ပါ။ ဒီနေရာမှာကျမ်းတတ်ဆရာတွေရဲ့လုပ်လေးလုပ်ထ ထုံးတမ်းအစဉ်အလာလေးတစ်ခုနဲ့ ဂျူးလူမျိုးတွေရဲ့ရှုမြင်ပုံလေးကိုတွေ‌ဝေမျှချင်တယ်။ ကျမ်းတပ်ဆရာတစ်ယောက်ရဲ့နောက်မှာ သူ့ဆီမှာနားထောင်ပညာစည်းပူးသူ သူနောက်လိုက်များများရှိရင် ကျမ်းတပ်ဆရာတွေကဂုဏ်ယူသလို၊ ဂျူးလူမျိုးတွေကလည်း ဒီကျမ်းတပ်ဆရာကိုအထင်ကြီးကြတယ်၊ အဲဒီခေတ်အဲဒီအခါက သခင်ခရစ်တော်ဟာလည်း ဆရာတစ်ဆူပါပဲ သို့သော်ကျမ်းတပ်ဆရာတွေနဲ့မတူတာက သခင်ခရစ်တော်ကသူ့နောက်လိုက်တွေကို အပေါ်ယံလေးနောက်လိုက်တဲ့သူ၊ ကြားသိရုံ၊ မြင်ရရုံ၊ ဗဟုသုတရရုံလေးလိုက်တာကို မလိုလားဘူး သူဟောတဲ့တရား၊ သူနေထိုင်တဲ့ဘဝ ထပ်တူကျအောင်လိုက်နိုင်မှ လိုက်ခဲ့လို့ခေါ်ဆိုခြင်းဖြစ်တယ်။ ငါဟာမှန်တရားဖြစ်တယ်၊ သင်ငါ့နောက်ကိုလိုက်ချင်ရင်၊ အမှန်တရားကိုရင်ဆိုင်ရဲပြီး လိုက်ရမယ်။ ငါဟာချစ်ခြင်းမေတ္တာဖြစ်တယ်၊ သင့်ချစ်ခြင်းမေတ္တာနှိုက်ရှင်သန်ပြီးငါ့နောက်ကိုလိုက်ရမယ်။ ငါဟာခွင့်လွှတ်ခြင်းဖြစ်တယ်၊ ခွင့်လွှတ်ခြင်းဟာ သင့်ဘဝထဲမှာတည်ရှိပြီးငါ့နောက်ကိုလိုက်ရမယ်။ ငါဟာသည်းခံခြင်းဖြစ်တယ် သင်းရဲ့နှလုံးသားထဲမှာ သည်းခံခြင်းကိုထည့်ပြီးမှငါ့နောက်ကိုလိုက်ရမယ်။၊ ငါဟာနှိမ့်ချခြင်းဖြစ်တယ်၊ သင်နှလုံးသားထဲမှာနှိမ့်ချခြင်းမရှိဘဲငါနောက်ကိုလိုက်လို့မရဘူး။ ဓမ္မမိတ်ဆွေ သင့်ကိုသင် ခရစ်ယာန်လို့ခေါ်တယ်၊ ခရစ်တော်ရဲ့နောက်လိုက်လို့ခေါ်တယ်။ သင့်ကဘယ်လိုနောက်လိုက်မျိုးလဲ၊ အပေါ်ယံသိရုံ၊ ကြားရရုံ၊ ဗဟုသူတိုက်ရရုံ၊ ဒါအတွက်လိုက်တာလား၊ တကယ့် သခင်ခရစ်တော်ရဲ့အစစ်အမှန်နောက်လိုက်ဖြစ်ရဲ့လား။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *