ရဟန်းဖြစ်သင်ကျောင်းသားတို့ သင်တို့၏မျက်လုံးကိုသခင်ခရစ်တော်ထံမှဖယ်လွဲမသွားပါစေနှင့်ဟု ရဟန်းမင်းကြီးတိုက်တွန်း။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အံဂျေလူးမတ္တာ (နေ့ခင်းမေတ္တာ) ရွတ်ဆိုခြင်းမှာ ရဟန်း မင်းကြီးလီယို ၁၄ က အီတလီနိုင်ငံမြာက်ပိုင်း တရီဗာနီးတို သာသနာနယ်များမှ ရဟန်းဖြစ်သင်ကျောင်း သားများနှင့် ဒုတိယအကြိမ်တွေ့ဆုံရာတွင် သင်တို့၏မျက်လုံးများကိုသခင်ခရစ်တော်ထံမှ ဖယ်လွဲမသွား ကြဖို့သတိပေးပြောကြားခဲ့ပါသည်။

ထိုတွေ့ဆုံခြင်းမှာရဟန်းမင်းကြီးလီယိုက သူတော်မြတ် ဂျွန်ပါလ် ၁ သည် သင်တို့၏ ရဟန်းဘဝအတွက် စံနမူနာပုဂ္ဂိုလ်အတုယူစရာဖြစ်တယ်ဟုပြောကြားခဲ့သည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးက ရဟန္တာစိန့် ဩဂတ်စတင်း က သူ့ဘဝကိုသခင်ခရစ်တော်အတွက်ဆုံးဖြတ်ချင်ခဲ့တယ် သို့သော်လည်း တခြားတစ် ဖက်မှာ မကောင်းမှုကိုရှောင်ကြဉ်သည့်ကျင့်ကြံနေရင်းနဲ့ မကောင်းမှုရဲ့နှောက်ယှက်ခြင်းတွေဟာလည်း သူ့ဘဝထဲမှာခံစားနေရကြောင်း၊ ရဟန္တာစိန့်ဩဂတ်စတင်းကဲ့သို့ သင်တို့ဘဝတွေကို ဘုရားရှင်ထံမှာ ဆက်ကပ်စေလိုကြောင်း၊ ရဟန်းဖြစ်သင်ကျောင်းသားဘဝသာမဟုတ် သင်တို့၏ဘဝတလျှောက်လုံး ငါလုပ်နိုင်လို့ငါရတာဆိုသည့် မိမိကိုယ်ကိုဝေဝါးစေသည့်အတွေးအခေါ်များကိုဖယ်ရှားပြီးတော့ သင့်ကို ခေါ်တော်မူသော ဘုရားရှင်ကိုအကန့်သတ်မဲ့ယုံကြည်ဖို့ ၊ ဆက်လက်ပြီး ရဟန်းမင်းကြီးက ဘယ်လို အချိန်ခါမျိုးမှာပဲ ဖြစ်ဖြစ် အထူးသဖြင့် အပြစ်ထဲကျရ၊ အထီးကျန်ဆန်မှုမျိုး ခံစားရကြိမ်တွမှာ ဘုရားရှင် ၏သစ္စာရှိခြင်း၌ ကျနုပ်ကိုကျွန်ုပ်နှစ်မြုပ်ထားပါ၏ ဟူသောဆာလမ်းကျမ်း ကိုရွတ်ဆိုကြဖို့ လည်းကောင်း၊

ကိုယ့်ကိုယ်ကိုတစ်ယောက်တည်းရှိတယ်ဆိုတဲ့ ခံစားချက်မျိုး၊များသူငါနှင့် အပေါင်းသင်းဆက်ဆံမလုပ် ပဲ တစ်ဦးတစ်ယောက်တည်းနေခြင်းမျိုး ရှောင်ရှားကြပြီး၊ သိုးထိန်း၏ကတိ ကဝတ်များ၊ ဝိညာဉ်ရေးရာ ခရီးတိုးတက်မှုနဲ့ အသစ်သောဘဝအသက်တာတို့ကိုပေးစွမ်းနိုင်သည့် ဘုရားရှင်၏နှုတ်ကပတ်တော်နှင့် စက္ကမင်းတူးများထံ အမြဲတမ်းပြန်လှည့်ကျဖို့ တိုက်တွန်းခဲ့ကြောင်း၊ မိမိကအရေးပါသော ပုဂ္ဂိုလ်ဖြစ်နေ သော်လည်း၊ တစ်ဦးတစ်ယောက်တည်းဦးစီးဦးဆောင်လုပ်ကိုင်တာမျိုးမဖြစ်ဖို့၊ အဖွဲ့အစည်းနဲ့အမြဲတမ်း သူတကွပေါင်းစည်းလုပ်ကိုင်ဖို့၊ မိမိတို့ရဟန်းအသက်တာလျှောက်လှမ်းဖို့ကြိုးစားပြင်ဆင်နေစဉ် ပုံသွင်း ထွင်းထုပေးကြသည့် ပုဂ္ဂိုလ်ကုန်များပေါ်မှာယုံကြည်ကြဖို့ ရဟန်းဖြစ်သင်ကျောင်းသားများကို တိုက် တွန်းခဲ့ပြီး ရဟန်းဖြစ်သင့်ကျောင်းသားများကိုပုံသွင်းထွင်းထုပေးသည့်ပုဂ္ဂိုလ်တို့ သင်တို့ဆီမှာ အပ်နှံ ထားသည့် ရဟန်းဖြစ်တင်ကျောင်းသားတို့၏ ဘဝလမ်းခရီးမှာ ကောင်းမွန်သောခရီးသွားဖေါ် တစ် ယောက်အဖြစ် ရှိပေးကြပါ။

သင်တို့ဟာသာသနာတော်ရဲ့ အကူအညီနဲ့လျှောက်လှမ်းနေတယ်ဆိုတာကိုသတိရကြပါ။၊ ကျောင်းသား များကိုသင်တို့၏ရိုးသားသောချစ်ခြင်းမေတ္တာ၊ယုံကြည်ခြင်းအသက်တာနှင့် သင်တို့၏ နှိမ့်ချသောဘဝ များဖြင့်သက်သေခံပြီးအတူခရီးဆက်ကြပါ။သင်တို့၏မျက်လုံးများကို သခင်ခရစ်တော်ထံမှ ဖယ်လွှဲ မသွားဘဲ၊ သူနှင့်မိတ်ဆွေအပေါင်းသင်းဖြစ်ရခြင်း၊ အပြန်လှန်ဆက်သွယ်မှုရှိနေခြင်းများကိုရှာဖွေကြပါ။

သခင်ခရစ်တော်နှင့်တွေ့ဆုံမှသာ မိမိကိုယ်ကိုယ်၏အသက်တာကိုကယ်တင်နိုင်သလို ပျော်ရွှင်သော သတင်းကောင်းဝေမျှခြင်းနှင့် ခွန်အားတို့ကိုရရှိမည်ဖြစ်သည်ဟု မကြာခဲ့ပြီး။ သင်တို့၏လမ်းခရီး၌ အမိမယ်တော်၏ ကူညီဆောင်မပါစေ၊ သင်တို့၏ယုံကြည်ခြင်းခရီးသာယာဖြောင့်ဖြူးပါစေဟု၊ ရဟန်းမင်းကြီးမှာ မေတ္တာပို့ ဆုတောင်းပေးခြင်းဖြင့်အဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *