
ရဟန်းမင်းကြီးလီယို (၁၄) ကယုံကြည်ခြင်းအတွက်ညှဉ်းပန်း နှိပ်စက်ခံရသူတို့ကိုအစဉ် သတိရဆုတောင်းပေးပါဟုတိုက်တွန်း။

ရဟန်းမင်းကြီးလီယို (၁၄) က မိမိတို့၏ယုံကြည်ခြင်းကြောင့် ညှဉ်းပန်းနှိမ်စက်ခံ ရသောသူ တို့အတွက်မမေ့ မလျော့ဆုတောင်းပေးရန်နှင့် ၄င်းတို့ကိုအားပေးနှစ်သိမ့်ရန် အစဉ်ကြိုးစားပါဟုတိုက် တွန်းထားသည်။ ဤတိုက်တွန်းချက်ကို ဖရန်စ္စစကင်အသင်းများစွာရှိသည့်အနက် ‘the Order of Friars Minor Conventual’ အသင်းနှင့် Trinitarians အသင်းဟုလည်းခေါ်သော the Most Holy Trinity and of the Captives ၀င်များအားလက်ခံတွေ့ဆုံစဉ်မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ဤအသင်း နှစ်သင်းတို့သည် ၄င်းတို့၏အထွေထွေအစည်းအဝေးကြီးကိုကျင်းပရန်ရောမမြို့သို့ရောက်ရှိနေစဉ် သောကြာနေ့၌ ရဟန်း မင်းကြီး အားလာရောက်ဖူးတွေ့ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် သူတော်စင်အသင်းနှစ်သင်း၏ယုံကြည်ခြင်း၊ သာသနာပြုဒေသရှိ၄င်းတို့၏ ကြိုးစားအားထုတ်မှု များနှင့်ဘာသာရေးလွတ်လပ်မှုမရှိသည့်ကမ္ဘာ့အစိတ်ပိုင်းဒေသများ၌ သက်စွန့်ဆံ ဖျားကြိုးစားအားထုတ်နေမှုများကိုထုတ်ဖော်ချီး ကျူးအားပေးခဲ့သည်။ ၄င်းတို့ဆောင်နေသော အမှုတော် သည် ယေဇူးသခင်ကိုယ်တော်တိုင်အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတို့အစေခံနေကြသည့် ကိုယ်တော် ရှင်၏အသိမ်ငယ်ဆုံးသောညီအစ်ကိုများထံမှလည်းကောင်း၊ သာသနာပြုဒေသမှအသင်းအဖွဲ့တို့၏ လို အပ်ချက်များ၊ခေတ်ကာလ၏လိုအပ်ချက်များနှင့်သာသနာတော်ကြီး၏သွန်သင်ပိုင်ခွင့်အာဏာ၏တောင်းဆိုချက်များအားနား စွင့်ထောင်ရင်း ကိုယ်တော်ရှင်၏ဗျာဒိတ်တော်ကိုကြားနာ ကြရန်အားပေး တိုက် တွန်းခဲ့သည်။ရှင်သန်နေခြင်းသည် ဘုရားသခင်ကိုချီးမွမ်းရန်လိုအပ်သည်။ ချစ်ခင်လေးစားရသော အာစီးစီမြို့မှဖရန်စ္စ၏သားများတို့ တစ်ဦးစီနှင့်ညီအစ်ကိုများအားလုံးအနေဖြင့် ခရစ်ယာန်အသက် တာကိုရှင်သန်ရင်း ဘုရားသခင်ကိုဦးထိပ်ပန် ဆင်ချီးမွမ်းရမည်ကိုသိရမည်ဟုမိန့်ကြားခဲ့သည်။ ဖရန်စ္စ စကင်အသင်းအနေဖြင့် အရှေ့မလယ်ပိုင်းစွန်းစွန်း၌သာသနာပြုနေခဲ့သည့် နှစ်ပတ်လည်နေ့ လည်းဖြစ် သည်။
ရဟန်းမင်းကြီးအနေဖြင့် အမျိုးသားသူတော်စင်အသင်းနှစ်သင်းကိုအတူတကွလက်ခံတွေ့ဆုံခြင်း အား ဖြင့် စိန့်ဂျွန်လေတာရင်ဘာစီးလီကာ၌ချိတ်ဆွဲထားသောပုံတော်ကိုသတိရမိသွားကြောင်း၊ ထိုပုံတော်၌ စိန့်ဖရန်စစ်နှင့်စိန့်ဂျွန်မာသာတို့အတူတကွ ရဟန်းမင်းကြီးအင်းနိုစင် (၃) ၏ရှေ့မှောက်၌ ဖရိုဖရဲဖြစ် နေသောသူတော်စင်အသက်တာကိုပြန်လည်ပြုပြင်ရန်အားထုတ်ကြိုးစားသွားမည်ဟုဧရာမဧ၀ံဂေလိကျမ်းစာအုပ်ကြီးကိုဖွင့်ထားလျှက် ကတိက၀တ်ပြုနေသောပုံတော်ကိုပြန် လည်အမှတ်ရသွားစေ ကြောင်း၊ စိန့်ဖရန်စစ်သည် ရဟန်းမင်းကြီးရှေ့မှောက်၌ဒူးထောက်လျှက် ရဟန်းမင်းကြီးအား ‘အိုအရှင် ဘု ရား၊ တပည့်တော်သည် သန့်ရှင်းသောဧ၀ံဂေလိတရား တော်၏ကျင့်စဉ်အတိုင်းသာခြွင်းချက် မရှိစေ ပဲကျင့်ကြံရှင်သန်မည်’ ဟုကတိပြုခဲ့သည့်ပုံရိပ်နှင့်စိန့်ဂျွန်မာသားလည်း ရဟန်းမင်းကြီးနှင့် အတူ အကောင်းဆုံးဖြစ်အောင်ပြန်လည်တည်းဖြတ်သော ၄င်းတို့အသင်း၏လက်စွဲ ကျင့်စဉ်စာအုပ်ကို လက်ထဲ၌ကိုင်လျှက်မတ်တပ်ရပ်နေသည့်ပုံရိပ်တို့ကိုပြန်လည်အမှတ်ရကြောင်းမိန့်ကြားခဲ့သည်။
စိန့်ဖရန်စစ်သည် သာသနာတော်ကြီးအားနာခံတတ်မှုကိုသူ့စိတ်ကြိုက်ရေးဆွဲခြင်းထက် ဘုရားသခင်၏လက် ဆောင်အဖြစ်ခံယူသည့်အကြောင်းကိုရဟန်းမင်းကြီးလေအို (၁၄) မီးမောင်းထိုး ပြသည်။ စိန့်ဂျွန်မာသားသည်လည်း ရဟန်းမင်း ကြီးမှအတည်ပြုလိုက်သော အသင်း၏ လက်စွဲကျင့် စဉ်စာအုပ်ကိုကိုင်ဆောင်ထားခြင်းအားဖြင့် အသင်း၀င်များအနေဖြင့်ဘုရား အလင်းပေး၍ ရေးဆွဲ စေသည့်အတိုင်းကျင့်ကြံအားထုတ်ရှင်သန်ရမည့်အသက်တာကိုစေ့စပ်သေချာစွာဆန်းစစ်လေ့လာထားခြင်း၏အသီးအပွင့်ဖြစ်သည်ကိုဖော်ပြခြင်းဖြစ်သည်။
စိတ်နေသဘောထားနှစ်ခုသည် တစ်ခုနှင့်တစ်ခုဆန်ကျင်မနေဘဲ ဗာတီကန်မှ အသင်း၏ ကျင့်စဉ်ကိုယုံကြည် စွာအပ်နှင်းထားသကဲ့သို့ တစ်ခုကတစ်ခုကိုမီးမောင်းထိုးပြနေသည်။ တစ်ခုကတစ် ခုကိုထိန်းကျောင်းလမ်းပြပေးနေကြသည်။ ဤ ရဟန္တာနှစ်ပါးအားဘုရားသခင်သည် အစေခံသည့်လမ်း စဉ်နှင့်စိန့်ပီတာ၏အရိုက်အရာကိုဆက်ခံသူများ (ရဟန်းမင်းကြီးတို့ကိုဆို လိုသည်။) နှင့်လက်တွဲ၍ သန့်ရှင်းသော၀ိညာဉ်တော်ပေးသနားသည့်လက်ဆောင်များကိုသာသနာအတွက်အသုံးတော်ခံစေခဲ့ ကြောင်း၊ စိန့်ဖရန်စစ်အနေဖြင့် သူတော်စင်တစ်ဦးသည် ယေဇူးသခင်နောက်သို့မည်သည့် တွန့်ဆုတ်မှုမျှ မလုပ်၊ အပေါ်ယံမျှသာမ ဟုတ်၊ လှေနံနှစ်ဖက်နှင်းခြင်း၊ အကျိုးအမြတ်အတွက်သူတော်စင်ဘ၀ကို ခံယူ ခြင်းမျိုးလုံး၀မဖြစ်သင့်ကြောင်းရဟန်းမင်းကြီးအားတင်ပြခဲ့သည်။ စိန့်ဂျွန်မာသာမှာ စိန့်ဖရန်စစ်မိန့် ကြားသောအမှန်တရားကို အသင်း၏အုတ်မြစ်အဖြစ် မည်သည့်အရာကိုမျှကိုယ်ပိုင်ဟူ၍ပြောဆိုခြင်း၊ မိမိအတွက်၀ှက်ယူသိမ်းဆည်းခြင်းများကိုမပြုဘဲရှင်သန်စေခဲ့သည်။
ဘာသာရေးလွတ်လပ်ခွင့်ကင်းမဲ့သူများ Trinitarians အသင်းအနေဖြင့် မိမိတို့၏ယုံကြည်ခြင်းကို လွတ် လပ်စွာထုတ်ဖော်ရှင်သန်နိုင်ခွင့်မရှိသည့်အရပ် ဒေသများရှိဘုရားသခင်၏သားသမီးများကို အားပေးနှစ် သိမ့်ရန်ရည်ရွယ်၍ရွေးချယ်ခဲ့သည်။ ပြီးခဲ့သောလများ၌ အသင်းသားများ သည် ယခုကျင်းပသော အထွေထွေအစည်းအဝေးကြီးအောင်မြင်စွာကျင်းပနိုင်ရန် စိန့်ပေါလ်၏ကော်ရိန်သုဩ၀ါဒစာ ဒုတိယ စောင် (၄း၉) အတိုင်း မိမိတို့၏ယုံကြည်ခြင်းအတွက် ညှဉ်းပန်းနှိပ်စက်ခံရသော်လည်းယုံကြည်ခြင်းကိုမ စွန့်ကြသူများ၊ ချိုးဖျက်ခံရသော်လည်းပျက်စီးခြင်း ကိုမရောက်သော သူများအတွက် ဆုတောင်းပေး ခဲ့ကြောင်း၊ ဤကျမ်းချက်သည် အထွေထွေအစည်းအ ေ၀းကြီးအတွက်ဦး တည်ရမည့် ကျမ်းချက် ဖြစ် သည်။
ယခုသင်တို့၏အစည်းအဝေး၌ သန့်ရှင်းသော၀ိညာဉ်တော်၏ဆုဆုံးရှုံးနေကြသော မိမိတို့ ယုံကြည်ခြင်းအ တွက်ညှဉ်းပမ်းနှိပ်စက်ခံနေရသူတစ်ဦးတစ်ယောက်ကို မျှမမေ့လျော့ရန် ရဟန်းမင်း ကြီးလီယို (၁၄) ကိုယ်တိုင်လည်းဆုတောင်းခဲ့ ကြောင်း၊ ယုံကြည်ခြင်းကြောင့်ညှဉ်းပန်း နှိပ်စက်ခံရသူတို့ နှင့်စပ်လျဉ်း၍ စိန့်ဩဂုတ်စတင်းသင်ကြားမှုအပေါ် ရဟန်းမင်းကြီးလီယို (၁၄) သဘောပေါက်နားလည် သည်မှာ လူတို့သည်ဘုရားသခင်ပိုင်ဆိုင်သည်။ ထို့ကြောင့် ခေါ်တော်မူခြင်းခံရခြင်းသည် ထိုသို့ ဖိနှိပ်ခံ ဘုရားသခင်၏သားသမီးများအားလွတ်မြောက်အောင်လုပ်ဆောင်ပေးခြင်းဟုဖြစ်သည်။
သာသနာ့၀န်များဒုက္ခခံထမ်းနေခြင်းကြောင့် ခေါ်တော်မူခြင်းတိုးပွားစေခြင်း၊ ဘာသာတူ များတိုးပွားလာခြင်း၊ စိတ်ကောင်းနှလုံးကောင်းရှိသူများအခြေအနေမှန်ကိုသိလာခြင်း၊ ခက်ခဲသည့် နေရာများ၌သာသနာပြုရန်အမှန်တကယ်လိုအပ် နေကြောင်းသိလာ၍ ပိုမိုလုံ့လစိုက်ထုတ် လိုစိတ်များ ရှင်သန်လာစေကြောင်း၊ ဥပမာအားဖြင့်သင်တို့သာသနာပြုနေသော အရေဘီ ယံကျွန်းစု၊ အရှေ့အလယ် ပိုင်း၊ အာဖရိကနှင့်အိန္ဒိယနိုင်ငံ၏ေ၀းလံခေါင်ဖျားသောဒေသများ၌ဖြစ်သည်။
ခရစ္စတူးသခင်ကျွန်ုပ်တို့အားမောင်နင်စေရမည်။
ထို့နောက် ရဟန်းမင်းကြီးလီယို (၁၄) သည် ဖရန်စ္စစကင်အသင်း၀င်များအားလည်း ဘုရား သခင်နှင့်ဆိုင်ရာတို့ ကိုဟောပြောသောကြောင့် ကျေးဇူးတင်ကြောင်း၊ ကျွန်ုပ်တို့၏စိတ်၀င် စားမှုမဟုတ် ဘဲ ခရစ္စတူးသခင်၏မောင်းနှင်ခြင်းကိုခံယူရမည်။ သူ၏၀ိညာဉ်တော်ကိုဦးစွာနားစွင့်ထောင်ရမည်။ သို့မှသာ အနာဂါတ်ကိုယခုပစ္စုပ္ပန်၌အစပျိုးရေးထိုးနိုင်မည်ဖြစ်ကြောင်း၊ ယေဇူးသခင်၏ ၀ိညာဉ်တော် အသံကို သာသနာနယ်အတွင်းရှိညီအစ်ကိုမောင်နှမတို့၏အသံမှတဆင့်နားထောင်ရမည်ဖြစ်ကြောင်း မိန့် ကြားခဲ့သည်။
ရဟန်းမင်းကြီးသည် အဆိုပါတွေ့ဆုံခြင်းကို စိန့်ဖရန်စစ်ကိုယ်တိုင်ရေးစပ်သီကုံးခဲ့သော ‘the trisagion’ (အမြင့်ဆုံးသောဘုရားချီးမွမ်းခြင်း) ဆုတောင်းမေတ္တာဖြစ်သည့် ‘တစ်ပါးတည်းသောအို ဘုရားသခင်၊ ကိုယ်တော်သည် သန့် ရှင်းတော်မူ၏။ ကိုယ်တော်သည်အံ့ဖွယ်ရာများကိုလုပ်ဆောင်တော် မူ၏။ ကိုယ်တော်သည် သန့်စွမ်းတော်မူ၏။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ ကိုယ်တော်သည် အမြင့်မြတ်ဆုံးဖြစ်တော်မူ၏။ ကိုယ်တော်သည် အစွမ်းတန်ခိုးကြီးမားသောဘုရင်ဖြစ်တော်မူ။ ကိုယ် တော်သည် သန့်ရှင်းသောခမည်းတော်၊ မိုးကောင်းကင်နှင့်မြေကြီးတို့၏ဘုရင်ဖြစ်သည်’ ဟုရွတ်ဆိုပူဇော် ကာအဆုံးသတ် လိုက်သည်။
ဘာသာပြန်- Fr. Clement Angelo Ate
News- Vatican News
Website: rvamyanmar.org

