ရဟန်းမင်းကြီးလီယို (၁၄) ရောမသာသနာအတွင်းအမှုထမ်းနေသော ရဟန်းတော်များအား လက်ခံတွေ့ဆုံ။

ရဟန်းမင်းကြီးလေအို (၁၄) သည် သူ၏သာသနာဖြစ်သော ရောမသာသနာအတွင်း အမှုထမ်းနေ သည့် ရဟန်းတော်များ၊ ဦးပဥ္စင်းများ၊ ရဟန်းလောင်းကိုရင်များနှင့်တွေ့ဆုံ၍ ကောင်းကင်နိုင်ငံတော် အတွက် သင်တို့နေ့စဉ်ဆက်ကပ်အစေခံခြင်း၊များပြားလှသော တမန်တော်လုပ်ငန်းများ၌ သင်တို့၏ ရက်ရောခြင်း၊ တရားတော်ကို လူမသိသူမသိဘဲလျက်ကျင့်ကြံ့ရှင် သန်နေခြင်း၊ ဘ၀၌‌ဝေဒနာများ၊ မမှန် မကန်စွပ်စွဲပြောဆိုခံရခြင်းများကြားမှ ကြံ့ကြံ့ခံ၍ရှင်သန်ပေးနေခြင်းအတွက် သင်တို့ကို ကျေးဇူးအထူး တင်ကြောင်းမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးကသူ၏ဩ၀ါဒကိုမစတင်မီ ရဟန်းတော်များ၊ ဦးပဥ္စင်းတို့ အားဂုဏ်ပြု သောအားဖြင့် လက်ခုပ်ဩဘာကျယ်လောင်စွာပေးရန်တောင်းဆိုခဲ့သည်။ဘုရားသခင် ၏ရှေ့တော်၌ လွန်စွာကြီးမြတ်လှသည်။

ရဟန်းမင်းကြီးသည် ရဟန်းတော်များ၊ ဦးပဥ္စင်းတို့အားချစ်ခြင်း၊ ခင်မင်ရင်းနှီးမှုဖြင့်တွေ့ဆုံနှုတ် ဆက်ပြီး ယခုကဲ့သို့တွေ့ဆုံရခြင်းမှာ ၄င်းတို့နှင့်ပိုမိုရင်းနှီးစွာသိကျွမ်းပြီး၊ အတူတကွလက်တွဲ လျှောက် လှမ်းနိုင်ရန်ဖြစ် ကြောင်း၊ ၄င်းတို့အသီးသီးထမ်းဆောင်နေကြသောအမှုတော်အသီးသီးသည် ဘုရား သခင်ရှေ့မှောက်၌လည်းကောင်း၊ ဘုရားသခင်၏အကြံအစည်တော်၌လည်းကောင်း လွန်စွာတန်ဖိုးရှိ ကြီးမားကြောင်းမိန့်ကြားခဲ့သည်။ကျွန်ုပ်တို့၏၀ိညာဉ်ရေးအသက်တာကိုကာကွယ်ထိန်းကျောင်းရမည်။ ရောမသာသနာသည် အခြားသောသာသနာနှင့်မတူဘဲထူးခြားသည်။ သာသနာအတွင်း အမှုထမ်း နေ ကြသောရဟန်းတော်များသည် ကမ္ဘာ့နေရာဒေသအသီးသီးမှဖြစ်ကြသည်။ ဤအခြေအနေကြောင့် ရဟန်းမင်းကြီး သည် အချက် (၃) ချက်ကိုဆွေးနွေးမိန့်ကြားခဲ့သည်။

ပထမ (၁) ချက်ကား ဘုရားသခင်၏နှလုံးတော်နှင့်နီးကပ်စွာရှိရန်၊ ဘုရားသခင်နှင့် ပေါင်းစည်းရန် ဖြစ်သည်။ ရဟန်းတော်များသည် သူနှင့်ပေါင်းစပ်နေသည်၊ ပေါင်းစပ်ခြင်းမရှိသည် ကိုကောင်းစွာသိ သည်။ သာသနာ့အမှု တော်ဆောင်များအချင်းချင်းပေါင်းစည်းမှုရှိရမည့်သူများဖြစ်သော်လည်း လက် တွေ့၌မူယဉ်ကျေးမှုမတူညီသောအဟန့် အတားသည် သာသနာ့အမှုထမ်းများကြား ထီးထီးကြီးဖြစ်စေ သည်ကိုတွေ့နေရသည်။

သာသနာ့အမှုထမ်းများသည်လည်း ၀ိညာဉ်ရေးအသက်တာကို အဟန့်အတားဖြစ်စေသည့် အ ခြေအ နေမျိုးမှကင်း‌ရှင်းနေကြသူများမဟုတ်။ ဤအချက်ကိုအခြေခံ၍ ရဟန်းမင်းကြီးသည် သူ၏သာ သနာအတွင်းအမှုထမ်း နေသောရဟန်းတော်များနှင့် အတူယှဉ်တွဲလျှောက်လှမ်းရန် အားထုတ်ခြင်းဖြစ် သည်။ သို့မှသာ ရဟန်းတော်တိုင်းသည် မိမိတို့အမှုတော်ကိုထမ်းဆောင်ရာ၌ တည်ကြည်လေးနက်မှုဖြင့် ဆောင်ရွက်နိုင်မည်။ ဤသို့ပြုနိုင်ရန် ယေဇူးသခင်၏ နှုတ်တော်ထွက်စကားတော်ကို နားထောင်ခြင်း တည်းဟူသော ၀ိညာဉ်ရေးအသက်တာ၌အမြစ်တွယ်နေသော ရဟန်း တို့၏ညီအစ်ကိုရင်းအသက်တာကို ပြန်လည်ဆန်းသစ်ရန်လိုသည်။ ပေါင်းစည်းခြင်းဟုဆိုရာ၌ မိမိအမှုထမ်းနေသောသာသနာ နှင့်ပေါင်း စည်းနေခြင်း၊ အတူယှဉ်တွဲ လျှောက်လှမ်းခြင်းကိုဆိုလိုသည်။ ဤသို့ပြုနိုင်လျှင် ဧ၀ံဂေလိတရားတော် အပေါ် မဖောက်မပြားဘဲ နေနိုင်ရန်အာမခံ ချက်ရှိစေသည်။

(၂) စံပြနှင့်ယုံကြည်ထို က်သောအသက် တာဖြစ်ရမည်။

ရဟန်းမင်းကြီးထပ်မံ‌ဆွေးနွေးလိုသော ဒုတိယချက်ကား ‘စံပြ’ ဖြစ်ရန်ဖြစ်သည်။ ရဟန်းမင်း ကြီး လီယို (၁၄) သည် မေလ (၃၁) ရက်နေ့က ဦးပဥ္စင်းများအားရဟန်းသိက္ခာထပ်ပေးသည့် မစ္ဆားတရား အတွင်း၌ ပွင့်လင်းမြင် သာမှုရှိရန်အဘယ်မျှအရေးကြီးကြောင်း၊ တမန်တော်ပေါလု၏ဩ၀ါဒစာထဲမှ ‘ကျွန်ုပ်အဘယ်သို့ရှင်သန်သည်ကိုသင် တို့သိကြ၏’ ဟူသောကျမ်းချက်ကိုမီးမောင်းထိုးပြခဲ့သည်။ ဖခင် တစ်ဦးအနေဖြင့်လည်းကောင်း၊ သိုးထိန်းတစ်ပါး၏ စိတ်နှလုံးဖြင့်၄င်းတို့အား ယုံကြည်အားထား လောက်သူများ၊ ပုံစံကောင်းနာမူနာပြသနိုင်သူများဖြစ်ရန်ကြိုးစားဆက် ကပ်ကြရန်တိုက်တွန်းခဲ့သည်။

လူတိုင်း၌အကန့်အသတ်များရှိကြသည်။ ယေဇူးသခင်လည်းကောင်းစွာနားလည်သည်။ သို့သော် ကျွန်ုပ်တို့သည်ထူးခြားသောကျေးဇူးတော်ကိုခံယူရရှိထားသည်။ ကျွန်ုပ်တို့အား အလွန်အဖိုး ထိုက်သော ရတနာအပ်နှံ ထားသည်။ ထိုကျေးဇူးတော်၊ ရတနာများကိုစောင့်ရှောက်ခြင်းသည် အမှုတော်မြတ်၌ အကောင်းဆုံးအစေခံခြင်းဖြစ် သည်။ အစေခံသည် သစ္စာတည်ကြည် ရမည်ဖြစ်သည်။ ယေဇူးသခင်၏ ခေါ်တော်မူခြင်းကိုထပ်မံခံယူပါ။

ယေဇူးသခင်၏ခေါ်တော်မူခြင်းကိုထပ်မံခံယူပါ။ ဤသို့ဖြင့် သင့်ကိုဦးစွာခေါ်စဉ်ကရှိခဲ့သော ချစ် ခြင်း မျိုးကိုပြန်လည်ခံစားလိုက်ပါ။ ထိုချစ်ခြင်းကြောင့်ပင် စိန်ခေါ်မှုကြီးမားသော ရွေးချယ်မှုကိုပြုခဲ့ သည်။ စွန့််လွှတ်မှုများ ကိုလည်းရဲ၀ံ့စွာပြုနိုင်ခဲ့သည်။ နှိမ့်ချသောအသက်တာကို ရှင်သန်ရန်ကြိုးစားအား ထုတ်ပါက လူတိုင်းအတွက်၊ အမျိုး သား၊ အမျိုးသမီး၊ နေရာဒေသမရွေး ရည်ရွယ်သော ဧ၀ံဂေလိ တရား၏အစွမ်းကိုဖော်ပြနိုင်မည်ဖြစ်သည်။

(၃) စိန့်ခေါ်မှုကိုရှောင်တိမ်းရန်မကြိုးစားနှင့်။

ရဟန်းမင်းကြီးဆွေးနွေးသောတတိယအချက်ကား ရဟန်းတော်များသည် မိမိတို့ခေတ်အခါသမာယ စိန်ခေါ်ချက်ကိုကြောက်ရမည့်သူများမဟုတ်။ ပရောဖက်ဉာဏ်ဖြင့်ရင်ဆိုင် ဖြေရှင်းရမည့် သူများဖြစ်ကြ သည်။ ယနေ့က မ္ဘာကြီးအတွင်း၌ဖြစ်စေ၊ ကျွန်ုပ်တို့၏ပတ်၀န်းကျင်၌ဖြစ် ပျက်နေသောအနိဌာရုံ အဖြစ် အပျက်များကြောင့်ကျွန်ုပ်တို့စိုး ရိမ်ရသည်။ နာကြင်ရသည်။ ‌ဝေဒနာများဖြစ်ပေါ်ခံစားရသည်။ မမျှတ သောဥပဒေ၊ အခွင့်အရေး၊ လူမှုရေးနယ်ပယ်၌ ခွဲခြားခံရမှုများ စသောစိန်ခေါ်မှုများကိုကြုံတွေ့ ရင်ဆိုင် ရမည်။ ထိုအခြေအနေများ၏နောက်ဆက်တွဲများဖြစ်သော ဒုက္ခ၊ ‌ဝေဒနာများကိုလူတိုင်းခါးစည်းခံစား နေကြရသည်။ အဘယ်သူမျှ၊ အဘယ်နေရာမျှ ခြွင်းချက်မရှိ။ ထိုရိုက်ခတ်မှု ကိုရောမကဲ့သို့သောမြို့ ကြီး ၌လည်းကြုံနေရသည်။

ယေဇူးသခင်သည် ရဟန်းသစ်တို့အားမျက်မှောက်ကာလ၏ စိန်ခေါ်ချက်များကိုရင်ဆိုင်ရန်ခေါ်ဖိတ် ခြင်းဖြစ်သည်။ အဆိုပါစိန်ခေါ်ချက်များသည် ကျွန်ုပ်တို့၏ကိုယ်စွမ်းကိုယ်စဖြင့်လုပ်နိုင်ဟန်မတူ။ ရဟန်း တော်များ သည် ထိုစိန်ခေါ်ချက်များကိုဖက်တွယ်ရန်၊ ဧ၀ံဂေလိစံတရားတော်နှင့်အညီရင်ဆိုင်ဖြေရှင်းရန်၊ ဧ၀ံ‌ေဂလိတရားကို လက်တွေကျကျရှင်သန်သက်သေခံရန် အကောင်းဆုံးအခွင့်အရေး ဟုလက်ခံရ မည်။ ထွက်မပြေးကြပါနှင့်။ တမန်တော် တို့၏ဆက်ကပ်ခြင်းအသက်တာသည် လူတိုင်းအားစာသင် ကြားပေးသောကျောင်းကဲ့သို့ဖြစ်ရမည်။ ထိုနေရာ၌ဘုရား သခင်၏ကောင်းကင်နိုင်ငံတော်ကို စိတ်ရှုပ် ထွေး၊ စိတ်လှုပ်ရှားမှုများကြား၌ အဘယ်သို့တည်ဆောက်ရမည်ကိုသင်ယူ ရမည်။

ရဟန်းမင်းကြီးလီယို (၁၄) ၏သဘောဆန္ဒ။

များမကြာမီရာစုအတွင်းက ရဟန္တာဘုန်းတော်ကြီးများစွာပေါ်ထွက်လာခဲ့သည်။ ၄င်းတို့သည် ဒုက္ခ များကို ဧ၀ံဂေလိတရားတော်နှင့်အဘယ်သို့ပေါင်းစည်းရှင်သန်ရမည်ကိုသိခဲ့ကြသည်။ သတ္တိရှိရှိ ရင်ဆိုင် ရန်တိုက်တွန်း ခဲ့သည်။ ထိုသို့ရင်ဆိုင်နိုင်ရန်ခွန်အားကို လူသားဖြစ်သော်လည်း ကြိုးစားအောင် မြင်သွား ကြသောအဆိုပါသန့်ရှင်းမြင့် မြတ်သူတို့ ကြဲချခဲ့သောသန့်ရှင်းခြင်းမျိုးစေ့များမှခွန်အားကိုရယူကြပါစို့။ချစ်လှစွာသောညီအစ်ကိုတို့ သင်တို့နှင့်အနီးကပ်၌နေမည်။ ကျွန်ုပ်၏ချစ်ခြင်း၊ သင်တို့နှင့် အတူ လျှောက် လှမ်းလိုစိတ်တို့၌ သင်တို့နှင့်ရှိနေမည်ဟုမိန့်ကြားရင်း ထိုတွေ့ဆုံ ခြင်းကိုအဆုံးသတ်ခဲ့သည်။

ဘာသာပြန်- Fr. Clement Angelo Ate

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *