ရဟန်းမင်းကြီးလီယို (၁၄) လူသားထု၏ငြိမ်းချမ်းရေးအတွက်ပန်ကြား။

အရှေ့အလယ်ပိုင်းမှအရေးပေါ်သတိပေးသတင်းများ ဆက်လက်ရောက်ရှိလာနေသည်။ အထူးသဖြင့် အီရန်မှဖြစ်သည်။ အီစ္စရေးနှင့်ပါလက်စတိုင်းတို့ပါ၀င်သော ဤအနိဌာရုံမြင်ကွင်း၌ ပြည်သူများ အထူး သဖြင့်ဂါဇာနှင့်စစ်ပွဲဖြစ်ပွားနေသည့်နိုင်ငံနှစ်ခု၏နယ်နိမိတ်နှင့်ထိစပ်နေသောဒေသအတွင်းနေထိုင်သည့်ပြည်သူများ အဖြစ်ဆိုးနှင့်နေ့စဉ်ကြုံတွေ့ဖြတ်သန်းနေရသည်။ မေ့လျော့ခံရမည်ကိုလည်းကောင်း လူသားချင်းဆိုင်ရာအခြေခံလိုအပ်ချက်များသည် အရေးတကြီးအမြဲတိုး၍လိုအပ်လာသည်ကို လုံ လောက်စွာမပေးနိုင်မည်ကိုလည်းစိုးရိမ်လာရသည်။

အခြားသောအချိန်များထက် ယနေ့ခေတ်ကာလသည် လူ့အသိုင်းအ၀ိုင်း၏တည်ငြိမ်း အေးချမ်းရေးကို အသနားခံနေကြသည်။ ငြိမ်းချမ်းရေးအတွက်တောင်းဆိုရာ၌ တာ၀န်ခံမှုနှင့်ကျိုးကြောင်းဆင်ခြင်မှုရှိရန်၊ နောက်ဆုံးပေါ်ခေတ်မှီလက်နက်တို့၏ခြိမ်းခြောက်မှုအောက်၌လည်း ကောင်း၊ စကားကြွယ်၀မှု၌ သာ ယာနစ်မြှုပ်သွားပြီး ပဋိပက္ခကိုဖြစ်ပေါ်စေခြင်းတို့၏ဂယက်ထဲ၌နစ်မသွားသင့်ပေ။ ကမ္ဘာ့အဖွဲ့အစည်း တိုင်းအား စစ်၏အနိဌာရုံကိုရပ်တန့်ပစ်ရန်၊ သို့မဟုတ်လျှင်နက်ရှိုင်းလွန်းသောအသုရာချောက်ကဲ့သို့ စစ်သည်အဆုံးသတ်သွားနိုင်မည်မဟုတ်။

လူ့ဂုဏ်သိက္ခာသည် အလျှော်အစားသဘောမျိုးဖြစ်လာလျှင် ပဋိပက္ခသည်လမ်းတစ်ကမ်းပင်မ‌လှမ်း တော့ချေ။ စစ်သည် ပြဿနာကိုမဖြေရှင်းနိုင်။ ပို၍ပင်တိုးလာစေသည်။ နာကြင်ပြင်းထန်သော အနာ တရများကိုသာတိုးလာစေကြောင်း လူ့သမိုင်း၌ပွင့်လင်းစွာမြင်တွေ့ရမည်။ ထိုအနာတရသက်သာ ပျောက်ကင်းရန်မှာ မျိုးဆက်သစ်ပေါင်းများစွာလိုလိုအပ်သည်။ စစ်တပ်၏အောင်နိုင်ခြင်းသည် မိမိတို့၏ ဆုံးရှုံးလိုက်ရသောသားသမီးများအတွက်နာကြင်ခံစားနေရသောမိခင်များ၏ဒဏ်ရာကိုမကုစားပေးနိုင်။ စိတ်ဒဏ်ရာရသွားကြသောကလေးများ၏အနာဂါတ်ကိုပြန်လည်မရ ယူပေးနိုင်ပေ။ သံခင်းတမန် ခင်း၏အကူအညီဖြင့် လက်နက်သံများဆိတ်ငြိမ်ဆိတ်သုန်းသွားပါစေ။ နိုင်ငံတိုင်းကမိမိတို့၏ အနာဂတ်ကိုအကြမ်းဖက်ခြင်း၊ သွေးထွက်သံယိုမှုများဖြင့်မဟုတ်ဘဲ ငြိမ်းချမ်းရေးကို တိုးမြှင့်လုပ် ဆောင်ထွင်းထုပုံဖော်ခွင့်ပြုရန် ရဟန်းမင်းကြီးလီယို (၁၄) က ယနေ့မွန်းတည့်ချိန် ‘အန်ဂျေလူး’ ဆုတောင်းမေတ္တာရွတ်ဆိုပူဇော်သည့်အစီအစဉ်အတွင်း၌မိန့်ကြားခဲ့သည်။

ဘာသာပြန်- Fr. Clement Angelo Ate

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *