
သခင်ခရစ်တော်၏အသားတော်နှင့်သွေးတော်သည် ချစ်၍ပေးခဲ့သောအမြင့်ဆုံးသောပေးဆပ်မှုဖြစ်သည်
သခင်ခရစ်တော်၏ အသားတော်နှင့်သွေးတော်သည် ချစ်၍ပေးခဲ့သောအမြင့် ဆုံးသောပေးဆပ်မှုဖြစ် သည်
ပြီးခဲ့သည့်တနင်္ဂနွေနေ့ ကိုယ်တော်မြတ်ပွဲနေ့ လူထုနှင့်အတူတကွ အန်ဂျေလူး (နေ့ခင်းမေတ္တာ) ရွတ် ဆိုခြင်းမှာ ရဟန်းမင်းကြီးလီယို ၁၄ က ကိုယ်တော်မြတ်စက္ကရမင်းတူး၌ တည်ရှိသော သခင်ခရစ်တော် ၏အသားတော်နှင့်သွေးတော်သည် ကမ္ဘာသူ၊ ကမ္ဘာသားတို့၏ကယ်တင်ခြင်းအတွက် ချစ်၍ပေးခဲ့သော အမြင့်ဆုံးသောပေးဆပ်မှုဖြစ်သည် ဟု့ မွက်ကြားခဲ့ပါသည်။
ယဇ်ပလ္လင်တော်ပေါ်မှာ ကျွန်ုပ်တို့၏ဘဝတွေနှင့်အတူ ဆက်ကပ်ပူဇော်သော မုန့်နှင့်စပျစ်ရည်ကို ဘုရား ရှင်သည်လက်ခံတော်မူ၍ကောင်းချီးပေးတော်မူပြီး သန့်ရှင်းစင်ကြယ်စေတော်မူကာ၊ သခင်ခရစ်တော် ၏အသားတော်နှင့်အသွေးတော်အဖြစ် ပြောင်းလဲစေတော်မူခဲ့သည်၊ ထိုအရာသည် ကမ္ဘာသူ၊ ကမ္ဘာသားတို့၏ကယ်တင်ခြင်းအတွက် ချစ်၍ပေးခဲ့သောအမြင့်ဆုံးသောပေးဆပ်မှုဖြစ်သည်။
ယနေ့ကမ္ဘာအနှံ့ပြားမှာရှိသောကက်သလစ်အသင်းတော်သည် သခင်ခရစ်တော်၏ အသားတော်နှင့် အသွေးတော်၊ ကိုယ်တော်မြတ်ပွဲတော်ကြီးကိုကျင်းပနေကြပါသည်။ ဒီကိုယ်တော်မြတ်ပွဲတော်နေ့မှာ ဖတ်ကြားရသော ရှင်လုကာဧဝံဂေလိကျမ်းစာထဲမှာ ပေါင်မုန့်၊ ငါးလုံးနှင့်ငါးနှစ်ကောင်ကို ပွားများစေ ခဲ့သည့် အကြောင်းကိုကြားနာခဲ့ရတယ်။
ရှင်လုကာဧဝံဂေလိကျမ်းမှာ နေရာအနှံ့အပြားက သခင်ခရစ်တော်ထံလာရောက်ပြီး နားထောင်ကြသူ တွေ၊ ကုသခြင်းခံရဖို့ရှာဖွေကြိုးစားသူ လူထောင်ပေါင်းများစွာကို သူတို့မှာရှိသောအနည်းငယ်သောစား စရာများဖြင့် ကျွေးမွေးဖို့တပည့်တော်ကြီးတွေကိုသခင်ခရစ်တော်က မိန့်တော်မူခဲ့တယ်။
ဒီအနည်းငယ်သောစားစရာလေးက လူပေါင်းမြောက်များစွာကိုဝလင်အာင်စားပြီးမှ အကြွင်းအကျန် များစွာကိုပင်ကောက်သိမ်းခဲ့ရသော အံ့ဖွယ်ရာအဖြစ်အပျက်ကိုဖြစ်ပေါ်စေခဲ့တယ်။
အနည်းငယ်သောဝေမြှောက်မှုလေးက လူပေါင်းများစွာပေါ်မှာအကျိုးသက်ရောက်စေခဲ့တယ်။ ကိုယ် တော်မြတ်ပွဲနေ့မှာ ဒီကျမ်းပိုဒ်လေးက ယုံကြည်သူဘာသာသူတွေကိုသတိပေးနေတာက သင်တို့၏ မျှချင် သောစိတ်နဲ့ ရက်ရောစွာဝေမျှတဲ့အချိန်မှာ ဘုရားသခင်ပါဝင်ပေါင်းစပ်လာခြင်းကြောင့် ကြီးမားသော အကျိုးသက်ရောက်မှုရှိစေတယ်။ ဒီအရာလေးကိုနှလုံးသွင်းထောက်ရှုစေချင်တယ်။
ဖန်ဆင်းရှင်ဘုရားသခင်က ကျွန်တော်တို့လူသားတွေကိုကယ်တင်ဖို့ သူ့ရဲ့အသက်ကိုပေးခဲ့တယ်။ ဖန် ဆင်းခံအမျိုးသမီးတစ်ဦးကို သူ့ရဲ့မိခင်ဖြစ်စေခဲ့တယ် ကျနော်တိုလူ့ခန္ဓာကိုယ်ကဲ့သို့ သေနိုင်သော၊ အကန့် အသတ်ရှိသော၊ ကျိုးပဲ့လွယ်သော သွေးသားခန္ဓာကိုယ်ပေးပြီး သားသူငယ်တစ်ယောက်အဖြစ် သူ့မိခင် ကိုပေးခဲ့တယ်။ ဘုရားအဖြစ်ကနေ ဆင်းရဲနုံချာသောလူ့အဖြစ်ကို လူသားတွေ၏ကယ်တင်ခြင်းအတွက် ရွေးချယ်ခဲ့တယ်၊ လူသားတယာက်အနနဲ့ မိမိဘဝကို ဘုရားကိုပြန်ပူဇော်ဖို့ သင်ပြနခြင်ပါ။
ဘယ်လောက်သေးငယ်သောအရာပဲဖြစ်ဖြစ် တစ်ပါးသူကိုရက်ရောစွာပေးလိုက်သောအခါမှာ၊ လက်ခံ သူရဲ့အသိအမှတ်ပြုခြင်းခံရတဲ့အခါ လှပသောပျော်ရွှင်မှုကိုတို့တွေခံစားကြရတယ်။ ရိုးသားစွာပေး လိုက်သောလက်ဆောင်လေးတစ်ခုကြောင့် ပေးသူနဲ့ရယူသူနှစ်ဦးကြားမှာ နှီးကပ်မှုကိုပိုမိုခံစားစေတယ်၊ ဒီအရာဟာစိတ်ကြည်နူးဖို့ကောင်းတယ်။
သခင်ခရစ်တော်၏သွေးတော်နဲ့သားတော်ဖြစ်သည့် ကိုယ်တော်မြတ် စက္ကရမင်းတူးကြောင့် ပေးသူနှင့် ခံယူသူကြား ရင်းနှီးမှုတွေရရှိလာသလို ကျနော်တို့ရဲ့ဘဝတွေနဲ့အတူ၊ သန့်ရှင်းစင်ကြယ်စေသော မုန့်နှင့် စပျစ်ရည်ကို ယဇ်ပလ္လင်မှာ ပူဇော်ခြင်းကြာင့် ကျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းအတွက်၊ ကမ္ဘာလောကသား တွေ ၏ကယ်တင်ခြင်းအတွက်သခင်ခရစ်တော်၏အသားတော်နဲ့အသွေးတော်အဖြစ်သို့ပြောင်းလဲသွားတယ်။ကျနော်တို့ရဲ့ပူဇော်ခြင်းကို ဘုရားရှင် ဝမ်းမြောက်ရွှင်လန်းစွာ လက်ခံခြင်းဟာ ဘုရားရှင်လူသား တွေနဲ့ ပေါင်းစပ်ခြင်းကိုဖော်ပြနေတယ်။ ကျနော်တို့ကိုလည်းသူနှင့်ပေါင်းစပ်ဖို့ဖိတ်ခေါ်နေတယ်။ ပူဇော်ခြင်းနဲ့ ရယူခြင်းမှာ ချစ်ခြင်းမေတ္တာရဲ့လက်ဆောင်ကိုဖော်ပြနေတယ် ဒီလက်ဆောင်က ကျွန်တော် တို့ကို ဘုရား နဲ့လူပေါင်းစပ်စေတယ်။။
ဂျုံစပါးစေ့များစွာ ပါဝင်သောဂျုံမှုန့်မှ ပေါင်မုန့်တစ်ခုဖြစ်လာသလို ကျနော်တို့အားလုံး၏ စုပေါင်းပူဇော် ခြင်းကနေ သခင်ခရစ်တော်ဆိုသည့် ချစ်ခြင်းမေတ္တာ၊ သနားကြင်နာမှုမုန့်တခု ဖြစ်လာတယ်။ သခင်ခရစ် တော်၏ပူဇော်ခြင်းနှင့်အတူ ကျွန်ုပ်တို့၏ရက်ရောစွာပူဇော်ခြင်းများကို ပေါင်းစပ်ကြဖို့ ရဟန်းမင်းကြီး လီယို ၁၄ က ဖိတ်ခေါ်ခဲ့ပါသည်။

