ဖာသာရ်. Alphonse Aung Ko Latt (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ (၁၂)ကြိမ်မြောက် အင်္ဂါဩဝါဒ ၂၄၊ ၆၊ ၂၀၂၅

သခင်ခရစ်တော်၌ချစ်လှစွာ‌သောညီအစ်ကိုမောင်နှမအပေါင်းတို့ ဒီနေ့ဟာနှစ်စဥ်နှစ်တိုင်းပဲကျင်းပါမြဲ့ဖြစ်တဲ့ရှင်ယောဟန်ဗတ္တိဇံရဲ့မွေးနေ့ပွဲကိုသတိတရကျင်းပကြတယ်။ ဘာကြောင်တုံးဆိုတော့ ရှင်လူကာ ၁း၃၆မှာ ကောင်းကင်တမန်တော်ဖဂါလ်ဗြီအဲလ်က မယ်တော်မာရီးယားကိုသင်၏ဆွေမျိုးဧလိဇဗက်သည် အိုမင်းသောအရွယ်၌ ပဋိသန္ဓေစွဲယူ၍အမြုံမဟုအခေါ်ခံရသေ ာသူမသည်အခုဆဌမလရှိလေပြီဟုဆိုထားသလိုပဲဒီကနေ့ဟာခရစ်တော်မမွေးဖွားမီ၆လအလိုပဲဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီးတော့ နောက်ထပ်အဆိုလေးတစ်ခုရှိသေးတယ်။ ရေပူရအားဖြင့်ဇွန်လ၂၁ရက်နေ့သည် နေ့တစ်နေ့ရဲ့နေ့တာလည်းအရှည်ဆုံးရဲ့ဖြစ်ပြီးတော့အဲဒီနောက်ပိုင်းမှာတော့နေ့တာဟာအဖြည်းဖြည်းတိုသွားတယ်လို့ဆိုတယ်။ အဲဒီလိုပဲဒီဇင်ဘာလည်း၂၁ရက်နေ့မှာအတိုဆုံးရဲ့ဖြစ်ပြီးတော့နောက်တရက်၂၂ရက်ကစလို့နေ့တာကတဖြည်းဖြည်းပြန်ရှည်သွားတယ်လို့လေ့လာတွေ့ရှိကြတယ်။ ရှင်‌ယောဟန်ဧဝံလိကျမ်း၃း ၃၀မှာ ကိုယ်တော်သည်တိုးတက်ရမည့် ငါးမူကာဆုတ်ယုတ်ရမည်လို့ရှင်ယောဟန်ကဆိုထားတဲ့အတိုင်း အလင်းရောင်တဖြည်းဖြည်းနဲ့တိုစပြုလာတဲ့ဇွန်လ၂၄ရက်နေ့မှာ ရှင်ယောဟန်ရဲ့မွေးနေ့ပွဲကိုကျင်းပပြီးတော့ အလင်းရောင်ပိုပိုများလာတဲ့ဒီဇင်ဘာလ၂၄ရက်နေ့မှာခရစ်တော်ရဲ့မွေးနေ့ကိုကျင်းပကြတယ်လို့ပြောစမတ်ရှိခဲ့တယ်။ ယနေ့ကျမ်းချက်ဖြစ်တဲ့ရှင်လူကာမှ ၁း၅၇-၆၆,၈၀မှာ ရှင်ယောဟန်ရဲ့မွေးဖွားခြင်းနဲ့ကင်မွန်းတတ်ခြင်းကိုဖတ်ရှုရတယ်ရှင်‌ယောဟန်ရဲ့ဘဝဖြစ်စဉ်တစ်ခုလုံးကိုကြည့်လိုက်ရင်တော့ သူ့မိခင်ရဲ့ဝမ်းမှာပဋိသန္ဓေစတည်ကြိမ်ကစလို့သေဆုံးချိန်အထိအခိုက်အတန့်တိုင်းမှာ ဘုရားရှင်ရဲ့ဘုန်ဂုဏ်တော်ကိုရှားစေခဲ့တယ်။ မိခင်ဧလိဇဗက်ရဲ့အရွယ်လွန်မှရတဲ့ကိုယ်ဝန်ဆောင်မှုဟာဘုရားရှင်ရဲ့မတက်နိုင်တဲ့အရာမရှိဘူးဆိုတာကတော့ဒ ါဟာသက်သေဖြစ်သလိုပဲ မိဘနှစ်ပါးရဲ့နှစ်ပေါင်းများ စွာ‌ဆုတေင်းလျှောက်လာတဲ့ဆုတောင်းခြင်းရဲ့အဖြေလည်းဖြစ်တယ်။ ဆုတောင်းတာကိုပြည့်လို့ဝမ်းသာပြီးတော့ဘုရားရှင်ကိုကျေးဇူးတင်ရမယ့်အစားမယုံနိုင်ဘူးဆိုပြီးတော့သံသယဝင်မိလို့ဆွံ့အာသွားခဲ့တဲ့ ဖခင်ဇာခရီယာကသင်ပုံးပေါ်မှာသူငယ်၏အမည်ဟာယောဟန်ဖြစ်တယ်လို့ရေးလိုက်တာနဲ့စကားပြန်ပြောနိုင်သွားခဲ့တယ်။ ဒါတွေကိုမြင်တွေ့တဲ့သူအားလုံးကတော့ဘုရားရှင်ရဲ့တက်နိုင်တော်မူခြင်းအပေါ်မှင်သက်အံ့ဩကြရင် ဇာခရိနဲဧလိဇဗက်အတွက် ဝမ်းသာပေးကြတယ်။ တစ်ချိန်တည်းမှာပဲအချင်းအရာအားလုံးသည် ဘုရားရဲ့စီမံကိန်းတော်ကဖြစ်တယ်ဆိုတာကိုသိနားလည်ကြပြီးတော့ သူငယ်သည်ကားမည်ကဲ့သို့သောသူဖြစ်လာလိမ့်မည်ဟုဆိုပြီးတော့မေးခွန်းထုတ်လာပြီးတွေဝေနေကြတယ်။ ဒီကနေ့ကျမ်းချက်ရဲ့အစုံ အခန်းငယ်၈၀မှာ သူငယ်သည်ကြီးပျင်လာ၍ပညာနှင့်ပြည့်စုံပြီးတော့သူသည်အိစွာအဲလ်လူမျိုးတိုထံသို့ထင်ရှားစွာထွက်ပေါ်မှာမလာမိတိုင်အောင်တောင့်ဂန္ဓာရ၌‌နေလေ၏ဟုဆိုပြီးဖတ်ရှုရတာမို့လို့ ကြားထဲကနှစ်တွေအကြောင်းကိုအ‌သေးစိပ်မသိရတာမို့ လူတွေရှေ့ကိုပြန်ရောက်လာချိန်မှာရှင်‌ယောဟန်ဟာအပြစ်တွေကိုနောင်တရဖို့ ဆေးကြောခြင်းခံဖို့ဟောကြားတာဂျောဒန်မြစ်မှာဆေးကြောခြင်းပေးတာတို့ကိုကြည့်ခြင်းအားဖြင့်ဘုရားနဲ့အမြဲဆက်သွယ်ရှိပြီးတော့ ဘုရားထံသို့ဆုတောင်းနေခဲ့တယ်ဆိုတာကတော့သေချာနေပါတယ်။ အဲဒီလိုဘုရားနဲ့နည်းနည်းကပ်ကပ်မှအမြဲရှိနေလို့လဲ သူ့ရဲ့ခေါ်တော်မူခြင်းသည်ဘုရားရှင်ရဲ့သူ့ကိုဘယ်လိုအသုံးပြုချင်သလဲဆိုတာကတော့သေသေချာချာသိနားလည်ခဲ့တယ်။ မက်ဆီယားရှင်ကြွလာမယ့်လမ်းကို ပြင်ဆင်ရင်ထိုအရှင်က ဘယ်သူဖြစ်တယ်ဆိုတာကိုသိသွားတာနဲ့ လူတွေကိုညွှန်းပြခဲ့သလို သူ့ရဲ့နောက်လိုက်တွေကိုလည်းမက်စီယားရှင်ဆီမှာလိုက်စေခဲ့တယ်။ ဖ‌‌ရောဖတ်ဆိုတဲ့အတိုင်းပဲ မတရားတာတွေကိုရှုတ်ချကာ အမှန်တရားကိုဟောပြောပြီးတော့တဲ့မတ်ပေးခဲ့တယ်။ ဒါကြောင့်အမုန်းခံရပြီးတော့ တရားတော်အတွက်အသက်ကိုပေးသွားခဲ့ရတယ်။ သူ့ဘဝရဲ့အချိန်နေရာမှာအားလုံးဟာ ဘုရားနဲ့သာပြည်ပြည့်နက်နေခဲ့တယ်။ ဘုရားကြိုက်တဲ့အရာတွေကိုပဲနှိမ့်ချစွာနဲ့တိတ်ဆိတ်စွာနဲ့အပြည့်စံနှုန်းပြည့်လုပ်ဆောင်ခဲ့တယ်။ ကုလကာနောက်ကွယ်ကနေတပ်စွမ်းသမျှနဲ့‌ ယေဇူးဘုရားရှင်ရဲ့ကြွလာမယ့်လမ်းကိုတပ်စွမ်းသမျှပြင်ဆင်ပြီးပံ့ပိုးပေးခဲ့တာကိုကယ်တင်ခြင်းသမိုင်းမှာအကောင်းဆုံးဇာတ်ပို့ပို့ဆုနဲ့ထိုက်တန်တဲ့သူဖြစ်တယ်။ ဒါကြောင့်လည်းအသင်းတော်ကလည်း‌ ယေဇူးသခင်နဲ့ မယ်တော်ပွဲပြီးရင် မွေးနေ့ကေ ာသေဆုံးတဲ့နေကိုကောကျင်းပတဲ့သူဟာသူတစ်ဦးတည်းသည်ဖြစ်ခဲ့တယ်။ ခရစ်တော်ရဲ့နောက်လိုက်တွေအတွက်ရှင်ယောဟန်ဗတ္တိဇံရဲ့ဘဝတစ်ခုလုံးဟာအတုယူစရာတွေကြီးပါပဲ တခုခုကိုတော့ကျနော်တို့တတွေလိုက်ကျင့်ကြရအောင်။ ရှင်‌ယောဟန်ကဲ့သို့ မိမိရဲ့ဘဝမှာဘုရားအတွက်အချိန်နေရာမှာရာခိုင်နှုန်းကဘယ်လောက်များများပေးထားပြီလည်း။ မိမိရဲ့ဘဝမှာကိုယ်တော်သည်တိုးတက်ရမည် ငါမူကဆုတ်ယုတ်ရမည်။ ဆိုသကဲ့သို့ဘုရားရှင်ကိုသာလျှင်ရှေ့ထားဖို့ကြိုးစားကြရမှာဖြစ်တယ်။ ဘုရားနဲ့ ပိုမိုနီးစပ်လာပြီး ဘုရားရှင်ရဲ့အလိုရှိတဲ့ ဘဝအသက်တာကိုကျင့်‌ဆောက်တည်နိုင်ဖို့ရန်အတွက်ကြိုးစားကြပါစို့။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *