သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းမလဲ?

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့… သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ပညာရပ်များ”ဆိုတယ့်အကြောင်းအရာ ပဲဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ်ဆိုရင် အရင်ဦးဆုံး သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က သင်ကြားခဲ့တဲ့ ပထဝီဝင်ဘာသာရပ် တွေဟာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာ အလွန်အသုံးဝင်တာကြောင့် သိထားသင့်တဲ့ အချက်ပင်ဖြစ်ပါတယ်။

ပထဝီဝင်တစ်ခုတည်းသာမက၊ အခြားသော လက်တွေ့ကျတဲ့ သိပ္ပံပညာရပ်များ နဲ့လည်း ပေါင်းစပ်နေပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာရှိတဲ့ ဥပဒေတွေ၊ လူတွေရဲ့စိတ်နေစိတ်ထား တွေနဲ့လည်း သက်ဆိုင်နေပါသေးတယ်။

ကျွန်တော်တို့ သဘာဝတရားနဲ့ ပတ်သက်တဲ့ အကြောင်းကို ပြောရမယ်ဆိုရင်၊ ကမ္ဘာ့လေထု အကြောင်းကို အရင် ပြောရမှာပဲ ဖြစ်ပါတယ်။** ဘာကြောင့်လဲဆိုရင် သဘာဝတရားကြီးရဲ့ အခြေခံဖြစ်စဉ်တွေဟာ ကမ္ဘာ့လေထုထဲမှာ အဓိက ဖြစ်ပေါ်နေလို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့လေထုအလွှာများ မှာ အဓိက (၅) လွှာ ရှိပါတယ်။

  1. Troposphere (ထရိုပိုစဖီးယား) – လူတွေ နေထိုင်တဲ့အလွှာဖြစ်ပြီး၊ မိုးလေဝသ ပြောင်းလဲမှုတွေ ဒီမှာပဲ ဖြစ်ပေါ်တတ်ပါတယ်။
  2. Stratosphere (စထရာတိုစဖီးယား) – အိုဇုန်းလွှာ (Ozone Layer) တည်ရှိတဲ့နေရာဖြစ်ပြီး၊ လေယာဉ်တွေက ဒီအလွှာထဲမှာပဲ ပျံသန်းတတ်ကြပါတယ်။
  3. Mesosphere (မီဇိုစဖီးယား) – ဥက္ကာခဲ (Meteor) တွေ မီးလောင်ပြီး ပျက်ကျတတ်တဲ့အလွှာဖြစ်ပါတယ်။
  4. Thermosphere (သာမိုစဖီးယား) ကမ္ဘာကနေ မြင်ရနိုင်တဲ့ အာရိုရာ (Aurora) တွေ ပေါ်လာတတ်တဲ့အလွှာဖြစ်ပြီး၊ အာကာသယာဉ်တွေကလည်း ဒီအလွှာထဲက ဖြတ်သန်းတတ်ပါတယ်။
  5. Exosphere (အီးဇိုစဖီးယား) – အကွာဆုံးအလွှာဖြစ်ပြီး၊ အာကာသနဲ့ တိုက်ရိုက်ဆက်သွယ်နေတဲ့နေရာပါ။

Troposphere အလွှာမှာ ရေငွေ့များ ပါဝင်တာကြောင့် မိုးရွာမှုတွေ၊ မုန်တိုင်းတွေ ဖြစ်ပေါ်စေတဲ့နေရာပါ။ ဒီအလွှာမှာ အိုဇုန်းလွှာ မရှိပါဘူး
Stratosphere အလွှာမှာပဲ အိုဇုန်းလွှာ တည်ရှိပါတယ်။ ပုံမှန်ဆိုရင် အိုဇုန်းလွှာရဲ့ အထူဟာ ၁၀ ကနေ ၂၀ ကီလိုမီတာ အထိ ရှိပါတယ်။

မိုးလေဝသကို လေ့လာတဲ့အခါ Troposphere အလွှာမှာရှိတဲ့ အပူချိန်၊ လေတိုက်ခတ်မှု၊ တိမ်ဖွဲ့စည်းပုံ၊ မိုးရွာသွန်းမှု၊ စိုထိုင်းစ တွေကို အဓိက လေ့လာကြပါတယ်။ ဒီအချက်တွေပေါ် မူတည်ပြီး ရာသီဥတုပြောင်းလဲမှု တွေ ဖြစ်ပေါ်လာတာကြောင့်၊ ဒီအချက်တွေကို သိခြင်းအားဖြင့် ကျွန်တော်တို့ သဘာဝတရားကြီးကို ပိုမိုချစ်မြတ်နိုးနိုင်မယ်၊ ပိုမိုထိန်းသိမ်းတတ်တဲ့ လူသားကောင်းတွေ ဖြစ်လာနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။


(ကျွန်တော် ဇော်နိင်ဦး ဖြစ်ပါတယ်။)

တင်ဆက်ဇောနိင်ဦး

တည်းဖြတ်စတီဗင်

#rvamyanmar #environment

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *